ကရင်ပြည်နယ် တပ်မဟာ ၆ နယ်မြေ မြဝတီမြို့တောင်ဘက်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ဝေါ်လေစခန်းကနေ ကျေးရွာအတွင်း ဈေးဝယ်ထွက်တဲ့ အကြမ်းဖက်စစ်သားတွေ တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၂ ယောက်သေကာ ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူ ၂ ယောက်ဟာ တပ်ကြပ်ကြီး ၁ ယောက်နဲ့ စစ်သား ၁ ယောက်ဖြစ်ပြီး ခမရ ၅၈၅ တပ်ရင်းမှူး၊ အမတ ၃၁၆ ဒုရင်းမှူးနဲ့ အဆိုပါအမြှောက်တပ် ဒုရင်းမှူးရဲ့ တပည့်ဖြစ်သူ စုစုပေါင်း ၃ ယောက် ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်းသိရပါတယ်။

ဈေးဆင်းဝယ်တဲ့အချိန်မှာ ပစ်ခတ်ရှင်းလင်းခဲ့တာ။ ပထမနေ့က အဲဒီဝေါ်လေကုန်းကပဲ ဈေးဆင်းဝယ်တဲ့ အကြမ်းဖက်စစ်သား အပစ်ခံရသေးတယ်။ အခုက အင်အားအများအပြားနဲ့ ဈေးဝယ်ထွက်လာတာ..ကား၂စီးနဲ့။ KNLA ဦးဆောင်တဲ့တော်လှန်ရေးတပ်ဖွဲ့တွေနဲ့တွေ့ပြီး ပစ်ခက်ရှင်းလင်းခံရတာ။ နှစ်ဘက်ထိတွေ့တိုက်ပွဲဖြစ်သလိုဖြစ်ပြီး အကြမ်းဖက်စစ်တပ်က ၂ ယောက်သေ ၃ ယောက် ထိခိုက်ဒဏ်ရာတွေ ရရှိသွားတာလို့ ဝေါ်လေကျေးရွာဒေသခံတစ်ယောက်က မောင်းကိုပြောပါတယ်။

အောက်တိုဘာလ ပထမအပတ်ကစပြီး ကော့ကရိတ်မြို့နယ် ဝေါ်လေစခန်းအနီးနားက ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကရင်ပြည်နယ်အတွင်း အာရှလမ်းပိုင်းကို ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ မြေပြင်ထိုးစစ်မဆင်နိုင်တာကြောင့် လေယာဥ်နဲ့ဗုံးကြဲတာ၊ အဝေးကနေ လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်တာတွေ ပြုလုပ်နေတဲ့အပြင် ဒရုန်းတွေအသုံးပြုကာ ကင်းပတ်တာတွေကိုလည်း မကြာခဏ လုပ်ဆောင်နေကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။

ဝေါ်လေအကြမ်းဖက်စစ်တပ်စခန်းက ကားနဲ့ ဈေးဝယ်ထွက်ပုံ (ဓာတ်ပုံ CJ)
0 Shares:
You May Also Like
Read More

အသံတိတ်သပိတ် ပါဝင်ဆင်နွှဲနေသည့် မန္တလေး (ဓာတ်ပုံသတင်း)

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ မနက် ၁၀ နာရီကနေ ညနေ ၃နာရီအထိ အသံတိတ်သပိတ် ဆင်နွှဲနေကြတဲ့ မန္တလေးမြို့ မြင်ကွင်းတွေ ဖြစ်ပါတယ်။ မြို့ခံတွေ ပေးပို့လာတဲ့ မှတ်တမ်းဓာတ်ပုံတွေကို အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) ကနေ ဖော်ပြထားပါတယ်။ ဓာတ်ပုံ - GSCB
Read More

မိုးကုတ်ဗျူဟာနယ်မြေ၊ ၇ မိုင်ကျေးရွာတိုက်ပွဲမှာ PDF ရဲဘော် ၁၂ ဦး ကျဆုံး

မန္တလေးတိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မိုးကုတ်ဗျူဟာနယ်မြေက ၇ မိုင်ကျေးရွာတိုက်ပွဲမှာ မိုးကုတ်ဗျူဟာက PDF ရဲဘော် ၆ ယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် ထမင်းမစားကျေးရွာ တပ်စခန်း ပြန်လည်ရရှိရေး အကြမ်းဖက်စစ်တပ် ထိုးစစ်ဆင်လာ၊ စစ်အုပ်စုကို ခုခံတိုက်ခိုက်မှု စစ်တပ်က ၁၅ ဦးထက်မနည်း ထိခိုက်သေဆုံး

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ထမင်းမစားကျေးရွာ စစ်တပ်စခန်း ပြန်လည်ရရှိရေး စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ခုခံတိုက်ခိုက်ရာ စစ်ကြောင်း ပြန်လည်ဆုတ်ခွာသွားတယ်လို့ ကရင်အမျိုးသားအစည်အရုံး (KNU) မြိတ်-ထားဝယ်ခရိုင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ချင်းညီနောင်စစ်ဆင်ရေး တစ်နှစ်တာအတွင်း အောင်မြင်မှုတွေနဲ့အတူ တပ်ဖွဲ့ဝင်ရဲဘော် ၁၀၀ ခန့် ကျဆုံးခဲ့

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့ကနေ စတင်ခဲ့တဲ့ ချင်းညီနောင်ရဲ့ မြို့သိမ်းတိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင် ရဲဘော် အယောက် ၁၀၀ ခန့် ကျဆုံးခဲ့ရတယ်လို့ ချင်းညီနောင်အဖွဲ့ စစ်ရေးဥက္ကဋ္ဌ ထန်ချွန်းဖေက ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ ပြောဆိုသွားပါတယ်။
Read More

တော်လှန်ရဲဘော်တွေရဲ့ အသက်ကို ကာကွယ်မယ့် ‘ကျည်ကာတပ်ဆင် ရွှေမန်းဝင်’ ကမ်ပိန်း

စစ်အာဏာရှင်ဖြုတ်ချရေး ဆန့်ကျင်တိုက်ပွဲဝင်နေတဲ့ မြေပြင်ရဲဘော်တွေရဲ့ အသက်ကို ကယ်တင်နိုင်ဖို့အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၁ စစ်​ဒေသ၊ မန္တလေးခရိုင် အမှတ် (၄) တပ်ရင်းက ကမ်ပိန်းတစ်ခု ပြုလုပ်နေပါတယ်။
Read More

ပြင်းအားမြင့် ငလျင်ကြောင့် နိုင်ငံအနှံ့ သေဆုံးသူ ၁ ထောင်ကျော် ရှိလာ

နိုင်ငံတဝန်းမှာ မနေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းအားမြင့် ငလျင်ကြောင့် သေဆုံးသူ ၁ ထောင်ကျော်ရှိလာနေပြီလို့ စစ်ကောင်စီကနေ ဒီနေ့ မတ်လ ၂၉ ရက် နေ့လယ် ၁၂ နာရီမှာ သတင်းထုတ်ပြန်လာပါတယ်။