မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်ကျေးရွာက အကြမ်းဖက်စစ်ကောင်စီရဲ့ အမြောက်တပ် အမတ-၃၁၈ ဟာ သူတို့အနီးဝန်းကျင်မှာရှိတဲ့ ပြည်သူတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်လေ့ရှိတာကြောင့် တော်လှန်ရေးပူးပေါင်းတပ်တွေက ရှော့တိုက်ဒုံး၊ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် – MSRF က သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၈ ရက် မနက်ပိုင်းမှာ အဲ့ဒီ အမတ – ၃၁၈ ကို ရှော့တိုက်ဒုံး၊ SF-Z ဒရုန်း (Drone) တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးသွားပြီး ၃ ယောက် ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
“ဒီတိုက်ပွဲမှာ ကျွန်တော်တို့ ရှော့တိုက်ဒုံး ၁၀ လုံးထက်မနည်းနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ဒရုန်းကတော့ ၃ စီးနဲ့ တိုက်ပွဲဝင်ခဲ့ပါတယ်။ ကျွန်တော်တို့ စုံစမ်းလို့ရတာကတော့ ရှော့တိုက်ဒုံး ၄ လုံး သူတို့ဆီ ကျတယ်။ သူတို့ စခန်းရဲ့ လက်နက်ကြီး နေရာကို ကောင်းကောင်း ပစ်ချနိုင်ခဲ့တယ်။ ဒရုန်းနဲ့ Drop ဗုံးလုပ်တာလည်း location ကို အတိအကျ ထိမှန်ခဲ့ပါတယ်။ ” လို့ MSRF ရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်နံဂါးက မောင်းသတင်းဌာနကို ပြောပါတယ်။
တော်လှန်ရေးတပ်တွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုကို အမတ-၃၁၈ တပ်အတွင်းက စစ်ကောင်စီတပ်သားတွေက ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့တာမရှိခဲ့သလို လတ်တလောမှာတော့ အနီးပတ်ဝန်းကျင်က ပြည်သူနေအိမ်တွေကို ရမ်းသမ်းပစ်ခတ်တာမျိုးလည်း မရှိဘူးလို့ သိရပါတယ်။
တိုက်ခိုက်မှုအတွင်း အမြောက်တပ်အတွင်းက လက်နက်ကြီး အထိုင်စခန်းနေရာတွေ၊ လက်နက်တိုက်နဲ့ အခြားအဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ပြီး တော်လှန်ရေးဘက်တော့ ဒရုန်း ၁ ယောက် ပျက်စီးကာ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
နိုင်နံဂါးကပဲ ဆက်လက်ပြီး “ကျွန်တော်တို့ မွန်မှာ မွန်လူမျိုးတွေကို အခြေခံပြီးတော့ လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးအဖွဲ့ ၄ဖွဲ့ရှိတယ်ပေါ့နော်။ အဲ့မှာမှ MSRF၊ MSDF ပြီးတော့ MNSP-AD ၃ ဖွဲ့ပေါ့နော်…ဒီစစ်ဆင်ရေးက ဒီ ၃ဖွဲ့ လက်တွဲပြီးတော့ ပထမဦးဆုံးအကြိမ် တိုက်ပွဲဖော်ဆောင်တဲ့ ပွဲဖြစ်ပါတယ်။” လို့ ဆိုပါတယ်။
အဲ့ဒီစစ်ဆင်ရေးကိုတော့ မွန်ပြည်တော်လှန်ရေးတပ် – (MSRF)၊ မွန်ပြည်ကာကွယ်ရေးတပ် – (MSDF) ၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး – (NMSP-AD) ၊ Saw Dragon Drone Force – SDDF (ဒရုန်းအထူးတပ်ဖွဲ့) ၊ Ye Air Force – (YAF) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တပ်ရင်း (၁) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်း (တပ်ခွဲ – ၂) ၊ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – KBDF (ဒေါနတပ်ခွဲ – ၄) ၊ ထားဝယ်ခရိုင်အမှတ် (၂) တပ်ရင်း – T5 နဲ့ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး – (DDPDF) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – MSRF
0 Shares:
You May Also Like
Read More

တနင်္သာရီအခြေစိုက် ခမရ (၅၅၇) တပ်ရင်းမှ ဒုတပ်ကြပ်အပါ စစ်ကော်မရှင်တပ်သား ၃ဦး လက်နက်ခဲယမ်းများနှင့် အလင်းဝင်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် အမှတ် (၅၅၇) ခြေမြန်တပ်ရင်းက ဒုတပ်ကြပ်အပါအဝင် စစ်ကော်မရှင်တပ်သား ၃ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ တော်လှန်ရေးဘက် အလင်းဝင်ရောက်လာကြောင်း တနင်္သာရီတိုင်းစစ်ဌာန-ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။
Read More

တောင်ပိုင်းတိုင်းစစ်ဒေသ၊ ဗျူဟာ (31) လုံခြုံရေးတပ်ခွဲဆီ အောင်ဇေယျစစ်ကြောင်းက တပ်သား ၂ ယောက် လက်နက်မဲ့ အလင်းဝင် (ဓာတ်ပုံသတင်း)

ကရင်ပြည်နယ်က အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းကနေ စစ်သား ၂ ယောက် လက်နက်မဲ့ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ ဗျူဟာ (31) လုံခြုံရေးတပ်ခွဲက ထုတ်ပြန်ထားပါတယ်။
Read More

လှိုင်သာယာတွင် နိုင်ငံရေးပုဒ်မတပ် ဖမ်းဆီးခံထားရသူအား ကယ်ထုတ်သွားသူများနှင့် ကာယကံရှင်ကို စစ်ကောင်စီ ဖမ်းမိပြီဟုဆို

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

အလွမ်းကဖီးရဲ့ ဒေါင့်လေးမှာ ဂျေညီညီ မရှိတော့ပါ

၁၉၈၀ ခုနှစ် ရေဒီယိုခေတ်တွေမှာ တချိန်ကနာမည်ကြီးခဲ့တဲ့ တေးသံရှင် ဂျေညီညီဟာ ဒီနေ့ မတ်လ ၃၁ ရက် မနက်အစောပိုင်းမှာ ကွယ်လွန်သွားခဲ့ပြီလို့ သိရပါတယ်။
Read More

အသံတိတ်သပိတ် ပါဝင်ဆင်နွှဲနေသည့် မန္တလေး (ဓာတ်ပုံသတင်း)

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ မနက် ၁၀ နာရီကနေ ညနေ ၃နာရီအထိ အသံတိတ်သပိတ် ဆင်နွှဲနေကြတဲ့ မန္တလေးမြို့ မြင်ကွင်းတွေ ဖြစ်ပါတယ်။ မြို့ခံတွေ ပေးပို့လာတဲ့ မှတ်တမ်းဓာတ်ပုံတွေကို အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) ကနေ ဖော်ပြထားပါတယ်။ ဓာတ်ပုံ - GSCB
Read More

ယင်းမာပင်ခရိုင်တပ်ရင်း (၆)ရဲ့ အပတ်စဥ် (၁) အခြေခံစစ်သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ ၊ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၆) ရဲ့ အပတ်စဥ် (၁) အခြေခံ စစ်သင်တန်းဆင်းပွဲကို မနေ့က ဒီဇင်ဘာ ၂၄ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။