စစ်ရေးမဟာဗျူဟာကျတဲ့ ပင်လည်ဘူးမြို့ကို ၅၄ ရက်ကြာ တိုက်ခိုက်ပြီးတဲ့နောက် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ရုံးချုပ်က တရားဝင်သတင်းထုတ်ပြန်လာပါတယ်။
ပင်လည်ဘူးမြို့ကိုပြည်သူ့ကာကွယ်ရေး(PDF)
ပူးပေါင်းတပ်တွေက သြဂုတ်လ ၁၅ရက်နေ့ကစစတင်တိုက်ခိုက်ခဲ့ပြီး အောက်တိုဘာ ၈ရက်နေ့မှာ အပြီးသတ်ရရှိခဲ့တာဖြစ်ပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီတပ်သား အယောက် ၇၀ယောက်နီးပါး သေဆုံးပြီး ပျောက်ဆုံးနေသူ အယောက်၂၇၅ ယောက်အထိရှိကာ ထိခိုက်ဒဏ်ရာရနေသူ ၂၂၅ ယောက်(၆၀ စိုးရိမ်ရ) ရှိတယ်လို့သိရပါတယ်။
သေဆုံးဒဏ်ရာရသူတွေအပြင် အလင်းဝင်ရောက်လာသူ ၄၈ ယောက်ရှိပြီး စစ်သုံ့ပန်း ၁၀၂ ယောက်ကိုလည်း ဖမ်းဆီးရမိထားတယ်လို့ ဆိုပါတယ်။
အဆိုပါ ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်သားတွေဟာလည်း မူးယစ်ဆေးစွဲနေကြပြီး အဓိက အခြေပြုနေတဲ့ရဲစခန်းအတွင်းကနေပဲ ဘိန်းမဲအထုပ် (၁၈) ထုပ် (ခန့်မှန်း ၁ ပိဿာထုပ်)၊ ဘိန်းဖြူ(ဆပ်ပြာခွက်) (၁၃၅၂) ခုနဲ့ဘိန်းဖြူ (အထုပ်သေး) (၁၂၈၅) ခုတို့ကို သိမ်းဆည်း ရမိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်တွေဆီ​က လက်နက်ကြီး/ငယ်မျိုးစုံ (၄၀၀) ကျော်၊ ခဲ/ယမ်း/မီး/ကျောက် အမြောက်အမြားနဲ့ ဆက်စပ် ပစ္စည်းတွေကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်တွေ သိမ်းဆည်းရမိခဲ့ပါတယ်။
အကြမ်းဖက်စစ်ကောင်စီအနေနဲ့ ပင်လည်ဘူးမြို့မကျဆုံးစေရေးအတွက် ယခင်အခြေချနေတဲ့ အင်အားအပြင် ခလရ (၅၀၊ ၈၇၊ ၃၀၁၊ ၃၀၅) ၊ခမရ (၁၆၊ ၁၀၁၊ ၁၁၁၊ ၃၆၃၊ ၃၆၈၊ ၇၀၄)တပ်ရင်းတွေနဲ့ ရဲ ၊ SNA တပ်မဟာ-၆၁၄ တို့က ပူးပေါင်းအင်အား ၇၇၂ယောက်အထိကို လေကြောင်းကနေMi-17 လေယာဥ်နဲ့ ၂၁ ကြိမ် တပ်ကူပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။
ဒါ့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီက ပင်လည်ဘူးမြို့ပေါ်ကို Y-8/ 12၊ Yak-130/ Mig-29/ FTC-2000G/ K-8W၊ Mi-2/ 17/ 35၊ ကင်းထောက်လေယာဉ်တွေနဲ့ အကြိမ်ရေ (၆၇၀) ကျော်၊ ဗုံးသီး အလုံးရေ (၅၀၀၀) ကျော်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့လည်းသိရပါတယ်။
ပင်လည်ဘူးမြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ၊ ကသုံးလုံးခရိုင် အထူးစစ်ဆင်ရေးမှူး ရဲ့ကွပ်ကဲမှုနဲ့အတူ လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့တွေက (၅၄) ရက်ကြာ ထိုးစစ်ဆင် တိုက်ခိုက် သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
ဒါဟာ တော်လှန်ရေးကာလ ၃ နှစ်တာအတွင်း ပင်လယ်ဘူးမြို့ကို ၅ ကြိမ်မြောက် တိုက်ခိုက်မှုလည်းဖြစ်ပြီး အပြီးသတ်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
ကောလင်း၊ ဝန်းသို၊ ဗန်းမောက်၊ ဖောင်းပြင်မြို့တွေနဲ့ဆက်စပ်နေပြီး ဧရာဝတီမြစ်ဝှမ်း၊ ချင်းတွင်းမြစ်ဝှမ်း ဆက်သွယ်ထားတဲ့ လမ်းကြောင်းပေါ်မှာ မဟာဗျူဟာကျကျရှိနေတဲ့ ပင်လည်ဘူးမြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဟာ စစ်ကောင်စီရဲ့ အရေးပါတဲ့ ခံစစ်လိုင်းတခုကို ချိုးဖျက်နိုင်ခဲ့တာဖြစ်ပြီး PDF တပ်မတော်ရဲ့ တိုက်စွမ်းရည်ကို ပြသနိုင်ခဲ့တာဖြစ်တယ်လို့ NUG ကဆိုပါတယ်။
ဒါ့အပြင်မြေပြန့်ဒေသမှာ ထုအင်အား နဲ့ ဆင်နွှဲတဲ့ မဟာဗျူဟာထိုးစစ်ရဲ့ အရေးကြီးတဲ့ အောင်ပွဲကို ရယူနိုင်ခဲ့တာလို့လည်း ပြောပါတယ်။
စစ်ဆင်ရေးတွေထဲ မဆုတ်မနစ်တဲ့ ဇွဲသတ္တိနဲ့ အသက်၊ ခန္ဓာကိုယ်တွေ ပေးဆပ်စွန့်လွှတ်သွားတဲ့ ပြည်သူ့တော်လှန်ရေး ရဲဘော်တွေကို ဂုဏ်ပြုဦးညွှတ်ပြီး အခုအောင်ပွဲကနေ ရရှိလာတဲ့ အောင်စိတ်တွေကို တော်လှန်ရေးအောင်မြင်တဲ့အထိ ဆက်လက် ကြိုးပမ်းအားထုတ်သွားမယ်လို့လည်း NUG က အသိပေးထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

မှတ်ပုံတင် ၈/ ဖြစ်တာကြောင့် PDF အဖြစ် စွပ်စွဲခံရပြီး စစ်တပ်ထဲ ဆွဲခေါ်ခံခဲ့ရသူ ပြန်လည်လွတ်မြောက် အလင်းဝင်လာ

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

တောင်သာမြို့ပေါ် ဌာနဆိုင်ရာရုံးများကို ပြည်သူ့ကာကွယ်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်၊ စစ်တပ်လက်​အောက်ခံဝန်ထမ်းများ ထွက်ပြေးသွားသည့် မြေစာရင်းရုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့

မန္တလေးတိုင်း၊ မြင်းခြံခရိုင်မှာ ၉/အညာမြေစစ်ဆင်ရေးအဖြစ် တောင်သာမြို့ပေါ်က စစ်ကောင်စီ ဌာနဆိုင်ရာရုံးတွေကို တပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်ရင်း မြေစာရင်းရုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြင်းခြံခရိုင် တပ်ရင်း-၃ သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

MOD ၏ နှုတ်မိန့်လို့ အကြောင်းပြကာ ဆေးတာဝန်ခံ အမျိုးသမီးရဲဘော်ကို လူ့အခွင့်အရေး ချိုးဖောက်မှုအပေါ် Shield အဖွဲ့မှ MOD ထံ တိုင်ကြားစာပေးပို့ 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ထံကို Shield Women Organization အဖွဲ့ကနေ ဆေးတာဝန်ခံရဲမေ ရိုက်နှက်နှိပ်စက်ခံရပြီး လူ့အခွင့်အရေးချိုးဖောက်ခံရမှုအပေါ် ကျူးလွန်သူတွေကို အရေးယူပေးဖို့ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။  
Read More

မော်လိုက်ထောင်မှာ အင်အားသုံးဖြိုခွင်းခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားများ၏ (၃-၁၅) ထောင်တွင်းလှုပ်ရှားမှု အစီရင်ခံစာ ထွက်ပေါ်လာ

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်မှာ ထောင်အာဏာပိုင်တွေရဲ့လက်နက်သုံး​ဖြိုခွင်းမှုကြောင့် ကျဆုံးသွားခဲ့ရတဲ့ နိုင်ငံရေးအကျဥ်းသား၊ အချုပ်သားတွေရဲ့ (၃-၁၅) ထောင်တွင်းလှုပ်ရှားမှု ၃ နှစ်ပြည့် အစီရင်ခံစာတစ်ခုကို ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီ က မတ်လ ၁၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
Read More

နိုင်ငံ၏ အဓိကစီးပွားရေးဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်ရန်အတွက် ကြိုးပမ်းကြရန် မင်းအောင်လှိုင်က သူ၏အကြမ်းဖက်စစ်သည်များအား ညွှန်ကြား

မြန်မာနိုင်ငံရဲ့ အဓိကစီးပွားရေး လုပ်ငန်းဖြစ်တဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း‌တွေ တိုးတက်လာဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားဖို့လိုကြောင်း မင်းအောင်လှိုင်က သူရဲ့အကြမ်းဖက်စစ်သားတွေကို  ပြောဆိုလိုက်ပါတယ်။
Read More

တိုက်ပွဲဖြစ်မှာကြောက်လို့ ကျောင်းမတက်တဲ့ ကလေးတွေကို စစ်ကောင်စီ ဖိအားပေး ကျောင်းတက်ခိုင်းနေ

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ မြောက်စမ်းကျေးရွာအုပ်စုက စစ်ကောင်စီရဲ့ အမှတ် ၃၄၄ အမြောက်တပ် (အမတ ၃၄၄) အနီးမှာရှိတဲ့ ကျောက်ခဲချောင်းကျေးရွာ မူလွန် စာသင်ကျောင်းက ကျောင်းသားကျောင်းသူတွေကို စစ်ကောင်စီက အတင်းအကြပ် ဖိအားပေးကာ ကျောင်းတက်ခိုင်းနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။