တိုက်ပွဲဖြစ်ပွားတဲ့ ဧရိယာတွေအတွင်း ရှာဖွေတွေ့ရှိခဲ့တဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကို တာဝန်သိ ပြည်သူတွေက ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) ဆီ လာရောက်အပ်နှံခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာလအတွင်း နေရာ (၃) နေရာက ပေါက်ကွဲစေတတ်တဲ့ ပစ္စည်း (၂) မျိုးနဲ့ ဆက်သွယ်ရေးပစ္စည်းတွေ ဒေသခံတွေ လာရောက်အပ်နှံခဲ့ပြီး
(၁) မပေါက်ကွဲသေးတဲ့ RPG ဗုံးသီးတစ်လုံး
(၂) ဒရုန်းဗုံးသီးတစ်လုံး (အသုံးပြုလို့ မရ)
(၃) Radio Telecom (RT) စက်တစ်လုံးနဲ့ ဘတ္တရီအပိုတစ်လုံး (အသုံးပြုလို့ရ) တို့ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ လပိုင်းကလည်း စစ်ကောင်စီထုတ် ၆၀ မမ ဗုံးသီးတစ်လုံး (အသုံးပြုလို့ရ) နဲ့ လက်လုပ်ဗုံးသီးတွေ (အသုံးပြုလို့ မရ) တို့ကို လာရောက်အပ်နှံတာတွေလည်း ရှိခဲ့တယ်လို့ YPDF က ဆိုပါတယ်။
ပြည်သူလူထုအနေနဲ့ စစ်ဖက်သုံးပစ္စည်းတွေ၊ လက်နက်ခဲယမ်းတွေ၊ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေနဲ့ မသင်္ကာဖွယ်ရာပစ္စည်းတွေ တွေ့ရှိခဲ့ရင် ကိုင်တွယ်ကြည့်ရှု့တာမလုပ်ဘဲ နီးစပ်ရာ တပ်ရင်းတပ်ဖွဲ့တွေကို ဆောလျင်စွာ အကြောင်းကြားပြီး ရှင်းလင်းဖယ်ရှားပြီးမှသာ သွားလာကြဖို့ YPDF က အသိပေး တိုက်တွန်းထားပါတယ်။
0 Shares:
You May Also Like
Read More

နတ်တလင်း၊ မကျီးပင် စစ်ဆေးရေးဂိတ်မှ စစ်သားများ စခန်းစွန့်ခွာ ထွက်ပြေး

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ တောင်ညိုဆည်၊ မကျီးပင်စစ်ဆေးရေးဂိတ်က စစ်သားတွေဟာ စခန်းကို ထားရစ်ခဲ့ကာ စခန့်စွန့်ခွာ ထွက်ပြေးကုန်တယ်လို့ ဒေသတွင်း တော်လှန်ရေးရဲဘော်တွေထံက သိရပါတယ်။
Read More

ငဖဲမြို့နယ်မှာ ကားလမ်း လုံခြုံရေး လုပ်ဆောင်ရန်လာသည့် စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်၊ စစ်သား ၉ ဦး သေပြီး လက်နက် ၉ လက် သိမ်းဆည်းရရှိ

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ ကားလမ်း လုံခြုံရေး လုပ်ဆောင်ဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၉ ယောက် သေဆုံးပြီး လက်နက် ၉ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် - အရှို (CDF-Asho) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တနင်္သာရီမှာ ကာလရှည်စစ်ပွဲအတွက် ပြည်သူတွေ ကြိုတင်ပြင်ဆင်ဖို့ BLACK Cobra Column ထုတ်ပြန်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်း KNLA တပ်ရင်း (၁၁) နယ်မြေကို အကြမ်းဖက်စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့် ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်မှာ ဖြစ်တဲ့အတွက် စစ်ပွဲကာလ ကြာရှည်နိုင်တယ်လို့ BLACK Cobra Column က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
Read More

တာမွေတွင် အဘိုးအိုတဦး ကြိုးဆွဲချ သတ်သေ

ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်မှာ အဘိုးအိုတယောက် ကြိုးဆွဲချပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ရှမ်းမန်းစစ်ဆင်ရေးမှာ တပ်ရင်းတစ်ခုလုံးနီးပါး ပူးပေါင်းခဲ့တဲ့ ရေဦး PDF အိမ်ပြန်ရောက်ပြီ

ရှမ်းမန်းစစ်ဆင်ရေးအဖြစ် မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ဆင်ရေးတွေမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ရွှေဘိုခရိုင်တပ်ရင်း ၁၄ - ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တွေ မနေ့က ညနေပိုင်းမှာ မိခင်တပ်ရင်းရှိရာ ရေဦးမြို့နယ်ကို ပြန်လည်ရောက်ရှိပြီလို့ သိရပါတယ်။
Read More

တောင်ဒဂုံတွင် မဘသအုပ်ချုပ်ရေးမှူးက စစ်မှုထမ်းအတွက် လူငယ် ၁၀ ဦးကို ဖမ်းဆီးကာ စစ်သင်တန်းကျောင်း ပို့

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာ စစ်အုပ်စုလက်ပါးစေ ၅၄ ရပ်ကွက် အုပ်ချုပ်ရေးမှူး သီဟမျိုးနိုင်နဲ့ အပေါင်းအပါတွေက စစ်မှုထမ်းအတွက် လူငယ် ၁၀ ယောက်ထက်မနည်းကို အိမ်ထဲအထိ ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။