ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ အမှတ် ၂ ရပ်ကွက်၊ ရွာသစ်ကနေ ပျောက်ဆုံးနေတဲ့ ဒေသခံ ၂ ယောက်ကို ၄ ရက်အကြာမှာ ပြန်တွေရှိခဲ့ပြီး ၂ ယောက်စလုံးမှာ ဦးခေါင်းဖြတ်ပြီး အသတ်ခံထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဦးခေါင်းဖြတ်ပြီး အသတ်ခံထားရသူတွေမှာ အောက်တိုဘာလ ၇ ရက် မနက်ပိုင်းက အိမ်ဆောက်ဖို့ ဝါးခုတ်ထွက်ရာက ပျောက်ဆုံးနေတာဖြစ်ပြီး အောက်တိုဘာလ ၁၁ ရက်မှာ ယင်းဂုံးနားရွာက အိမ်ခြံဝင်းတခုမှာ ခေါင်းဖြတ်အသတ်ခံရကာ မြေမြုပ်ထားတာကို ပြန်လည်တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ဦးစံရွှေမောင် ၆၇ နှစ် နဲ့ ဦးမောင်မြအောင် ၆၅နှစ် တို့မှာ အိမ်ဆောက်ဖို့ ဝါးထွက်ခုတ်ရာမှ ပျောက်ဆုံးနေတာပါ။ ၄ ရက်အကြာမှာပဲ ယင်းဂုံးနားရွာက ဖားရုပ် ဆိုသူရဲ့ နေအိမ်ခြံဝန်းထဲမှာ ခေါင်းဖြတ်အသတ်ခံရပြီး မြေမြုပ်ထားတာတွေ့ခဲရတယ်” လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
အဲ့ဒီအလောင်း ၂ လောင်းကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ DLEPS အရက္ခပြည်သူ့လုံခြုံရေး တပ်ဖွဲ့ဝင်တွေ၊ အုပ်ချုပ်ရေးဘက်ဆိုင်ရာ ဝန်ထမ်းတွေနဲ့ မှုးခင်းဆိုင်ရာဆေးဘက်ဝန်ထမ်းတွေက သွားရောက်တူးဖော် စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကို သွားရောက်ခေါ်ယူကာ မြေမြုပ်သ​ဂြိုလ်ပေးခဲ့တယ်လို့ အဲ့ဒီဒေသခံက ဆက်ပြောပါတယ်။
ဒေသခံ ၂ ယောက်ကို သတ်ဖြတ်ခဲ့တဲ့ လက်နက်ကိုင်တပ် အာဆာ (Arsa) အဖွဲ့ကို ရခိုင့်တပ်တော် AA က လိုက်လံ ရှာဖွေ ဖမ်းဆီးအရေးယူဖို့ လုပ်ဆောင်နေတယ်လို့ AA ကထုတ်ပြန်ထားပါတယ်။
0 Shares:
You May Also Like
Read More

ကျုံဒိုးမှာ တိုက်ပွဲမဖြစ်ပွားဘဲ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် ၂ လုံး ပျက်စီး

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ် ၂ လုံး ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ရွှေဘိုမှာ ရိက္ခာထုတ်ပြန်လာတဲ့ စစ်အုပ်စုကားတန်းကို ပကဖ တပ်တွေ ကြားဖြတ်တိုက်ခိုက်၊ ကား ၁ စီး မီးရှို့ဖျက်ဆီးပြီး စားဆီပုံးတွေ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ​ရိက္ခာထုတ်ပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကားတန်းကို စောင့်ကြိုတိုက်ခိုက်ရာ စစ်သားနဲ့ ပျူစောထီး အများအပြား ထိခိုက်သေဆုံးကာ လာလမ်းအတိုင်း ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။
Read More

မြိုင်မြိို့နယ်လင်းကတောနယ်မြေရဲစခန်း စခန်းသိမ်းတိုက်ပွဲဆင်နွှဲချိန် အသက်ပေးလှူခဲ့ရတဲ့ ရဲဘော်တွေရဲ့ တစ်နှစ်ပြည့် အမှတ်ရဖွယ် အခမ်းအနား… (ဓာတ်ပုံသတင်း)

ပြည့်သူကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ် (ပ.က.ဖ) မှာ တာဝန်ထမ်းဆောင်ခဲ့ကာ မြိုင်မြိို့နယ်လင်းကတောနယ်မြေရဲစခန်း စခန်းသိမ်းတိုက်ပွဲဆင်နွှဲချိန် အသက်ပေးလှူခဲ့ရတဲ့ ရဲဘော်တွေရဲ့ တစ်နှစ်ပြည့် အမှတ်ရဖွယ် အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ ရေစကြိုမြို့နယ် (ပ.က.ဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းမှာ ပညာရေးဘွဲ့ (အဝေးသင်) တက်တဲ့ စစ်အုပ်စုလက်အောက်နေ ပညာရေးဝန်ထမ်း အရေအတွက် အရင်နှစ်တွေထက် ၃ ဆကျော် ပိုများလာ

အာဏာသိမ်းကာလ ၃နှစ်ကျော်အတွင်း စစ်ကိုင်းပညာရေးတက္ကသိုလ်မှာ ပညာရေးဘွဲ့ (B.Ed) စာပေးစာယူ(အဝေးသင်)သင်တန်း တက်ရောက်ကြတဲ့ Non CDM ဆရာ၊ ဆရာမ အရေအတွက်ဟာ အခုနှစ်ထဲ အများဆုံးဖြစ်တယ်လို့ CDM ပညာရေးဝန်ထမ်းတွေဆီက သိရပါတယ်။
Read More

Yaw Revolution Army – ထီးလင်း တပ်ဖွဲ့က ရှေ့တန်းရောက်ရဲဘော်အချို့ရဲ့ မိသားစုဝင်တွေကို ဆီနဲ့ ဆန်တွေ ကူညီထောက်ပံ့ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဂန့်ဂေါခရိုင်တပ်ရင်း ၁၅ ၊ ၁၆ နဲ့ ၁၇ တို့ ပူးပေါင်းထားတဲ့ Yaw Revolution Army - YRA ထီးလင်း တပ်ဖွဲ့က ရှေ့တန်းရောက်ရဲဘော်တချို့ရဲ့ မိသားစုဝင်တွေကို ဆီနဲ့ ဆန်တွေ ကူညီထောက်ပံ့ပေးအပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

နွားထိုးကြီးတွင် စစ်ရှောင်ဘုန်းကြီးကျောင်းကို စစ်အုပ်စု ဒရုန်းဖြင့်တိုက်ခိုက်၊ ၆ ဦး သေပြီး ၇ ဦးထက်မနည်း ဒဏ်ရာရ

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ရှိ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ ဘုန်းကြီးကျောင်းကို အကြမ်းဘက် စစ်အုပ်စုက ဒရုန်းနဲ့ လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ နယ်ခံတွေဆီက သိရပါတယ်။