စစ်တပ်အတွင်း အခြေအနေအမျိုးမျိုးကြောင့် CDM လုပ်ဖို့ ခက်ခဲနေသူတွေကိုလည်း PreCDM (ဖရဲသီး)များ အဖြစ် ကြိုတင်စာရင်းပေးထားနိုင်သလို အသက်အန္တရာယ် စိုးရိမ်ရသူများကိုလည်း ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးမှုများလည်း ပြုလုပ်ပေးနေကြောင်း ပြည်သူ့ရင်ခွင်အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ပြည်သူဘက်မျက်နှာမူပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် အပြီးတိုင် CDM မလုပ်ဆောင်နိုင်သေးတဲ့ အမာခံဖရဲသီးတွေရဲ့ လုံခြုံရေးလိုအပ်လာချိန်တွင်လည်း ပူးပေါင်းဆောင်ရွက်ပေးသွားမယ်လို့လည်းဆိုပါတယ်။
“ထုတ်ပြန်ရတဲ့ ရည်ရွယ်ချက်က အဓိကက ကျွန်တော်တို့ ကိုင်တွယ်ရတဲ့ ဖရဲသီးတွေ အများကြီးရှိပါတယ်။ သူတို့အချင်းချင်းကိုတောင် ဘယ်သူ၊ ဘယ်နှယောက်ရှိတာလဲဆိုတာ ပေးမသိဘူး။ ဆိုတော့ အဓိကက ဘာမှ စိတ်မပူနဲ့ မင်းတို့နောက်မှာ ငါတို့ရှိတယ်ဆိုပြီး တခုခုဆိုရင် ငါတို့က အကောင်းဆုံးကယ်ပေးမှာ ဆိုပြီး moti ပေးချင်တယ်။ ပြီးတော့ ဝန်ကြီးဌာန အားလုံးကပေါ့နော် ဘယ် level ဖြစ်ဖြစ်၊ ညွှန်မှူးဖြစ်ဖြစ်၊ စစ်တပ်က ဖြစ်ဖြစ်ပေါ့နော် အကုန်လုံးပေါ့နော် pre CDM လုပ်လို့ရတယ်ဆိုတာကို သိစေချင်တာပါ။” လို့ ဖရဲသီးနဲ့ ပြည်သူ့ရင်ခွင် ကိစ္စတွေကို ပူးတွဲ ကိုင်တွယ်နေတဲ့ တာဝန်ရှိသူတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
လုံခြုံရေးအရ အရေးပေါ်ရွှေ့ပြောင်းဖို့ လိုအပ်လာတဲ့ Pre CDM သုံးဦးကိုလည်း ပြီးခဲ့တဲ့ရက်ပိုင်းက ကူညီရွှေ့ပြောင်းပေးမှုတွေ ပြုလုပ်ပေးခဲ့ပြီး ဖြစ်ကြောင်း ထုတ်ပြန်ပါတယ်။
Pre CDM(အမာခံ ဖရဲသီး) ပြုလုပ်ထားသူတွေဟာ စစ်ကောင်စီရဲ့ နယ်မြေထဲမှာ ရှိနေတာကြောင့် လုံခြုံရေးအတွက် အမြဲစိုးရိမ်ရပြီး အန္တရာယ်များသူတွေဖြစ်တာကြောင့် လေးစားဂုဏ်ယူတယ်လို့လည်း ပြည်သူ့ရင်ခွင်အဖွဲ့ကဆိုပါတယ်။
“ ခေါ်ထုတ်တာက ၂မျိုးရှိတာပေါ့နော် တပ်ရင်း၊ တပ်ဖွဲ့ထဲကို ခေါ်ထုတ်လိုက်တာရှိတယ်။ ပြီးရင်း တခြားနိုင်ငံတခုခုကို ခေါ်ထုတ်လိုက်တာရှိတယ်… ဥပမာ ထိုင်းပေါ့နော်။ ကလေးတွေ၊ မိသားစုတွေ ပါလာရင်လည်း ကျောင်းတွေထားဖို့၊ စားဝတ်နေရေးပြေလည်စေဖို့ လစဉ်ထောက်ပံ့တာတွေရှိမယ်။ ပြီးတော့ ဆုငွေ ချီးမြင့်တာတွေရှိမယ်။ နေစရမရှိရင်လည်း safe house မှာ ထားပေးပါတယ်။ တပ်ရင်းတပ်ဖွဲ့မှာ နေတဲ့ သူတွေကတော့ ရှင်းပါတယ်။ တပ်ဖွဲ့နဲ့ တူတူနေ၊ တူတူစား။ တချို့ကျတော့လည်းတပ်ရင်း၊ တပ်ဖွဲ့ တွေမှာ သူတို့တက်မြောက်လာတဲ့ ပညာတွေကို ကဏ္ဍအသီးသီးမှာ ပါဝင်နေတာတွေရှိပါတယ်။”လို့ ဖရဲသီးနဲ့ ပြည်သူ့ရင်ခွင် ကိစ္စတွေကို ပူးတွဲ ကိုင်တွယ်နေတဲ့ တာဝန်ရှိသူတစ်ယောက်က စောင့်ရှောက်ထားနိုင်မှု အခြေအနေကို ရှင်းပြပါတယ်။
ဒါ့အပြင် လူမှုရေး၊စီးပွားရေး အခြေအနေအရပ်ရပ်ကြောင့် စစ်ကောင်စီအောက်ကနေ ထွက်ခွာဖို့ခက်ခဲနေတဲ့ အခြားသော နိုင်ငံ့ဝန်ထမ်းတွေရဲ့ အခြေအနေအရပ်ရပ်ကိုလည်း တော်လှန်ရေးအင်အားစုများဘက်က နားလည်သဘောပေါက်လက်ခံပေးတယ်လို့လည်း ဖော်ပြပါတယ်။
ဒါပေမယ့် ကျရာကဏ္ဍကနေ တော်လှန်ရေးအတွက် အားကောင်းစေမယ့် အထောက်အပံ့တွေ လုပ်ဆောင်သွားဖို့လည်း မျှော်လင့်ကြောင်း ပြည်သူ့ရင်ခွင်ကဆိုပါတယ်။
0 Shares:
You May Also Like
Read More

မိုးဗြဲမြို့မှာ ၄ ရက်ဆက် တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီတပ်က လေကြောင်းပါ အသုံးပြုတိုက်ခိုက်နေ

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ ဇန်နဝါရီ ၁၉ ရက်ကစလို့ ဒီနေ့အထိ ၄ ရက်ဆက် တိုက်ပွဲပြင်းထန်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာအမှတ်-၂ က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ပွင့်ဖြူနဲ့ စလင်းမှာ စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲ အားပေးအားမြှောက်လုပ်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားဖို့ရှိနေ

ပွင့်ဖြူမြို့နယ်အပြင် မင်းဘူးခရိုင်ထဲက စလင်းမြို့နယ်မှာလည်း အရပ်သားတွေကို သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့အတုအယောက်ရွေးကောက်ပွဲအတွက် အားပေးအားမြှောက်မပြုလုပ်ကြဖို့နဲ့ သန်းခေါင်စာရင်းကောက်ခံမယ့် ထောက်တိုင်တွေကိုလည်း ထိထိရောက်ရောက်အရေးယူသွားမယ်လို့ မင်းဘူးခရိုင်အမှတ် ၁၊ ၅ တပ်ရင်းတွေနဲ့ ပကဖ၊ ပအဖအဖွဲ့တွေက သတိပေးထုတ်ပြန်ထားပါတယ်။
Read More

ဖားကန့်နဲ့ ၆ မိုင်အကွာ ဆိုင်းတောင်ရွာကို KIA က အပြီးသတ် သိမ်းပိုက်ထိန်းချုပ်

တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ဖားကန့်၊ ဆိုင်းတောင်ရွာက ဟိုတယ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ကြောင်းကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်လိုက်ပြီ ဖြစ်ကြောင်း ကချင်စစ်ရေး သတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။
Read More

လေးကေ့ကော် စွယ်တော်ကုန်းကို KNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်

ကရင်ပြည်နယ်၊ မြဝတီမြို့၊ လေးကေ့ကော်မြို့နယ်အနီးက စွယ်တောက်ကုန်း လက်နက်ကြီးဗျူဟာစစ်စခန်းကို KNLA ဦးဆောင်ပြီး၊ ကော်ဘရာစစ်ကြောင်းနဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

NUG ထိန်းချုပ်ထားတဲ့ ခမ်းပတ်မြို့ကို စစ်ကောင်စီကဗုံးကြဲတိုက်ခိုက်

NUG ထိန်းချုပ်ထားတဲ့ စစ်ကိုင်းတိုင်းက ခမ်းပတ်မြို့နဲ့ ကနန်ကျေးရွာကို စစ်ကောင်စီကဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူနှစ်ဦးသေဆုံးခဲ့ရကြောင်း ဒေသခံတွေထံက သိရပါတယ်။
Read More

ဒေါနစစ်ကြောင်း (၂)၊ ရေးပြောက်ကျားတပ် (YGF) မှ ရှေ့တန်းစစ်မြေပြင်များတွင် တာဝန်ထမ်းဆောင်နေသည့် ရဲဘော်များ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ ဒေါနစစ်ကြောင်း (၂) ၊ ရေးပြောက်ကျားတပ် (YGF) အနေနဲ့ စိုးမိုးနယ်မြေတွေနဲ့ ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေရဲ့ မှတ်တမ်းပုံရိပ်တွေကို ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။‎