မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်မှာ ကျေးရွာတွေထဲ ၁၈ ရက်ကြာ စစ်ကြောင်းဝင်နေတဲ့ အကြမ်းဖက်စစ်တပ်ကို မိုင်းဆွဲပိတ်ဆို့တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၇ ယောက်သေဆုံးပြီး အများအပြားထိခိုက်သွားတယ်လို့ TAMAR MYAY Special Column (တမာမြေအထူးလှုပ်ရှားစစ်ကြောင်း) တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။
စက်တင်ဘာလ ၂၂ ရက်က ရေနံချောင်းမြို့နယ်၊ယာကြီးပြင်အင်တောလမ်းကတဆင့် မကျည်းကန်နဲ့ မကျည်းရိုးရွာအုပ်စုတွေထဲ စစ်ကြောင်းဝင်လာတဲ့ ခလရ ၇၇ တပ်က အင်အား ၅၀ ပါအကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထောင်ထားတဲ့ မိုင်းမိပြီး ထိခိုက်မှုတွေရှိခဲ့တာကြောင့် ကျေးရွာတွေထဲ စစ်ကြောင်းပြန်ဆုတ်သွားခဲ့တယ်လို့ သိရပါတယ်။
ပြန်ဆုတ်သွားတဲ့ စစ်ကောင်စီတပ်ဟာ ပြည်သူ့ကာကွယ်ရေးတပ်​တွေရဲ့ပိတ်ဆို့ထားမှုကြောင့် ကုက္ကိုခွရွာ၊ ကန်လေးကုန်းရွာ၊ကြွယ်ပုံရွာ တို့ထဲ ၁၅ ရက်ကြာ ညအိပ်စခန်းချနေထိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
အောက်တိုဘာ ၁၀ ရက် မနက်ပိုင်းမှာတော့ အထက်ပါ အကြမ်းဖက်စစ်ကြောင်း ပြန်အဆုတ်လာကိုစောင့်ရင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ထပ်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
” ပထမဆုံး ကျနော်တို့ စခန်းကို သူတို့ ဝိုက်ပြီးတက်လာတဲ့အချိန်မှာ ထောင်ထားတဲ့ တိုက်မိုင်းတွေထိပြီး ပြန်ဆုတ်သွားကြတယ်ပေါ့။ စခန်းကို အတိအကျသိလို့ ထိုးလာတာတော့မဟုတ်ဘူး။ သတင်းသဲ့သဲ့ကြားလို့ တောနင်းဝင်လာရှာတဲ့အချိန်မှာဖြစ်တာပေါ့နော်။မိုင်းတွေကလည်းစစ်ကြောင်းဝင်လာမှန်းသိလို့ကြိုထောင်ထားတာပါ။ စစ်ကြောင်းပြန်ဆုတ်မယ်လို့ကြားတော့လည်း သူတို့ပြန်ထွက်မယ့်လမ်းမှာ အဖွဲ့တွေအသင့်စောင့်ပြီး မိုင်းထပ်ဆွဲတာပါ။မိုင်းဆွဲပြီးတာနဲ့ အပြန်အလှန်ပစ်ခတ်မှုလည်း မိနစ် ၂၀ လောက်ဖြစ်သေးတယ်။” လို့ TAMAR MYAY Special Column (တမာမြေအထူးလှုပ်ရှားစစ်ကြောင်း) တာဝန်ရှိသူက မောင်းသတင်းဌာနကိုပြောပါတယ်။
ဒီမိုင်းဆွဲတိုက်ခိုက်မှုတွေကို TAMAR MYAY Special Column (တမာမြေအထူးလှုပ်ရှားစစ်ကြောင်း) နဲ့ People’s Defence Force -Yenangyaung (YNG-PDF) ၊ အင်တောတိုက်နယ် (ပကဖ)တို့က လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။
ပုံစာ – စစ်ကောင်စီကားကို တော်လှန်ရေးအဖွဲ့တွေ မိုင်းဆွဲတိုက်ခိုက်နေစဥ်
0 Shares:
You May Also Like
Read More

မင်းအောင်လှိုင် ဖျက်သိမ်းလိုက်တဲ့ ကစထ (၆) ဆိုတာ ဘာလဲ

အကြမ်းဖက်စစ်တပ်ဟာ နေပြည်တော်ကို တာဝန်ယူရတဲ့ အမှတ် (၆) စစ်ဆင်ရေးအထူးအဖွဲ့- ကစထ ၆ ကို ဖျက်သိမ်းလိုက်တယ်လို့ စစ်ရေးသတင်းအရင်းမြစ်တွေထံက သိရပါတယ်။
Read More

မြင်းခြံက စာသင်ကျောင်းကို စစ်ကောင်စီ ဂျက်လေယာဉ်နဲ့ ဗုံးကြဲ၊ ကလေးငယ်တွေ အပါအဝင် ပြည်သူ ၂၀ ဝန်းကျင် သေဆုံး

မြင်းခြံမြို့နယ် မြောက်ခြမ်းက ဆင်းဂွတ်ကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ အပါအဝင် အယောက် ၂၀ ဝန်းကျင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

နတ်ရေကန်စခန်းဝန်းကျင်မှ ထွက်ပြေးလာသည့် စစ်ကော်မရှင်တပ်သား ၂၇ ဦးကို PRA -Magway ဖမ်းဆီးထိန်းသိမ်းထား၊ အများစု စစ်မှုထမ်းသင်တန်းဆင်းများဖြစ်

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်စခန်းဝန်းကျင် တိုက်ပွဲတွေကနေ ထွက်ပြေးလာတဲ့ အကြမ်းဖက် စစ်ကော်မရှင်တပ်သား ၂၇ ယောက်ကို အရှင်ဖမ်းဆီးရမိထားကြောင်းနဲ့ ဖမ်းမိထားသူအများစုဟာ စစ်မှုထမ်းဆင်း တပ်သားတွေဖြစ်ကြောင်း လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) စစ်ရေးချုပ် ကိုနောင်သူရိန်က မောင်းကို ပြောပါတယ်။
Read More

ကန့်ဘလူမြို့နယ် အုန်းတောပျုရွာ ကင်းစခန်းကို အလစ်ဝင်တိုက်၊ ပျူခေါင်းဆောင်အပါ ၂ ဦး သေပြီး ၆ ဦး အရှင်ဖမ်းမိ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ အုန်းတောပျူရွာ ကင်းစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကန့်ဘလူခရိုင် ပကဖ လှုပ်ရှားရေး ဒုတပ်ရင်းမှူးထံက သိရပါတယ်။
Read More

မင်းတပ်မြို့သိမ်းတိုက်ပွဲမှ အကြမ်းဖက်စစ်တပ် ဆုတ်ခွာထွက်ပြေးစဥ် ဝှက်ထားခဲ့သည့် လက်နက်ခဲယမ်းအချို့ကို ပြည်သူများ CDF-Mindat ထံ ထပ်မံအပ်နှံ

ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲကနေ ထွက်ပြေးသွားတဲ့ အကြမ်းဖက်စစ်သားတွေ ဝှက်ထားခဲ့တဲ့ လက်နက် ၃ လက်နဲ့ ခဲယမ်းတွေကို ဒေသခံပြည်သူတွေက လာရောက်အပ်နှံခဲ့တယ်လို့ Chin Defence Force - Mindat က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ပန်းတောင်းတပ်နယ်ထဲကို မင်းအောင်လှိုင်လာမည်ဟု သတင်းများထွက်ပေါ်နေ

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ပန်းတောင်းတပ်နယ်ထဲကို မင်းအောင်လှိုင်ကိုယ်တိုင် မြေပြင်ဆင်းမယ်လို့ ဆိုကာ တပ်လှန့်တာတွေ လုပ်ဆောင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။