တစ်နေ့လျှင် တစ်ကြိမ်သာ ဓာတ်ဆီနှင့်ဒီဇယ်ဆီ ဝယ်ယူခွင့်ပြုမယ့်  စက်သုံးဆီဝယ်ယူခွင့် စမတ်ကတ်စနစ် ဟာပြည်ပကနေ စက်သုံးဆီ ဝယ်ယူတင်သွင်းရမှုကို လျှော့ချဖို့ ရည်ရွယ်ပြီး ဆောင်ရွက်သာဖြစ်ကြောင်း စီးပွားရေးပညာရှင်တွေက ပြောဆိုလိုက်ပါတယ်။

စက်သုံးဆီဝယ်ယူခွင့် စမတ်ကတ်စနစ်ဟာ ရန်ကုန်၊ မန္တလေး ၊ နေပြည်တော် အပါအဝင် မြို့ကြီးများတွင် တစ်နေ့လျှင် တစ်ကြိမ်သာ ဓာတ်ဆီနှင့်ဒီဇယ်ဆီ ဝယ်ယူခွင့် ရရှိမှာဖြစ်ပြီး မကြာခင်မှာ စမ်းသပ်အသုံးပြုတော့မှာ ဖြစ်ပါတယ်။

စစ်ကောင်စီက နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီယီချီ၍ စက်သုံးဆီများ တင်သွင်းနေရတတာကြောင့် အမေရိကန်ဒေါ်လာများကို စျေးကွက်ပေါက်စျေး ဖြင့် နိမ့်သော စျေးနှုန်းဖြင့် ဆီတင်သွင်းသူများကို ရောင်းချခဲ့တာဖြစ်ပါတယ်။

နမှုနာထွက်ရှိလာသည့် စက်သုံးဆီဝယ်ယူခွင့်ကတ်ပြား (ဓာတ်ပုံ – CJ)

ဒါ့ကြောင့် စက်သုံးဆီ တင်သွင်းမှုများကို လျှော့ချနိုင်ရေးအတွက် စက်သုံးဆီများကို ဆီထုတ်စမတ်ကတ် စနစ်ဖြင့် ရောင်းချမည်ဖြစ်ပြီး ဆီများကို အကန့်အသတ်ဖြင့်သာ ရောင်း ချဖို့ အခုလို စမတ်ကတ်စနစ်ကို အကောင်အထည်ဖော်ခြင်းလည်းဖြစ်ပါတယ်။

လက်ရှိတွင် စက်သုံးဆီအရောင်းဆိုင်များ မကြာခဏဆိုသလို ဆီပြတ်လပ်မှုများဖြစ်ပေါ်ပြီး ဆီဆိုင်များတွင် ကားတန်းများ တန်းစီ ဝယ်ယူရခြင်းကလည်း လစဉ်ဖြစ်ပေါ်နေခြင်းဖြစ်ပါတယ်။

စက်သုံးဆီလုပ်ငန်းရှင်တွေဟာ စစ်ကောင်စီက သတ်မှတ်ထားတဲ့ ဒေါ်လာနှုန်းထားနဲ့ ပြည်ပကနေအရှုံးခံဝယ်ယူနေရသလို ဗဟိုဘဏ်က ရောင်းချပေးတယ်ဆိုတဲ့ ဒေါ်လာကလည်း အလွန်နည်းပါးတယ်လို့လည်း စက်သုံးဆီ လုပ်ငန်းရှင်တွေကပြောပါတယ်။

နိုင်ငံခြားအရန်ငွေ နည်းပါးလာတဲ့ စစ်ကောင်စီဟာ ပြည်တွင်းက စီးပွားရေးလုပ်ငန်းတွေမှာ ဒေါ်လာအသုံးပြုမှုနည်းပါးအောင် နည်းအမျိုးမျိုးဖြင့် လုပ်ဆောင်နေပြီး ကျဆင်းနေတဲ့ စီးပွားရေးကို မှားယွင်းတဲ့ စီမံခန့်ခွဲမှုတွေနဲ့ ရေတိုဖြေရှင်းနေတယ်လို့ စီးပွားရေးပညာရှင်တွေက ထောက်ပြဝေဖန်လိုက်ပါတယ်။

နမှုနာထွက်ရှိလာသည့် စက်သုံးဆီဝယ်ယူခွင့်ကတ်ပြား (ဓာတ်ပုံ – CJ)
0 Shares:
You May Also Like
Read More

နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့ခံရသူများ စုစည်းရာ ရွေးကောက်ပွဲကော်မရှင်

အကြမ်းဖက်စစ်တပ်အလိုကျ အတုအယောင် ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကော်မရှင်ထဲက ၉ ယောက်ဟာ ဥရောပသမဂ္ဂနဲ့ ကနေဒါနိုင်ငံတို့ကနေ အရေးယူဒဏ်ခတ် ပိတ်ဆို့ထားသူတွေ ဖြစ်တယ်လို့ Justice For Myanmar (JFM) က ထုတ်ပြန်ပါတယ်။
Read More

နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံး(၂၇)လုံးနှင့် အဆိပ်ငွေ့ဗုံး (၈)လုံး လာရောက်ကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး (၂၇)လုံးနဲ့ အဆိပ်ငွေ့ဗုံး (၈)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

PDF တွေကို ရက် (၅၀) တစ်ကြိမ်နှုန်းနဲ့ ထောက်ပံ့နေပြီး တစ်ကြိမ်ထောက်ပံ့ရင် အမေရိကန်ဒေါ်လာ တစ်သန်းကျော် ရှိတယ်လို့ NUG ပြော

နိုင်ငံတစ်ဝန်းက PDF တွေအတွက် ရက် (၅၀) ကို တစ်ကြိမ် ထောက်ပံ့နေပြီး တစ်ကြိမ်ထောက်ပံ့ရင် အမေရိကန်ဒေါ်လာ တစ်သန်းကျော်ရှိနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။
Read More

စစ်ကောင်စီကို လေယာဉ်ဆီအပါအဝင် လေယာဉ်အစိတ်အပိုင်းနဲ့ နည်းပညာတွေ တင်သွင်းမှု စောင့်ကြည့်နိုင်တဲ့ ယန္တရားထူထောင်ပြီး ထိရောက်တဲ့ အရေးယူမှုတွေလုပ်ဖို့ တောင်းဆိုတိုက်တွန်း

မြန်မာနိုင်ငံကိုတင်သွင်းမယ့် လေယာဉ်ဆီတွေကို စောင့်ကြည့်နိုင်တဲ့ ယန္တရားတစ်ခု ထူထောင်ပြီး ထိရောက်တဲ့ စိစစ်မှုတွေပြုလုပ်ဖို့ သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့က ဒီနေ့ ဇန်နဝါရီ ၁၀ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ရေဦးမှာ စစ်ကောင်စီက စစ်ကြောင်း ၂ ကြောင်း အပြိုင်ထိုးကာ ကျေးရွာတွေကို မီးရှို့နေ၊ ပြည်သူ ၇၀၀၀ နီးပါး ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် မြောက်ဘက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်း ၂ကြောင်း အပြိုင်ထိုးကာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတယ်လို့  ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။ 
Read More

အတုအယောင် ရွေးကောက်ပွဲအပေါ် ဆန့်ကျင်ဝေဖန်သူ ၈၈ ဦး ဖမ်းဆီးထားကြောင်း စစ်ကော်မရှင် ထုတ်ပြော

အာဏာသိမ်းစစ်တပ်က ကျင်းပဖို့ စီစဥ်နေတဲ့ အတုအယောင် ရွေးကောက်ပွဲအပေါ် ဆန့်ကျင်သူ ဝေဖန်မိသူတွေကို ထိထိရောက်ရောက် အရေးယူသွားမယ့်အကြောင်းနဲ့ လက်ရှိမှာ စစ်တပ်ရဲ့ “ရွေးကောက်ပွဲ ကာကွယ်ရေးဥပဒေ” ကို အသုံးချပြီး ဖမ်းဆီးထားသူ ၈၈ယောက် ရှိကြောင်း စစ်ကော်မရှင်က ထုတ်ပြောပါတယ်။