မန္တလေးတိုင်း၊ မတ္တရာမြို့က စစ်ရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်းဟာ ဂုဏ်သိက္ခာကင်းမဲ့တဲ့ စစ်ရာဇဝတ်မှုကိုပြောင်‌ပြောင်တင်းတင်း ကျူးလွန်လိုက်ခြင်းဖြစ်ကြောင်း မန္တလေး PDF က မနေ့က အောက်တိုဘာ ၁၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
မနေ့က အောက်တိုဘာ ၁၁ ရက်နေ့က နေ့လယ်ပိုင်းမှာ မတ္တရာမြို့နယ် ၊ ဝေါစုကျေးရွာရှိ စစ်ရှောင်စခန်းအား စစ်ကောင်စီက အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့မှုကို MDY-PDF က ရှုတ်ချကန့်ကွက်လိုက်ခြင်း ဖြစ်ပါတယ်။
စစ်ရေးနယ်မြေမဟုတ်ဘဲ အရပ်သားပြည်သူတွေ စစ်ရှောင်နေတဲ့ နေရာကို လေကြောင်းတိုက်ခိုက်မှုဟာ ဂုဏ်သိက္ခာမဲ့ပြီး စစ်ရာဇဝတ်မှုကို ရက်စက်စွာ ကျူးလွန်ပြလိုက်ခြင်းဖြစ်ကြောင်း MDY-PDF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီက အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် သံဃာတော် သုံးပါးနှင့် ကလေးသူငယ်များအပါအဝင် စစ်ရှောင်ပြည်သူ၁၂ဦးသေဆုံးခဲ့ရပြီး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိသူ များပြားခဲ့ရပါတယ်။
လက်ရှိမှာ အကြမ်းဖက်စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ ထိတွေ့တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီက လေကြောင်းကရော လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီက မနေ့က လေကြောင်းတိုက်ခိုက်မှုအပြင် တုံကုန်းကျေးရွာကိုလည်း ဝင်ရောက်ပြီး ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ The Voice Of Wetlet Madayar အဖွဲ့က ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ရက်နေ့ကလည်း မတ္တရာမြို့နယ်၊ သုံးဆယ်ပေးကျေးရွာမှာ အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး မင်းကွန်းရဲစခန်းကုန်း၊ မတ္တရာ ဘောလုံးကွင်း အမြောက်စခန်း၊ ပေါက်ဝဲ၊ ညောင်ကုန်း၊ ထီးတော်မိုး၊ ပျော်ဘွယ် စစ်တပ်အထိုင်စခန်းတွေနဲ့ မန္တလေး – ရွှေကျင်ဂိတ်စခန်းစတဲ့နေရာတွေကနေ လက်နက်ကြီးတွေနဲ့ ဘက်ပေါင်းစုံကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၅ယောက်သေဆုံးပြီး ၄ယောက် ထိခိုက်ဒဏ်ရာ ရခဲ့ပါသေးတယ်။
မန္တလေးတိုင်း၊ မတ္တရာဒေသကို MDY-PDF က ထိန်းချုပ်ထားပြီး စစ်ကောင်စီက ပြန်လည် ထိုးစစ်ဆင် မှုတွေလည်း အရှိန်မြှင့်လာခြင်း ဖြစ်ပါတယ်။
0 Shares:
You May Also Like
Read More

ကျောက်ကြီးမြို့အနီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်၊ စစ်တပ်က ၁၀ ဦးသေပြီး ၇ ဦးအရှင်ဖမ်းမိ…

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့အနီး တောင်စုကျေးရွာအတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်တပ်က ၁၀ ယောက်သေဆုံးပြီး ၇ ​ယောက် အရှင်ဖမ်းမိခဲ့တယ်လို့ Falcons Guerrilla Force (စွန်ရဲ) တပ်ဖွဲ့က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
Read More

စစ်ဘေးရှောင်ပြည်သူတွေကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ဆန်နဲ့ အနွေးထည်တွေ ဝေမျှကူညီ… (ဓာတ်ပုံသတင်း)

စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတစ်ခုရှိ စစ်ဘေးရှောင်စခန်း တစ်ခုကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA ၊ နိုင်ငံရေးဌာန ရဲဘော်တွေက ဒီဇင်ဘာ ၂၅ ရက်က သွားရောက်ပြီး ဆန်နဲ့ အနွေးထည်တွေ ဝေမျှကူညီခဲ့တယ်လို့ သိရပါတယ်။
Read More

အမျိုးသားလွတ်မြောက်ရေးတပ်တော်ရဲ့ အပတ်စဥ် (၆) အခြေခံ စစ်သင်တန်းကို ဒီနေ့ စတင်

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်ရဲ့ အပတ်စဥ် (၆) အခြေခံ စစ်သင်တန်းကို ဒီနေ့မှာ စတင်ခဲ့တယ်လို့ အမျိုးသား လွတ်မြောက်ရေးတပ်တော်က ထုတ်ပြန်ပါတယ်။
Read More

သရက်ခရိုင် PDF အမှတ် ၄ တပ်ရင်း အပတ်စဥ် (၈) နှင့် (၉) အခြေခံစစ်သင်တန်းဆင်း အခမ်းအနား ပြုလုပ်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ၊ မကွေးတိုင်း သရက်ခရိုင် အမှတ်(၄) တပ်ရင်းက ကွပ်ကဲတဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၈) နဲ့ အပတ်စဥ် (၉) သင်တန်းဆင်းပွဲ အခမ်းအနားကို စစ်ရေးအခြေအနေအရ လွတ်မြောက်နယ် တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်သင်္ဘောများ စောင့်ကြိုတိုက်ခိုက်ခံရပြီး ၂ စီး ထိခိုက်ပျက်စီး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်အုပ်စုသင်္ဘောတွေကို စောင့်ကြိုတိုက်ခိုက်ရာ သင်္ဘော ၂ စီး ထိခိုက်ပျက်စီးသွားတယ်လို့ Monywa inventor အဖွဲ့ တိုက်ခိုက်ရေးခေါင်းဆောင် ကိုမိုးသောက်က မောင်းကို ပြောပါတယ်။
Read More

တောင်ကုတ်မြို့က အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို AA က တိုက်ခိုက်သိမ်းပိုက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှာရှိတဲ့ အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ ၅) ကို အာရက္ခတပ်တော် (AA) တပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ပြီလို့ သိရပါတယ်။