စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ပေါ်မှာ အရက်ထိုင်သောက်နေတဲ့ ရဲတပ်ကြပ်တစ်ယောက် ပစ်ခတ်ရှင်းလင်းခံရပြီး သေဆုံးသွားကြောင်းသိရပါတယ်။

ပစ်ခတ်ရှင်းလင်းခံရသူမှာ ရန်ရှင်းခွာ ဆိုသူဖြစ်ပြီး အောက်တိုဘာ ၈ရက်နေ့၊ ညနေပိုင်းက ဇီးကုန်းမြို့ပေါ်၊ အရက်ဆိုင်တစ်ဆိုင်ထဲ အရက်ထိုင်သောက်နေချိန် ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့ လုပ်ဆောင်ခဲ့တဲ့ KBU-တောလေးအဖွဲ့က ပြောပါတယ်။

ကျနော်တို့ ဆိုင်ထဲရောက်တော့ သူက အိမ်သာထဲ သွားပုန်းနေတာ။ အဲ့ဒါအိမ်သာထဲအထိ ဝင်ရှင်းခဲ့ရပါတယ်။ သူ့ကို ရှင်းချင်လို့စောင့်နေတာ ၅ရက်ကြာပြီ။ အဲ့ဒါ မြို့တွင်းမစ်ရှင်လည်းဖြစ်တော့ အချိန်လည်းသိပ်ယူလို့မရဘူး။ ၁၅မိနစ်လောက်ပါပဲလို့ KBU-တောလေး တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ပစ်ခတ်ရှင်းလင်းခံရတဲ့ ရဲတပ်ကြပ် ရန်ရှင်းခွါဟာ ဗိုက်ပွင့်ဒဏ်ရာနဲ့ နေရာတင် သေဆုံးခဲ့ပြီး အောက်တိုဘာ ၉ရက်နေ့မှာ သဂြိုလ်လိုက်တယ်လို့ သိရပါတယ်။

ဒီလူက ဇီးကုန်းမြို့ပေါ်မှာ ဆိုးတယ်။ ဇီးကုန်းကာဘိုးကန့်ဘလူ ကူးတဲ့လမ်းက ခရီးသည်ကားတွေ၊ လူအသွားအလာတွေ ငွေညှစ်တယ်။ ဖမ်းမိထားတဲ့ အရပ်သားတွေဆို ရိုက်နှက်နှိပ်စက်တာတွေ ကြမ်းတယ်လို့ KBU-တောလေး အဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောခဲ့ပါတယ်။

သေဆုံးသူ ရဲတပ်ကြပ် ရန်ရှင်းခွာ
0 Shares:
You May Also Like
Read More

ရန်ကုန်မှာ တိုက်ပွဲဝင်အလံနဲ့ မီးတုတ်တွေ ကိုင်စွဲပြီး အကြမ်းဖက်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး ပြောက်ကျားလူထုသပိတ် ပြုလုပ်

အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေးအထူးတင်းကျပ်ထားတဲ့ ရန်ကုန်မှာ တိုက်ပွဲဝင်အလံတွေနဲ့ မီးတုတ်တွေ ကိုင်စွဲပြီး အကြမ်းဖက်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး ဆန္ဒပြတဲ့ ပြောက်ကျားလူထုသပိတ်ကို ဒီနေ့ ညပိုင်းမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ခမရ (၅၅၇)တပ်ရင်းမှ တပ်သား(၁)ဦး တနင်္သာရီမြို့နယ် ပကဖထံ လက်နက်နှင့် အလင်းဝင်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ အောက်ကင်းရွာအခြေစိုက် ခမရ (၅၅၇)တပ်ရင်းက စစ်သား(၁) ယောက် လက်နက်နဲ့အတူ အလင်းဝင်လာတယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

Sagaing People Defence Force Battalion 3 က ရဲဘော်များ၏ စစ်ရေးလေ့ကျင့်မှု ပုံရိပ်များ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းအခြေစိုက် Sagaing People Defence Force Battalion 3 က ရဲဘော်တွေရဲ့ စစ်ရေးလေ့ကျင့်မှု ပုံရိပ်တွေကို အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

PDF တွေကို လူမူကွန်ရက်စာမျက်နှာပေါ်ကနေ ခြိမ်းခြောက်နေတဲ့ သွေးသောက်အဖွဲ့ခေါင်းဆောင် မင်းမင်းဆိုသူ ပစ်ခတ်ရှင်းလင်းခံရ…

PDF တပ်ဖွဲ့ဝင်တွေကို လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် Live လွှင့်ပြီး ခြိမ်းခြောက်တက်တဲ့ သွေးသောက် ( ပြည်သူ့စစ်) အဖွဲ့ခေါင်းဆောင် မင်းမင်း ဆိုသူ ပစ်ခတ်ရှင်းလင်းခံရကာ သေဆုံးသွားတယ်လို့ သိရပါတယ်။
Read More

ဧရာဝတီတိုင်းအတွင်း စစ်မှုထမ်း တိမ်းရှောင်သူတွေကို တရားရုံးနဲ့ပေါင်းပြီး ပိုင်ဆိုင်မှု ချိတ်ပိတ်တာတွေအထိ လုပ်ဆောင်လာနေ

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

စစ်ကောင်စီ အသက်သွေးကြောတစ်ခုဖြစ်သည့် ကပစစက်ရုံများ၏ တာဝန်ရှိသူများ စာရင်းကို တမာအင်စတီကျု ထုတ်ပြန် 

မြန်မာနိုင်ငံရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) တွေရဲ့ နောက်ကွယ်က အဓိက တာဝန်ရှိသူတွေကို တမာအင်စတီကျု ကနေပြီး “သေနတ်များနောက်ကွယ်မှ သွေးစွန်းလက်များ၊ မြန်မာစစ်တပ်၏ လက်နက်ထုတ်သူများအား ဖော်ထုတ်ခြင်း” အမည်နဲ့ သုတေသနအစီရင်ခံစာ တစ်စောင်ကို ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်မှာ ထုတ်ပြန်လာပါတယ်။