အပြစ်မဲ့ အရပ်သားတွေ ထိခိုက်သေဆုံးရတာများလာလို့  စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကို တန်ပြန်တိုက်ခိုက်တော့မယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) က အသိပေးပြောဆိုလိုက်ပါတယ်။

စစ်ကောင်စီဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နေ့စဉ်ဆိုသလို လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းကနေ တိုက်ခိုက်တာတွေ ပြုလုပ်နေတာကြောင့်  စစ်ရေးအရပြန်လည်တိုက်ခိုက်တော့မယ်လို့အောက်တိုဘာလ၁၀ရက်မနေ့ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားလိုက်တာပါ။

နေရာတိုင်းမှာ လေကြောင်း၊ လက်နက်ကြီးတို့ပစ်ခတ်မှုကြောင့် ပြည်သူအများအပြားသေဆုံးသလို နေအိမ်အမြောက်အမြားပျက်စီးတယ်ဆိုတာ ကြားသိရတဲ့အတွက် CNO/CNDF အနေနဲ့ ဝမ်းနည်းကြေကွဲရပါတယ်။ ကျနော်တို့ CNO/CNDF ဟာ ပြည်သူကို ကာကွယ်ဖို့အတွက် ဖွဲ့စည်းခဲ့တဲ့ အဖွဲ့အစည်းဖြစ်တာနဲ့အညီ ကျနော်တို့ရဲ့ ဂျေရုဆလင်မြို့လိုဖြစ်တဲ့ ဖလမ်းမြို့မှာလည်း ပြည်သူများ အိုးအိမ်ဆုံးရှုံးမှာနဲ့ပြည်သူတွေဒုက္ခခံစားကြရမှာကို မလိုချင်တာကြောင့် အခုအချိန်ထိ စစ်ရေးအရ တုံ့ပြန်ထားခြင်းမလုပ်သေးဘူးလို့ CNO/CNDF ပြောခွင့်ရ Salai Timmy က ပြောပါတယ်။

CNO/ CNDF ဟာ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးနေတဲ့အဖွဲ့ဖြစ်ပြီး ဖလမ်းမြို့က  ပြည်သူတွေရဲ့ အိုးအိမ်ထိခိုက်ပျက်စီးမှာကို ထည့်သွင်းစဉ်းစားတဲ့အတွက် ဒီနေ့အထိ စစ်ရေးအရ လှုပ်ရှားမှုတွေ သိပ်မလုပ်ဘဲ နေခဲ့တာဖြစ်တယ်လို့ CNO က ဆိုပါတယ်။

လက်ရှိအချိန်မှာတော့ စစ်ကောင်စီက ဖလမ်းမြို့နယ်က ပြည်သူတွေကို ပိုမိုဆိုးရွာစွာ စစ်ရေးအရ ဦးတည်တိုက်ခိုက်လာတာကြောင့် တန်ပြန်တိုက်ခိုက်မှုတွေ လုပ်ဆောင်သွားတော့မှာ ဖြစ်ပြီး ဖလမ်းမြို့နယ်ပြည်သူတွေအနေနဲ့ လည်း အထူးသတိထားနေထိုင်ကြဖို့ CNO က တိုက်တွန်းလိုက်ပါတယ်။

CNO/CNDF ပြောခွင့်ရ Salai Timmy (ဓာတ်ပုံ CNO)
0 Shares:
You May Also Like
Read More

ဘုတလင်မှာ စစ်ရှောင်တွေအတွက် ကျောင်းသားလက်ရုံးတပ်တော်က ဆေးဝါးလှူဒါန်းမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ခဲ့ (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ ပြင်းထန်စွာ စစ်ကြောင်းထိုးလာမှုတွေကြောင့် ရှောင်တိမ်းနေထိုင်ရတဲ့ စစ်ရှောင်ပြည်သူတွေကို ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားများသမဂ္ဂများ (တကသများ-ရန်ကုန်) / ကျောင်းသားလက်ရုံးတပ်တော်က လိုအပ်တဲ့ ဆေးဝါးပစ္စည်းတွေ လှူဒါန်းပေးခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

ရသေ့တောင်မှာ စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါ အရပ်သား အလောင်း ၁၃ လောင်း ရရှိထား၊ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ…

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ထွန်းရဝေကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သားအလောင်း ၁၃ လောင်း ရရှိထားပြီး ဒဏ်ရာရသူ အယောက် ၂၀ ထက်မနည်း ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

KIA နဲ့ TNLA တို့အကြား မိတ်ဖက်ပဋိပက္ခများအဖြစ် မှတ်ယူ၍ ငြိမ်းချမ်းသောနည်းလမ်းများဖြင့်သာ ဖြေရှင်း ဆောင်ရွက်ရန် NUG မေတ္တာရပ်ခံ

ကချင်လွတ်လပ်ရေးတပ် KIA နဲ့ တအာင်းတပ်ဖြစ်တဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးအဖွဲ့ TNLA တို့အကြား မြေပြင်မှာ  သဘောထားကွဲလွဲပွတ်တိုက်မှုတွေကို နှစ်ဖက်ထိပ်သီးခေါင်းဆောင်တွေအနေနဲ့  အခက်အခဲမရှိ ဖြေရှင်း ပြေလည်နိုင်မယ်လို့ ယုံကြည်ကြောင်း အမျိုးသားညီညွတ်အစိုးရ (NUG) က မတ်လ ၁၄ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။ 
Read More

မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှုအတွက် ကျူးလွန်သူ၊ စေခိုင်းသူနှင့် ပါဝင်ပတ်သက်သူများကို ပြင်းပြင်းထန်ထန် တုံ့ပြန်မည်ဟု AA ထုတ်ပြန်

ရခိုင်ပြည်နယ်၊ မြောက်ဦးဆေးရုံကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ကာ ပြည်သူများစွာကို သေစေခဲ့မှုအတွက် ပြစ်မှုကျူးလွန်သူ၊ စေခိုင်းသူနဲ့ ပါဝင်ပတ်သက်သူတွေကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွားမယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်လိုက်ပါတယ်။
Read More

အုတ်ဖိုမှာ စစ်ကောင်စီ ရွာတချို့ကို ရှေ့နောက်ပိတ်ပြီး ပေါ်တာဆွဲ၊ သားသမီး မရှိတဲ့ အမျိုးသမီးတွေကိုပါ ဖမ်းဆီးနေ၊ ရွာလုံးကျွတ် ထွက်ပြေးနေကြရ

ပဲခူးတိုင်း၊ အုတ်ဖိုမှာ စစ်ကောင်စီတပ်တွေရဲ့ ပေါ်တာဆွဲ ဖမ်းဆီးနေမှုကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ရမှုတွေ ရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 
Read More

မြိုင်ပကဖ၊ ပေါက်ပကဖ ၊ ကမ္မ တပ်ပေါင်းစုတို့က စုဖွဲ့လေ့ကျင့်မှုသင်တန်း အပတ်စဉ် ၃ က ရဲဘော်တွေကို လက်နက်တပ်ဆင်ပေး

မကွေးတိုင်းအခြေစိုက်တဲ့ မြိုင်ပကဖ၊ ပေါက်ပကဖ ၊ ကမ္မ တပ်ပေါင်းစုတို့ ပူးပေါင်းပြီး စုဖွဲ့လေ့ကျင့်မှုသင်တန်း အပတ်စဉ် ၃ သင်တန်းဆင်း ရဲဘော်တွေကို လက်နက်တပ်ဆင်ပွဲအခမ်းအနား အောက်တိုဘာ ၉ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။