ဘောလခဲခရိုင်မှာ ဖြစ်ပွါးခဲ့တဲ့ စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲအတွင်း ဘောလခဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တစ်ယောက် ကျဆုံးခဲ့ရတယ်လို့  ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (BPDF) က ဒီနေ့ အောက်တိုဘာ ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။

ကရင်နီပြည်၊ ဘောလခဲခရိုင်အတွင်း စစ်ကောင်စီတပ်စွဲထားတဲ့ စခန်းကုန်းတိုက်ပွဲမှာ ရဲဘော် သက်ပိုင်ဦး ကျဆုံးခဲ့ရတယ်လို့ အသိပေးဖော်ပြလာတာပါ။

ရဲဘော်သက်ပိုင်မှူး၏ ဈာပနအခမ်းအနား (ဓာတ်ပုံ BPDF)
ရဲဘော်သက်ပိုင်မှူး၏ ဈာပနအခမ်းအနား (ဓာတ်ပုံ BPDF)

နိုင်ငံတော်နဲ့ လူမျိုးအတွက် စွမ်းစွမ်းတမံ တိုက်ပွဲဝင်ရင်း အသက်ပေးလှူခဲ့တဲ့ ရဲဘော် သက်ပိုင်ဦးကို အာဇာနည်အဖြစ် အသိအမှတ်ပြုကြောင်း BPDF က ထုတ်ပြန်ပါတယ်။

လတ်တလောမှာ  ကရင်နီပြည်နယ်ကို ရှမ်းပြည်တောင်ပိုင်း ပင်လောင်းနဲ့ ဆီဆိုင်မြို့တွေကနေ စစ်ကောင်စီ စစ်ကြောင်းထိုး ဝင်ရောက်နေပြီး ပင်လောင်းနဲ့ ဖယ်ခုံမြို့ကြားမှာ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေတယ်လို့ ကရင်နီရှေ့တန်း စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

လက်ရှိမှာ ကရင်နီ တော်လှန်ရေးအင်အားစုတွေက ဘောလခဲမြို့ကို ထိန်းချုပ်သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေပြီး စစ်ကောင်စီစခန်း ၄ခုလောက် ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

ရဲဘော်သက်ပိုင်မှူး၏ ဈာပနအခမ်းအနား (ဓာတ်ပုံ BPDF)
ရဲဘော်သက်ပိုင်မှူး၏ ဈာပနအခမ်းအနား (ဓာတ်ပုံ BPDF)
ရဲဘော်သက်ပိုင်မှူး၏ ဈာပနအခမ်းအနား (ဓာတ်ပုံ BPDF)
0 Shares:
You May Also Like
Read More

ဟားခါးမြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲ ၂ ဦးကို လက်နက်ခဲယမ်း၊ အသုံးအဆောင်များနှင့်အတူ ဖမ်းဆီးရမိ

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရဲ ၂ ယောက်ကို လက်နက်ခဲယမ်း၊ အသုံးအဆောင်အချို့နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ Chinland Defense Force - Hakha က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နတ်တလင်းအရှေ့ပိုင်း ဒမငယ်ရဲကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီဘက်က ၃ ဦး သေပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်အရှေ့ပိုင်းမှာရှိတဲ့ ဒမငယ်ရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက မေလ ၂ ရက်၊ ဒီနေ့ မနက်အစောပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
Read More

စစ်သား ၁၈ ဦးထိ သေဆုံးစေခဲ့တဲ့ Mi-17 ရဟတ်ယာဉ်ကို FPV အသေခံ ဒရုန်းဖြင့် ဝင်တိုက်ဖျက်ဆီးခဲ့ခြင်း ဖြစ် 

ကချင်ပြည်နယ် ဗန်းမော်မြို့ကို စစ်ကူလာတဲ့ စစ်ကောင်စီရဲ့ Mi-17 ရဟတ်ယာဉ်ကို အသေခံဒရုန်းနဲ့ ဝင်တိုက်ပြီး ဖျက်ဆီးခဲ့တဲ့ ရုပ်သံဖိုင်တစ်ခု ဒီကနေ့မှာ ထွက်ပေါ်လာပါတယ်။
Read More

ရွာငံမြို့နယ်၊ မင်းပလောင်ကျေးရွာကို စစ်ကောင်စီတပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ မင်းပလောင်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေး တပ်တော် - DSNDA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပဲခူး၊ မင်းလှမှာ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၁၀ နှစ်အရွယ်ကလေးငယ်တစ်ယောက် ထိခိုက်ဒဏ်ရာရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ကံတင်ဘီလင်းဆည်ဘောင်ပေါ်က ကျေးရွာတွေကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

အမ်း နပခ ကို စစ်ကူလာတဲ့ အင်အား ၃၀၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်း ၂ ကြောင်းကို AA ကြားဖြတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်က အလောင်း ၂၂၀ ကျော်နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိ…

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တည်ရှိရာ အမ်းမြို့ကို စစ်ကူလာတဲ့ အင်အား ၃၀၀ ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်း ၂ ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က အလောင်း ၂၂၀ ကျော်နဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်ထားပါတယ်။