စစ်ကောင်စီထံ လေယာဉ်ဆီတွေ မရောက်ရှိဖို့ အမေရိကန်ပြည်ထောင်စုရဲ့ ဒဏ်ခတ်ပိတ်ဆို့ ဖြတ်တောက်မှုတွေကို ပိုမိုပြီး အားကောင်း အသက်ဝင်ဖို့ လိုအပ်နေသေးကြောင်း The Sentry နှင့် Justice For Myanmar အဖွဲ့တို့က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ပပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC) ကချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းအရ စစ်ကောင်စီထံ လေယာဉ်ဆီရောင်းချရာတွင် ပါဝင်နေတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းမှန်သမျှကို ဒဏ်ခတ်ပိတ်ဆို့ခွင့်ရှိပါတယ်။
ဒါပေမယ့် အဲ့ဒီ့ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ရေးအစီအစဉ်ကို အားကောင်းသက်ဝင်ရေးအတွက် ဆောင်ရွက်မှုကင်းမဲ့နေတာကို တွေ့ရှိရတယ်လို့ The Sentry နှင့် Justice For Myanmar အဖွဲ့တို့က တောင်းဆိုလိုက်တာပါ။
မြန်မာစစ်အုပ်စုထံ လေယာဉ်ဆီရောင်းချမှုမှာ ပါဝင်နေတဲ့သူတွေကို အမေရိကန်အစိုးရက မြန်မာနိုင်ငံဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုချမှတ်ရေးအစီအစဉ်ကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်း OFAC ကတိုးချဲ့ချမှတ်ထားပြီး ဖြစ်ပါတယ်။
ဒါပေမယ့် ထုတ်ပြန်ခဲ့ပြီး တစ်နှစ်ကျော်တဲ့အထိ အဆိုပါဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ရေးအစီအစဉ်မှာ အသက်မဝင် အလုပ်မဖြစ်‌တာကြောင့် အာဏာသိမ်းစစ်ကောင်စီက အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်‌နိုင်ခြင်းပဲ ဖြစ်ပါတယ်။
ဒါ့ကြောင့် အမေရိကန်ပြည်ထောင်စုအနေနဲ့ လေယာဥ်ဆီရောင်းချပေးနေတဲ့ နိုင်ငံတကာထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်တခုလုံးကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချက်ချင်းချမှတ် ဆောင်ရွက်ရဖို့လိုအပ်ကြောင်း အဓိကတောင်းဆိုတိုက်တွန်းလိုက်ခြင်းဖြစ်ပါတယ်။
အထူးသဖြင့် အရေးယူရမယ့် စာရင်းတွင် မြန်မာနိုင်ငံကို လေယာဉ်ဆီပေးပို့မှုများ အကြိမ်ကြိမ်ပြုလုပ်ထားတဲ့ တရုတ်နိုင်ငံအလံလွှင့် ရေနံဆီသင်္ဘော HUITONG78 နဲ့ လေယာဥ်
လောင်စာဆီ ပို့ဆောင်ရာမှာ ဦးတည်လမ်းကြောင်းကို ဖုံးကွယ်အသုံးပြုခဲ့တဲ့ ဗီယက်နမ်နိုင်ငံတောင်ပိုင်း ရေနံသိုလှောင်ဆိပ်ကမ်းကြီးတစ်ခုမှ ဗီယက်နမ်ကုမ္ပဏီ Hai Linh Co. Ltd. တို့ ပါဝင်သည်ဟု ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။
အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ဘက်ကလည်း Justice For Myanmar နဲ့ ပူးပေါင်းကာ စစ်အာဏာသိမ်းမှုနောက်ပိုင်း ကမ္ဘာတစ်ဝန်း လေယာဉ်ဆီ ထောက်ပံ့ရေးကွင်းဆက်က အားပေးကူညီနေတဲ့ လေကြောင်းတိုက်ခိုက်မှုဖြင့် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုများစွာကို မှတ်တမ်းတင်ထားရှိပြီး ဖြစ်ပါတယ်။
ဒါ့ကြောင့် သွေးစွန်းလေယာဉ်ဆီ ထောက်ပံ့ပို့ဆောင်ရေးနဲ့ ဘဏ္ဍာရေးအဝန်းအဝိုင်းတစ်ခုလုံးအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ထိရောက်အသက်ဝင်အောင် အလေးအနက်ထားဆောင်ရွက်ခြင်းဟာ စစ်အုပ်စုရဲ့ စစ်ရာဇဝတ်မှုကျူးလွန်မှုတွေကို ဟန့်တားထိရောက်စွာ တားဆီးနိုင်မှာဖြစ်တယ်လို့ တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
0 Shares:
You May Also Like
Read More

ဝက်လက်မြို့နယ်မှာ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စု လက်နက်ဖြင့် ရမ်းသန်းပစ်ခတ်မှု မိသားစုဝင် ၃ ဦးထဲမှ မသန်စွမ်းအပါ ၂ ဦးသေ ၊ ၁ ဦးဒဏ်ရာရ

" စခတွေက အရှေ့တောင်ခြမ်းတိုက်ရွာ အထက်ရွာ ၊ အောက်ရွာကို ၁၅ ရက်လောက်နေပြီးတော့မှ တမာကန်ဘက်ကို ဖြတ်ထိုးလာတာ၊ တမာကန်ကို အရင်ကတည်းက စစ်ကြောင်း ထိုးဖူးတယ်၊ ဖြတ်သန်းဖြတ်လာထိုးဖူးတာတော့ရှိတယ်၊ မြေးဖြစ်သူ ဇော်ဘုန်းခိုင်ကျတော့ မွေးရာပါမသန်စွမ်းပါ" ပါလို့ Wetlet Informational Network ရဲ့ တာဝန်ခံ ကိုနဂါးလေးက မောင်းသတင်းဌာနကို ပြောပါတယ် ။
Read More

ပျူစောထီးအခြေစိုက် ကင်းမွန်တောရွာကို လေးဘက်လေးလံမှ အဝေးပစ်လက်နက်များဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်မှာ ပျူစောထီးအခြေစိုက်ရွာကို အဝေးပစ်လက်နက်တွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စု ထိခိုက်မှုတွေရှိကြောင်း Monywa Inventor တိုက်ခိုက်ရေးခေါင်းဆောင် ကိုမိုးသောက်က မောင်းကို ပြောပါတယ်။
Read More

ကသာတွင် စစ်သင်္ဘောများ၏ လုံခြုံရေးအတွက် ဗုံးကြဲမှုကြောင့် ‌ဒေသခံ ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရ၊ ဘုရားစေတီများ ပျက်စီး

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပြည်သူ့စစ် ၁ ယောက်ဟာ သေနတ်မပါဘဲ လက်နက်မဲ့ အလင်းဝင်ခဲ့လာတယ်လို့ ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဆီက သိရပါတယ်။
Read More

သီပေါမြို့နယ်ရှိ ဟိုတယ်တစ်ခုကို အကြမ်းဖက်စစ်တပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ထပ်မံလာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ငလျင်လှုပ်ခဲ့ပေမယ့် မြန်မာမှာ နျူကလီးယားဓာတ်အားပေးစက်ရုံ ဆောက်လုပ်ရေးအစီအစဉ်ကို ဆက်လုပ်သွားမည်ဟု ရုရှား ဆို

ငလျင်နဲ့ စစ်ဒဏ်သင့် မြန်မာနိုင်ငံမှာ နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်မယ့်အစီအစဉ်ကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ စီမံကိန်းကို ဦးဆောင်နေတဲ့ ရုရှားအစိုးရပိုင်ကုမ္ပဏီက Reuters ကို ပြောပါတယ်။
Read More

၂၀၂၅ ခုနှစ် ပထမ ၅ လအတွင်း စစ်ကောင်စီတပ် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၅၃ ဦး သေဆုံးခဲ့

မြန်မာနိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ် ပထမ ၅ လတာမှာ အကြမ်းဖက်စစ်ကောင်စီတပ် သေနတ်နဲ့ ပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူ ၅၃ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။