ပဲခူးတိုင်း အုတ်ဖိုမြို့နယ် ဝိုင်းကျေးရွာရဲစခန်းကနေ ဂမုန်းရေလှောင်တမံသို့ ထွက်လာတဲ့ အင်အား ၁၂ ယောက်ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံစစ်ကြောင်းကို အောက် တိုဘာ ၄ ရက် နံနက်ပိုင်းက စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့ – အုတ်ဖိုထံက သိရပါတယ်။

မိုင်းမိပြီး အကြမ်းဖက်စစ်သား ၁ ယောက်သေဆုံးကာ ၃ ယောက် ထိခိုက်ဒဏ်ရာရရှိသွားပြီး အပြန်အလှန်ပစ်ခတ်တိုက်ပွဲ မိနစ် ၂၀ ခန့်ဖြစ်ပွားခဲ့ကာ စစ်ကူရောက်လာတဲ့ အကြမ်းဖက်စစ် တပ်စစ်ကြောင်းက သေဆုံးဒဏ်ရာရရှိသူတွေကို သယ်ဆောင်ကာ တပ်ပြန်ဆုတ်သွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီ‌နောက် မွန်းလွဲပိုင်းမှာ ဂမုန်းရေလှောင်တံမံကို အရပ်ဝတ် လက်နက်ကိုင်ပြီး ကင်းထောက်လာတဲ့ စစ်ကောင် စီလက်အောက်ခံ ၃ ယောက်ကို ဇီးကင်းပြန့်တောစပ်မှာ တော်လှန်ရေးတပ်တွေက စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၃ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကန့်ဘလူ သင်တောရွာကို စစ်ကောင်စီ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၆ ဦး သေဆုံး (ရုပ်/သံ)

ကန့်ဘလူမြို့နယ်၊ သင်တောရွာက ကုန်စုံဆိုင်ကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ ၆ ယောက် သေဆုံးခဲ့တယ်လို့  Kawlin info ထံက သိရပါတယ်။
Read More

ချောင်းဦး-မြင်းမူ လမ်းမကြီးမှာ စစ်ယာဉ်တန်းနဲ့ စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲ ဗုံးကြဲ၊ ၉ ယောက်သေပြီး ၅ ယောက် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ချောင်းဦး-မြင်းမူကားလမ်းမကြီးပေါ်မှာ အကြမ်းဖက်စစ်တပ်ယာဉ်တန်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်သားတွေကို ဖေဖော်ဝါရီ ၃ ရက်က မိုင်းဆွဲပြီး ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ ၉ ယောက်သေပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လျှပ်စီးတပ်ခွဲ၊ မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း၊ တပ်ခွဲ-၃ ထံက သိရပါတယ်။
Read More

အမြန်လမ်း မိုင်တိုင် ၃၁၈ တွင် ကင်းပုန်းလာဝပ်သည့် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃၁၈ မှာ ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ယောက် ထိခိုက်မှုရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်(၈)တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ၈၀ မမ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ၈၀ မမ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Black Vote Fighter Local PDF အဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပွင့်ဖြူမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား အများအပြား သေ (ရုပ်/သံ)

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ မြိုင်ပဖက က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ပုလဲနယ်အတွင်း အကြမ်းဖက်စစ်အုပ်စုက ဒရုန်းတွေနဲ့ ကင်းထောက်နေတဲ့အတွက် စစ်‌‌ရေးအသိရှိကြဖို့ TIGER PDF အသိ‌ပေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း အကြမ်းဖက်စစ်အုပ်စုက ဒရုန်းတွေနဲ့ ကင်းထောက်တာတွေ လုပ်ဆောင်နေတဲ့အတွက် စစ်ရေးအသိရှိကြဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်က ပုံတောင် TIGER PDF မှ အသိပေးထားပါတယ်။ ပုလဲမြို့နယ် မင်းတိုင်ပင်ရွာမှာ အခြေချထားတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ ကင်းထောက်ဒရုန်းများ၊multirotor ဒရုန်းများနဲ့ ကင်းထောက်တာတွေ လုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။ အရပ်သားပြည်သူတွေနဲ့ တော်လှန်ရေးတပ်တွေကို အချိန်မရွေးပစ်မှတ်ထား တိုက်ခိုက်မှုတွေ လုပ် ဆောင်လာနိုင်တဲ့အတွက် စစ်ရေးအသိထူးရှိကြဖို့ အသိပေးထားပါတယ်။