စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် မုံရွာ-မန္တလေးကားလမ်းမပေါ် ကန်ဖျားဇရပ်အနီး မိုင်းရှင်းလင်း ရေးလုပ်နေတဲ့ အကြမ်းဖက်စစ်သားတွေကို အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းက တိုက်ခိုက်ခဲ့ရဦ စစ်သား ၁ ယောက်သေဆုံးသွားတယ်လို့ Moe Nyo Revolution Force အဖွဲ့ထံက သိရ ပါတယ်။

မိုင်းရှင်းနေတဲ့ အကြမ်းဖက်စစ်သားတွေကို M9 ဗုံးသီးနဲ့ စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထွက်ပြေးကြတဲ့ စစ်သားတွေကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီ‌နောက် တော်လှန်ရေးရဲဘော်တွေရှိတဲ့ဘက်ကို အင်အား ၁၀ ယောက်ခန့်ရှိ အကြမ်းဖက် စစ်သားတွေ ပြန်လည်ထိုးစစ်ဆင်လာတဲ့အတွက် MA-2 စက်လက်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သံချပ်ကာယာဉ်စစ်ကူရောက်လာတဲ့အတွက် ပြည်သူ့ရဲဘော်တွေ ပြန်လည်ဆုတ်ခွာခဲ့ကြတယ် လို့ သိရပါတယ်။ တိုက်ပွဲမှာ အကြမ်းဖက်စစ်သားတွေဘက်က ဒဏ်ရာရရှိသူများပြားခဲ့တယ်လို့ သိရပါ တယ်။

အဲဒီတိုက်ခိုက်မှုကို Moe Nyo Revolution Forceအဖွဲ့ကလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါ တယ်။

0 Shares:
You May Also Like
Read More

တောကျီးကန်းတပ်ရင်း ရဲဘော်များ၏ နေထိုင်လှုပ်ရှားမှုပုံရိပ်များ ထုတ်ပြန် (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ်(၂) စစ်ဆင်ရေးနယ်‌မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၆) ကွပ်ကဲမှုအောက်မှာရှိတဲ့ တောကျီးကန်းတပ်ရင်း ရဲဘော်တွေရဲ့ နေထိုင်လှုပ်ရှားမှုပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

ဘလယ်ဒို စခန်းသိမ်းတိုက်ပွဲအတွင်း စစ်သုံ့ပန်းတွေနဲ့ စစ်လက်နက်ပေါင်းများစွာကို သိမ်းဆည်းရမိ (ရုပ်/သံ)

တပ်မဟာ (၆) နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်က စစ်ကောင်စီရဲ့ ဘလယ်ဒိုစခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ယမန်နေ့၊ မေလ ၂၃ ရက်နေ့မှာ ပြန်လည်သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ရေဦးတွင် စစ်ကြောင်းထိုးဖို့ စုဖွဲ့နေသည့် စစ်အုပ်စု ဗုံးကြဲခံရပြီး ဗိုလ်အပါအဝင် ၆ ဦး သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးဖို့ စုဖွဲ့နေတဲ့ စစ်ကော်မရှင်တပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်အပါအဝင် ၆ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် - ရေဦးက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရေးမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နှင့် ရေးဘီလူးတပ်ဖွဲ့ တိုက်ပွဲဖြစ် (ရုပ်/သံ)

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လိပ်ပုတ်ရွာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ရေးဘီလူးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ ခေါင်းဆောင်က သတင်းထုတ်ပြန်ပါတယ်။
Read More

မိုးဗြဲမြို့ စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက် ပြန်လည်မရောက်စေဖို့ ထောက်ပို့ပြည်သူများ ဝိုင်းဝန်းကူညီကြဖို့ အကူအညီတောင်းခံ (ရုပ်/သံ)

''မိုးဗြဲမှာ စစ်ကောင်စီရဲ့ထိုးစစ်ကို ကြံ့ကြံ့ခံရင်း နေ့စဉ်နီးပါးတိုက်ပွဲပြင်းထန်နေတာ အားလုံး အသိဘဲဖြစ်ပါတယ်။ ဒေသတွင်း အရေးပါတဲ့မိုးဗြဲမြို့ကို စစ်ကောင်စီ၏ပြန်လည်မထိန်းချုပ်နိုင်ရေးအတွက် အားလုံး ပါဝင်ပေးကြဖို့လိုအပ်ပါတယ်''လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ဆိုပါ တယ်။
Read More

မြဝတီ မင်းလက်ပံကျေးရွာအတွင်းရှိ ကျားဖြန့်အလုပ်ရုံကို KNU စီးနင်းမှု တရုတ်အပါအဝင် လူပေါင်း ၂၀၀၀ ကျော် တွေ့ရှိ (ရုပ်/သံ)

ကရင်ပြည်နယ် မြဝတီမြို့နယ် မင်းလက်ပံကျေးရွာအတွင်း DKBA လုံခြုံရေးယူပေးထားတဲ့ ကျားဖြန့် အလုပ်ရုံကို KNU က နိုဝင်ဘာ ၂၁ ရက်မှာ ဝင်ရောက်စီးနင်းခဲ့ရာ ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် လူပေါင်း ၂၀၀၀ ကျော် တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။