မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် ကန်နားရဲစခန်းရှိ အကြမ်းဖက်စစ်သားနဲ့ ရဲ အင်အား ၃၀ ခန့်ကို အောက်တိုဘာ ၁၁ ရက် မနေ့နေ့လယ်ပိုင်းက‌ တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ Natogyi People Defence Force အဖွဲ့ထံက သိရပါတယ်။

တိုက်ပွဲ ၂ နာရီကြာဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သားနဲ့ ရဲတွေရဲ့ ထိခိုက်မှုကို နယ်မြေအခြေအနေအရ အတိအကျမသိသေးဘဲ စုံစမ်းလျက်ရှိတယ်လို့ သိရပါတယ်။ တိုက်ပွဲနေရာကို
အကြမ်းဖက်စစ်တပ်က Mi 35 ရဟတ်ယာဉ်တွေအပြင် ဂျက်ဖိုက်တာနဲ့ပါ လာရောက်ပစ်ခတ်ခဲ့ ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်အရှိ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင်အမှတ်(၄-၁၀)တပ်ရင်းမှ ရဲဘော်တွေ လုပ်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ပွဲအချိန်မရွေးဖြစ်ပွားနိုင်တဲ့ ပြင်စီ-တံတားဦးလမ်း ပိုင်းအား မိဘပြည်သူများအနေနဲ့ အသုံးပြုခြင်းမပြုလုပ်ရန် Natogyi People Defence Force မြင်းခြံခရိုင်အမှတ်(၄-၁၀)တပ်ရင်းမှ သတိပေးထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ရေစကြိုမြို့မှလာသည့် စစ်တပ်သံပြားကာယာဉ် ၁ စီးကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၁ ယောက်သေ၊ ၆ ယောက်ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့ကလာတဲ့ အကြမ်းဖက်စစ်တပ် သံပြားကာယာဉ် ၁ စီးကို မတ်လ ၃ ရက် ည ၁၂ နာရီဝန်းကျင်ခန့်မှာ တိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုမြို့နယ် ပကဖ ထံက သိရပါတယ်။
Read More

ကလေးမြို့ရှိ အကြမ်းဖက်စစ်တပ်အထိုင်ဂိတ်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ပြီး အသေခံဒရုန်းနဲ့ ဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကလေးမြို့နယ် ဇင်းဂလင်းကျေးရွာနဲ့ ထိုမာကျေးရွာရှိ အကြမ်းဖက်စစ်တပ်အထိုင် ဂိတ်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ပြီး အသေခံဒရုန်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

ဗောဓိတစ်ထောင်လမ်းပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ထွက်လာသည့် စစ်ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ထွက်လာတဲ့ စစ်ကောင်စီတပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area71 Local People Defense Force Monywa က သတင်းထုတ်ပြန်ထားပါတယ်။
Read More

မန္တလေးမြို့ Paragon Hotel မှာ ၃ ရက်ကြာ ပိတ်မိနေတဲ့ ၁၉ နှစ်အရွယ် အမျိုးသမီးငယ် ၁ ယောက်ကို ကယ်ထုတ်နိုင်ခဲ့ (ရုပ်/သံ)

အင်အားပြင်းငလျင်လှုပ်ခတ်မှုကျကြောင့် ပြိုကျခဲ့တဲ့ မန္တလေးမြို့ Paragon Hotel အတွင်း ၃ ရက် ကြာ ပိတ်မိနေတဲ့ အသက် (၁၉)အရွယ် အမျိုးသမီးငယ် ၁ ယောက်ကို မတ်လ ၃၀ ရက် မနေ့က ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဖားဆောင်းမြို့ရှိ စစ်ကောင်စီရဲ့ လက်ကျန်စခန်း ခလရ ၁၃၅ ကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ မှတ်တမ်းရုပ်သံ KPLA ထုတ်ပြန်

ကရင်နီပြည်နယ် ဖားဆောင်းမြို့ရှိ စစ်ကောင်စီရဲ့ လက်ကျန်စခန်း ခလရ ၁၃၅ ကို ထိုးစစ်ဆင်တိုက် ခိုက်နေတဲ့ မှတ်တမ်းရုပ်သံကို Karenni People's Liberation Army မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

မိုးကုတ်မြို့ ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါ အရပ်သား ၁၀ ဦးထက်မနည်း သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ မိုးကုတ်မြို့ရှိ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ကလေးငယ်တွေအပါအဝင် အရပ်သား ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။