ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့ (ဋ)ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးမှာ သန်ခေါင်စာရင်းကောက်ဖို့အစည်းဝေးပြုလုပ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံအဖွဲ့ကို YUPA မြို့ပြ ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့နဲ့ မြောက်ဥက္ကလာပ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လက်ပစ်ဗုံး ၂ လုံးပစ်ခတ်ပြီး သတိပေးခဲ့တယ်လို့ မြို့ပြ တော်လှန်ရေးတပ်ဖွဲ့တွေ ဆီက သိရပါတယ်။
အဲ့ဒီသတိပေး ပစ်ခတ်မှုကို အောက်တိုဘာလ ၁၁ ရက် ညပိုင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး မြို့ပြပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ လွတ်မြောက်ရာနေရာကို ပြန်လည်ရောက်ရှိခဲ့ပြီလို့ သိရပါတယ်။
“အခက်အခဲတွေကြားကပဲ မစ်ရှင်ကို ဆောင်ရွက်နိုင်ခဲ့ပါတယ်၊ ထိခိုက်မှုတွေတော့ ရှိပါတယ်၊ ရုံးထဲကို ပစ်သွင်းနိုင်ခဲ့ပြီး ပေါက်ကွဲအားလည်း ကောင်းခဲ့တယ်” လို့ မက်ရှင်ဆောင်ရွက်ခဲ့တဲ့ Yangon UG People Army (YUPA) မြို့ပြတော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
အဲ့ဒီစစ်ဆင်ရေးကို မြောက်ဥက္ကလာပ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖ နဲ့ YUPA မြို့ပြပြောက်ကျားအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ထောက်ပို့ အခက်အခဲရှိနေပေမယ့် မဟာမိတ်ဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်ခဲ့ပြီး အခက်အခဲပေါင်းစုံကြားကနေ ပြည်သူကို ဖိနှိပ်မှုတွေအတွက် စစ်ဆင်ရေးတွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ မြို့ပြပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
ပုံစာ – တော်လှန်ရေးတပ်ဖွဲ့ YUPA ရဲ့ လက်ပစ်ဗုံးနဲ့ မြောက်ဥက္ကလာပ (ဠ)အုပ်ချုပ်ရေးမှုးရုံး (ပုံဟောင်း)
0 Shares:
You May Also Like
Read More

တောင်ကလေး ဂေါက်ကွင်းမှာ လုပ်ပိုင်ခွင့်အငြင်းပွါးရင်း လက်သီးနဲ့ ထိုးခံခဲ့ရတဲ့ ဒုတိုင်းမှူး နယ်ပြောင်းရွှေ့ခံရ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် တောင်ကလေး ဂေါက်ကွင်းမှာ ကရင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ဂေါက်ရိုက်ရင်း အငြင်းပွါး စကားများရာက လက်သီးနဲ့ထိုးခံခဲ့ရတဲ့ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ဇော်မင်းအောင်ကို နယ်ပြောင်းရွှေ့လိုက်တယ်လို့ စစ်တပ်အသိုင်းအဝိုင်းကနေ သိရပါတယ်။
Read More

တနင်္သာရီမြို့နယ်၊ အရှေ့ဘန်လောရွာကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်၊ လူနေအိမ်နဲ့ စေတီတော်တွေ ထိခိုက်ပျက်စီး

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ အရှေ့ဘန်လောရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ နေအိမ်နဲ့ စေတီတော်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ People's Defence Force- မြိတ်ခရိုင်တပ်ရင်း ၂ ဆီက သိရပါတယ်။
Read More

KNDF အမှတ်(၅) တပ်ရင်း တာဝန်ယူထားသည့် ရှေ့တန်းနယ်မြေမှာ စစ်ကောင်စီတပ်သား ၄ ဦး သေနတ် ၁ လက်နှင့် အလင်းဝင်လာ

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၊အမှတ် (၆) ဗျူဟာ နယ်မြေအတွင်းရှိ တပ်ရင်းအမှတ် (၅) တာဝန်ယူထားတဲ့ ရှေ့တန်းနယ်မြေမှာ စစ်ကောင်စီတပ်သား ၄ ယောက် သေနတ် ၁ လက်နဲ့ အလင်းဝင်လာတယ်လို့ KMDF တပ်ရင်း (၅) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

အဓမ္မ စစ်သားစုဆောင်းခံရပြီး ရှေ့တန်းရောက်လာတဲ့ စစ်သား (၇) ယောက် KNDF ထံ အလင်းဝင်

အကြမ်းဖက်စစ်ကောင်စီရဲ့ အတင်းအဓမ္မစစ်သားစုဆောင်းခံခဲ့ရပြီး ကရင်နီဒေသ ရှေ့တန်းကို ပို့ဆောင်ခံခဲ့ရတဲ့ စစ်သား (၇) ယောက်ဟာ KNDF တပ်ရင်း အသီးသီးထံ အလင်းဝင်ရောက်လာတယ်လို့ KNDF က သတင်းထုတ်ပြန်ပါတယ်။ 
Read More

ကော့ကရိတ်မှာ အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်မှု ၅ ဦးထက်မနည်း သေပြီး ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ၊ စစ်တပ်ဆီက လက်နက်ခဲယမ်းများအပြင် မူးယစ်ဆေးဝါးပါ သိမ်းဆည်းရမိ…

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ရာ ၅ ယောက်ထက်မနည်း သေပြီး ၃ ယောက်ထက်မနည်း ဒဏ်ရာရသွားတယ်လို့ Justice Soldier PDF က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

သရက်ကန်ပျူရွာကို ဝင်ရောက်တိုက်ခိုက်မှုမှာ အရပ်သား ၄၀ ကျော် တော်လှန်ရေးတပ်တွေဆီ ခိုလှုံလာခဲ့ပြီး စစ်အုပ်စုတွေ တချို့ထွက်ပြေး၊ တချို့သေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ သရက်ကန်ပျူရွာ ဝင်ရောက်တိုက်ခိုက်ခံရပြီး စစ်အုပ်စုဘက်က အသေအပျောက်ရှိသလို တချို့တစ်ဝက်ကတော့ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ သိရပါတယ်။