စစ်ကိုင်းတိုင်း၊ ရေဦးမြို့က အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ဂါဝီ စစ်ဆေးရေးဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ Freedom Revolution Force (FRF) တပ်ဖွဲ့ဆီက သိရပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ဂါဝီ စစ်ဆေးရေးဂိတ်ကို Freedom Revolution Force (FRF) အထူး လှုပ်ရှားတပ်ခွဲ (၁) က ရဲဘော်တွေက အောက်တိုဘာလ ၁၁ ရက် မနေ့က ၄၀ မမ ဗုံးသီးတွေ၊ လက်နက်ငယ်တွေနဲ့ ၀င်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေ ထိခိုက်သေဆုံးမှု ရှိနိုင်ပေမယ့် အတည်မပြုနိုင်သေးဘဲ တော်လှန်ရေး တပ်ဖွဲ့တွေကတော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ဗမာ့တပ်တော် အခြေခံစစ်ပညာသင်တန်း အမှတ်စဉ် (၅/၂၀၂၅) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

ဗမာ့တပ်တော်၊ အမှတ် (၃) စစ်ဦးစီးကွပ်ကဲရေးဒေသ၊ အခြေခံစစ်ညာသင်တန်း၊ အမှတ်စဉ် (၅/၂၀၂၅)၊ သင်တန်းဆင်းပွဲအခမ်းအနားကို ဩဂုတ်လ ၅ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ မနေ့ကညပိုင်းမှာ မှတ်တမ်းဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ထားပါတယ်။
Read More

တကသများ-ရန်ကုန်နဲ့ ကျောင်းသားလက်ရုံးတပ်တော်က ယင်းမာပင်မြို့နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုပေး (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ ရန်ကုန်အခြေစိုက်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ( တကသများ-ရန်ကုန်) နဲ့ ကျောင်းသားလက်ရုံးတပ်တော်က ရွေ့လျားဆေးပေးခန်း ဖွင့်လှစ်ကာ ဒေသခံလူထုကို ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

မြန်မာနိုင်ငံကို ပြန်လာပြီး စစ်မှုထမ်းဖို့ စစ်ကောင်စီရဲ့ ဆင့်ခေါ်မှုအပေါ် ပြည်ပရောက် မြန်မာလုပ်သားတွေ ငြင်းဆို

အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်ပကို ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ ကိုယ့်နိုင်ငံကို ပြန်လာပြီး စစ်မှုထမ်းရေးအတွကိ ညွှန်ကြားစာ ထုတ်ပြန်ခြင်းနဲ့ ကတိကဝတ် စာချုပ်လက်မှတ် ရေးထိုးခိုင်းခြင်းတွေ လုပ်ဆောင်နေပေမယ့် ပြည်ပထွက် အလုပ်လုပ်ကိုင်နေသူတွေကတော့ ပြန်လာမှာ မဟုတ်ဘူးလို့ သိရပါတယ်။
Read More

မုံလှရွာတွင် တပ်စွဲထားသည့် စစ်အုပ်စုနှင့် ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်၊ စစ်အုပ်စုဘက်မှ အများအပြား သေ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မုံလှရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ရေဦးမြို့နယ်ထံက သိရပါတယ်။
Read More

လားရှိုးနဲ့ သိန္နီက စစ်ရှောင်တွေအတွက် ရိက္ခာ နဲ့ အသုံးအဆောင်တွေ ထောက်ပံ့ (ဓာတ်ပုံသတင်း)

လားရှိုးမြို့နယ်နဲ့ သိန္နီမြို့နယ်တို့က စစ်ရှောင်ပြည်သူတွေအတွက် Lashio F.Y.O ပရဟိတအဖွဲ့က စားနပ်ရိက္ခာနဲ့ အသုံးဆောင်ပစ္စည်းတွေ ထောက်ပံ့ပေးခဲ့တယ်လို့ လားရှိုးမြို့ ပြန်လည်ထူထောင်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

NUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင် ရာထူးကနေ နုတ်ထွက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အတွင်းဝန် ဦးနိုင်ထူးအောင်က ရာထူးကနေ နုတ်ထွက်လိုက်တယ်လို့ ဖေဖော်ဝါရီ ၁၀ ရက် မနက်အစောပိုင်းမှာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့် အသိပေးထားပါတယ်။