ချင်းပြည်နယ်၊ ထန်တလန် မြို့သိမ်းတိုက်ပွဲမှာ အားထားရတဲ့ စစ်ဦးစီးချုပ် ကျဆုံးခဲ့တယ်လို့  ချင်းကာကွယ်ရေးတပ် CDF ထံက သိရပါတယ်။

အောက်တိုဘာလ ၁၂ ရက်နေ့ မနေ့က ချင်းပြည်နယ်က ပြင်းထန်နေတဲ့ ထန်တလန်မြို့သိမ်းတိုက်ပွဲအတွင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) ထန်တလန်ရဲ့ စစ်ဦးစီးချုပ် ဆလိုင်းရမ်ဇဲရ် (Ram Zel) ကျဆုံးခဲ့ရတယ်လို့  CDF စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

ထန်တလန်မြို့ပေါ်က စစ်ကောင်စီ တပ်စွဲထားတဲ့ NLD ရုံးကိုတိုက်ခိုက်ဖို့ ပြင်နေချိန်မှာ စစ်ကောင်စီဘက်က ပစ်ခတ်မှုကြောင့် ကျဆုံးသွားရတာလို့ သိရပါတယ်။

မြို့သိမ်းတိုက်ပွဲမှာ စစ်ဦးစီးချုပ်က ရှေ့တန်းမှာ ဦးဆောင်တိုက်ခိုက်ခဲ့ပြီး CDF တပ်ဖွဲ့အတွက်။ ၏ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုလည်း ဖြစ်ပါတယ်။

ထန်တလန်မြို့သိမ်းတိုက်ပွဲကို ကာလရှည်ကြာဆင်နွဲနေရတာဖြစ်ပြီး လတ်တလောမှာ ထန်တလန်မြို့ထဲက စစ်ကောင်စီအခြေစိုက်ရာ စခန်းနှစ်ခုကို သိမ်းပိုက်ဖို့ သာ ကျန်ရှိပါတော့တယ်။

စစ်ဦးစီးချုပ် ရှေ့တန်းမှာ ကျဆုံးသွားခြင်းနဲ့ပတ်သက်ပြီး CDF ဘက်ကတော့ တရားဝင်ထုတ်ပြန်လာခြင်း မရှိသေးပါဘူး။

ဇွန်လ ၁၀ ရက်နေ့က CDF-Thantlang ၏ အပတ်စဉ် ၃ Refresher & Combat Training သင်တန်းဆင်းပွဲအခမ်းအနားတွင် တွေ့ရသည့် စစ်ဦးစီးချုပ် (ဓာတ်ပုံ CDF)
0 Shares:
You May Also Like
Read More

လူမဆန်စွာ ညှင်းပန်းနှိပ်စက် အသတ်ခံရမှုတွေနဲ့အတူ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စီပါရွာ ဒေသခံတွေကို စားနပ်ရိက္ခာလှူဒါန်း

ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ကာ ဒေသခံတွေကို ကိုယ်လက်အင်္ဂါတွေ ဖြတ်တောက်သတ်ဖြတ်ခဲ့တာကို ပြည်သူတွေ စိတ်မချမ်းမြေ့ဖွယ်ရာ မြင်တွေ့ကြားသိခဲ့ရပါတယ်။
Read More

ဖေဖော်ဝါရီလအတွင်း ဗိုလ်မှူးအပါ စစ်ကောင်စီတပ်သား ၆၄ ဦး ပြည်သူ့ရင်ခွင် ခိုလှုံ

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီ အရာရှိအဆင့် ဗိုလ်မှူး (၁) ယောက်အပါအဝင် တပ်သားနဲ့ရဲ (၆၄) ယောက် ပြည်သူ့ရင်ခွင် ခိုလှုံခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
Read More

မှော်ဘီလေတပ်က စစ်လေယာဥ်အချို့ကို ဧရာဝတီတိုင်းကို ပြောင်းရွှေ့ထားရှိ…

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှာရှိတဲ့ စစ်ကောင်စီ လေတပ်စခန်းက အကြမ်းဖက်စစ်တပ်ရဲ့ တိုက်လေယာဥ်နဲ့ ဗုံးကြဲလေယာဥ်အချို့ကို ဧရာဝတီတိုင်း၊ ပုသိမ်မြို့ကို လုံခြုံရေးအရ ပြောင်းရွှေ့ထားတယ်လို့ တပ်တွင်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ပြည်ပနိုင်ငံတွေနဲ့ အဖွဲ့အစည်းတချို့ရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့် တိုင်းပြည်မငြိမ်သက်ရခြင်း ဖြစ်တယ်လို့ မင်းအောင်လှိုင် စွပ်စွဲ

လက်ရှိ တိုင်းပြည်အနေနဲ့ တည်ငြိမ်အေးချမ်းမှု မရှိခြင်းဟာ ပြည်ပနိုင်ငံတွေနဲ့ အဖွဲ့အစည်းတချို့ရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် ဖြစ်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောကြားလိုက်ပါတယ်။ 
Read More

စဥ့်ကူးနှင့် သပိတ်ကျင်းတွင် MDY-PDF က ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီး

မန္တလေးတိုင်းရှိ စဥ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်မှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နာမည်ကြီး BGF ခေါင်းဆောင် စောချစ်သူနဲ့ ဗိုလ်မှူးအချို့ အပါအဝင် ချစ်လင်းမြိုင်ကုမ္ပဏီကို အီးယူက ဒဏ်ခတ်ပိတ်ဆို့ကြောင်း ကြေညာ

တရားမဝင်လုပ်ငန်းတွေနဲ့ မြ၀တီမှာ နာမည်ကြီးတဲ့ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်က ဗိုလ်မှူးကြီးဖြစ်သူ စောချစ်သူ အပါအဝင် ဗိုလ်မှူးအချို့နဲ့ ချစ်လင်းမြိုင်ကုမ္ပဏီကို ဥရောပသမဂ္ဂ အီးယူက ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ပြီဖြစ်ကြောင်း အီးယူက သတင်းထုတ်ပြန်ပါတယ်။