မွန်ပြည်နဘ် မုဒုံမြို့နယ် အဘစ်ကျေးရွာရှိ အကြမ်းဖက်စစ်တပ်ရဲ့ အမတ ၃၁၈ တပ်စခန်းကို အောက်တိုဘာ ၈ ရက် နံနက် ၅ နာရီခန့်ကနေ ၁၀ နာရီခွဲအချိန်အထိ SF-Z ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက် ခိုက်ပြီး ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF)ထံက သိရပါတယတိုက်ခိုက်ခံရတဲ့ အမတ ၃၁၈ အတွင်းရှိ လက်နက်ကြီး အထိုင်စခန်းနေရာ ထိခိုက်ပျက်စီးခဲ့ပြီး လက်နက်တိုက်နဲ့ အဆောက်အအုံတွေလည်း ပျက်စီးမှုရှိခဲ့ကာ စစ်ကောင်စီတပ်သား ၁ ယောက်သေပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ဆင်ရေးကို မွန်ပြည်တော်လှန်ရေးတပ် – (MSRF)၊ မွန်ပြည်ကာကွယ်ရေးတပ် – (MSDF) ၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး – (NMSP-AD) ၊ Saw Dragon Drone Force – SDDF (ဒရုန်းအထူးတပ်ဖွဲ့) ၊ Ye Air Force – (YAF) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တပ်ရင်း (၁) ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်း (တပ်ခွဲ – ၂) ၊ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – KBDF (ဒေါနတပ်ခွဲ – ၄) ၊ ထားဝယ်ခရိုင်အမှတ် (၂) တပ်ရင်း – T5 နဲ့ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး – (DDPDF) တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ငလျင်ဒဏ်သင့်ဒေသများကို လေကြောင်းတိုက်ခိုက်နေသည့် အကြမ်းဖက်စစ်ကောင်စီဆန့်ကျင်ရေး ရန်ကုန်မှာ ဆန္ဒပြလှုပ်ရှားမှုပြုလုပ် (ရုပ်/သံ)

ငလျင်ဒဏ်သင့်ဒေသတွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီ အပေါ် ဆန့်ကျင်ရေးလှုပ်ရှားမှုအနေနဲ့ ရန်ကုန်မြို့မှာ ဆန္ဒပြသပိတ်လှုပ်ရှားမှုကို မတ်လ ၁၀ ရက် မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

သာယာဝတီမြို့နယ်အတွင်း ခမရ ၃၅ တပ်ရင်းမှာ အထိုင်ချထားသည့် မဒေ့ါဂိတ်စခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်ရှင်းလင်း (ရုပ်/သံ)

ပဲခူးတိုင်း သာယာဝတီမြို့နယ်အတွင်း အထိုင်ချထားတဲ့ ခမရ ၃၅ တပ်ရင်းရဲ့ မဒေါ့ဂိတ်စခန်းကို တိုက်ခိုက်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရေဖြူမြို့နယ်မှာ စစ်တပ်စခန်းတွေကို ဗုံးကြဲတိုက်ခိုက်မှု အရာရှိအပါ ၁၁ ယောက်သေ (ရုပ်/သံ)

တနင်္သာရီတိုင်း ရေဖြူမြို့နယ် ထားဝယ်ရေနက်ဆိပ်ကမ်းဧရိယာအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်စခန်း၊ ရပ်တော်မူဘုရားအနီးက အကြမ်းဖက်စစ်တပ်စခန်းနဲ့ စကခ ၈ လက်အောက်ခံ ခမရ ၄၀၇ တပ်ရင်းတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Tavoy People Liberation Force  အဖွဲ့ထံက သိရပါတယ်။
Read More

ဆက်ကြေးတောင်းနေသည့် ရေဦးဂိတ်ကို လက်ပစ်ဗုံး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မုံရွာတောင် ရေဦးဂိတ်မှာ ဆက်ကြေးတောင်းနေတဲ့ စစ်ကောင်စီတပ်သားတွေကို လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ The Phoenix Army -TPA က ထုတ်ပြန်ထားပါတယ်။
Read More

ငွေတွင်းစခန်းမှ ရိက္ခာသယ်ရန် ထွက်လာသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ၁ ဦးသေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းစခန်းရှိ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး ပူးပေါင်းစစ် ကြောင်းကို တော်လှန်ရေးတပ်တွေက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ၁ ယောက်သေပြီး ၅ ‌ယောက် ဒဏ်ရာရရှိသွားတယ်လို့ Ngwe Dwin Revolution Force အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။