ရေစကြိုမြို့နယ်အတွင်း ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးခဲ့တယ်လို့ Southern YSO PDF က ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။

အောက်တိုဘာလ ၁၁ ရက် ညနေ ပိုင်းလောက်မှာ  ပခုက္ကူမြို့ကနေ ပခုက္ကူရေစကြိုလမ်းအတိုင်း ရေစကြိုမြို့နယ်၊ ဇီးကုန်းကျေးရွာဘက် ဝင်ရောက်နေတဲ့စစ်ကြောင်းအတွက် ထောက်ကူပေးဖို့ လိုက်လာတဲ့ ထောက်ပို့စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ယောက်သေဆုံး ပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရမှုကြောင့်ဒဏ်ရာရရှိသွားတဲ့စစ်သား၅ယောက်ကိုပခုက္ကူဆေးရုံဆီသယ်ဆောင်သွားပြီးသေဆုံးသွားသောစစ်သား၃ယောက်ကိုပခုက္ကူမြို့ကသက်ဆိုင်ရာတပ်ရင်းအတွင်းသယ်ဆောင်သွားတယ်လို့သိရပါတယ်။

တိုက်ပွဲဖြစ်ပွားရာနေရာကို နယ်မြေရှင်းလင်းစဉ် MA1 အမျိုးအစား သေနတ် ၁ လက်၊ G3 အမျိုးအစား သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

သြစတြေးလျနိုင်ငံ ဘွန်ဒီကမ်းခြေမှာ အကြမ်းဖက်သမားတွေရဲ့ ပစ်ခတ်မှုကြောင့် လူ ၁၅ ဦး သေဆုံး (ရုပ်/သံ)

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ ဂျူး ဟာနူကာပွဲတော်ကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုအတွင်း လူ ၁၀ ဦးသေဆုံးခဲ့ပါတယ်။
Read More

ဆင်ပေါင်ဝဲမြို့နယ်မှူးအပါအဝင် စစ်အုပ်စုစီးနင်းလာသည့်ယာဉ်ကို ပစ်ခတ်တိုက်ခိုက်၊ စစ်သားနှင့် ရဲ ၃ ဦး သေ (ရုပ်/သံ)

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်-သာဂရလမ်းပိုင်းမှာ ဆင်ပေါင်ဝဲမြို့နယ်မှူးအပါအဝင် စစ်အုပ်စုစီးနင်းလာတဲ့ ယာဉ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားနဲ့ ရဲ ၃ ယောက်သေဆုံးခဲ့တယ်လို့ သရက်ခရိုင်၊ အမှတ်- ၅ တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း ရဲဘော်တွေအတွက် ကျည်ကာဦးထုပ်၊ ကျည်ကာပြားနဲ့ အီကွေ့မန့်တွေ တပ်ဆင်ပေး (ရုပ်/သံ)

တနင်္သာရီတိုင်း ထားဝယ်ခရိုင် အမှတ် (၁) တပ်ရင်း ရဲဘော်တွေအတွက် အမှတ် (၁) တပ်ရင်း ဘဏ္ဍာရေးရှာဖွေရေးကော်မတီ ''ဝိုင်းတွန်းဇို့''က ကျည်ကာဦးထုပ်၊ ကျည်ကာပြားနဲ့ အီကွေ့မန့်တွေ တပ်ဆင်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ကျွန်းစုမြို့နယ်အတွင်း 116 စစ်သင်္ဘောနဲ့ ပျူစောထီးတွေတင်ဆောင်ထားတဲ့ သင်္ဘောကို တိုက်ခိုက်မှု ၂ ယောက် သေပြီး ၅ ယောက် ဒဏ်ရာရ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်အတွင်း 116 စစ်သင်္ဘောနဲ့ ပျူစောထီးတွေတင်ဆောင်ထားတဲ့ သင်္ဘောကို တိုက်ခိုက်ခဲ့ရာ စစ်သားနဲ့ ပျူစောထီး ၂ ယောက်သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

PDF ထိန်းချုပ်နယ်မြေအတွင်း စားနပ်ရိက္ခာလာဝယ်သည့် ပြည်သူကို ရဲဘော်တစ်ယောက်က ဘယ်တော့မှ သေနတ်ပြောင်းလှည့်မှာ မဟုတ်ကြောင်း ရှင်းပြ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း စစ်အုပ်စုရဲ့ ပိတ်ဆို့ထားမှုကြောင့် စားနပ်ရိက္ခာပြတ်လပ်ကာ PDF ထိန်းချုပ်နယ်မြေအတွင်း လာဝယ်တဲ့ ပြည်သူလူထုကို PDF ရဲဘော်က သေနတ်ပြောင်း ဘယ်တော့မှ လှည့်မှာမဟုတ်ဘူးလို့ ရှင်းလင်းတင်ပြနေတဲ့ ရုပ်သံဖိုင်ကို KBL - PDF က ထုတ်ပြန်ခဲ့ပါတယ်။
Read More

တောင်သာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်သားများကို တော်လှန်‌‌ရေး တပ်များ ခုခံတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရုံးစည်းကြီး‌ကျေးရွာဘက်ကနေ သံဘိုရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်သားတွေကို ခုခံတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းက မနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။