ဧရာဝတီတိုင်း၊ မြောင်းမြမြို့၊ ရေငံကျေးရွာအုပ်စုမှာ အုပ်ချုပ်ရေးမှူးက သန်းခေါင်စာရင်း ကောက်ယူရာမှာ အသုံးပြုဖို့အတွက် ကွန်ပျူတာဝယ်ဖို့ဆိုပြီး အိမ်ထောင်စုတစ်စုကို ကျပ်ငွေ ၃ထောင်စီ အတင်းအဓမ္မ ကောက်ယူထားကြောင်း ဒေသခံတွေဆီက သိရပါတယ်။
သန်းခေါင်စာရင်းကောက်နေတဲ့ Non CDM ပညာရေးဝန်ထမ်းတွေကို စစ်ကောက်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက Tablet တွေ ထုတ်ပေးထားပေမယ့် အုပ်ချုပ်ရေးမှူးက ကွန်ပျူတာ လိုအပ်တယ်လို့ အကြောင်းပြပြီး ခွဲတမ်းနဲ့ ငွေကောက်ခံနေတာဖြစ်တယ်လို့ သိရပါတယ်။
“သူတို့က ဒေသခံတွေဆီကနေ အကြောင်းအမျိုးမျိုးပြပြီး ခွဲတမ်းလုပ်ဖို့ပဲ သိတာလေ။ အခုလည်းအကြောင်းမရှိအကြောင်းရှာပြီး တစ်အိမ်ထောင်ကို ၃၀၀၀ကျပ် ကောက်ခံပြန်ပြီ။ သန်းခေါင်စာရင်းကောက်ယူရာမှာ အသုံးပြုဖို့ ကွန်ပျူတာဖိုးဆိုပြီး အုပ်စုတစ်စုလုံးဆိုရင် အိမ်ခြေက ၁၀၀၀ ကျော်တယ်လေ။ အုပ်ချုပ်ရေးမှုးတွေက လုပ်စားလို့ကို မဝနိုင်တော့ဘူး။” လို့ ရေငံကျေးရွာနေ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က မောင်းကိုပြောပါတယ်
သူကပဲ ဆက်ပြီး “စစ်မှုထမ်းဥပဒေကိစ္စ ပေါ်တုန်းကလည်း တစ်ခါတောင်းစားပြီးပြီ။ အခု သန်းခေါင်စာရင်းကိစ္စအကြောင်းပြပြီး တောင်းပြန်ပြီ။ မထည့်လို့ကလည်းမရ။ အစည်းအဝေးလုပ်ပြီး မိုက်နဲ့ကိုအော်ပြောတာ။ အခုမှ လိုင်စင်ရ ဓားပြတွေဖြစ်နေပြီ။ မထည့်ပြန်ရင်လည်း နိုင်ငံရေးနဲ့ပတ်သက်သူတွေ ဘာတွေဆိုပြီး ခေါင်းစဥ်တပ်အုံးမယ်။ အခုချိန်မှာတော့ ပြည်သူတွေက တကယ့်မြေဇာပင်တွေကို ဖြစ်နေပြီ”လို့ ဆိုပါတယ်။
လက်ရှိမှာ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောင်ပွဲအတွက် သန်းခေါင်စာရင်းကောက်ယူနေမှုကို တော်လှန်ရေးအင်အားစု အားလုံးက ဆန့်ကျင်ကန့်ကွက်ထားကြသလို လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အသီးသီးကလည်း သန်းခေါင်စာရင်းကောက်ယူသူတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ သတိပေးထားပါတယ်။
ပုံစာ – သန်းခေါင်စာရင်း ကောက်ယူနေတဲ့ စစ်ကောင်စီလက်အောက်ခံတချို့
0 Shares:
You May Also Like
Read More

တောင်ငူ-လိပ်သိုလမ်းပိုင်းတွင် ရိက္ခာပို့ပြန်လာသည့် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်များတိုက်ပွဲဖြစ်၊ အကြမ်းဖက်စစ်သား ၅ ဦးထက်မနည်း သေပြီး ခဲယမ်းများရရှိ

ပဲခူးနဲ့ ကရင်ပြည်နယ်အစပ် တောင်ငူ-လိပ်သိုလမ်းပိုင်းမှာ ရိက္ခာပို့ပြီးပြန်လာတဲ့ အကြမ်းဖက်စစ်ကားတွေကို စောင့်ကြိုတိုက်ခိုက်ရင်း လုံခြုံရေးယူစစ်ကောင်စီတပ်သားတွေနဲ့ပါ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကမ်းနီကြားဒေသ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မင်းလှတွင် စစ်ကောင်စီတပ်ဖွဲ့အချင်းချင်း လက်နက်ကြီး မှားယွင်းပစ်ခတ်မှုကြောင့် ၇ ဦး သေဆုံး

ပဲခူးတိုင်း၊ မင်းလှမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့အချင်းချင်း လက်နက်ကြီးမှားယွင်း ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား ၇ယောက် သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ကြို့ပင်ကောက်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းကို တိုက်ခိုက်ပြီး ရွာသားတွေကိုပါ PDF တွေ ကယ်တင်ထား…

ပဲခူးတိုင်းအနောက်ပိုင်း သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဥ်ကြီးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးရိုးမအခြေပြုတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

ကော့ဖငန်ကျွန်းတွင် တရားမဝင် ကန်ထရိုက်ဆောက်နေသည့် မြန်မာ ၉ ဦး အဖမ်းခံရ 

ထိုင်းနိုင်ငံ၊ ကော့ဖငန်ကျွန်းမှာ အစ္စရေး စီးပွားရေးလုပ်ငန်းရှင်တယောက်အတွက် တရားမဝင် ကန်ထရိုက်ယူ အိမ်ဆောက်ပေးနေတဲ့ မြန်မာနိုင်ငံသား ၉ ယောက် ဖမ်းဆီးခံလိုက်ရကြောင်း ဘန်ကောက်ပို့စ်မှာ ဖော်ပြထားပါတယ်။ 
Read More

အိုးဘိုထောင်တွင် ထိခိုက်ဒဏ်ရာ အပြင်းအထန်ရထားသည့် အကျဉ်းသားများကို စစ်ကောင်စီ ဆေးကုခွင့် ကန့်သတ်ထား

ငလျင်ဒဏ်ကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်ထားတဲ့ မန္တလေး အိုးဘိုထောင်က အကျဥ်းသား၊သူတွေကို စစ်ကောင်စီက ဆေးကုသခွင့် ကန့်သတ်ထား​ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့တာဝန်ရှိသူ ကိုသိုက်ထွန်းဦး က မောင်းကို ပြောပါတယ်။
Read More

စစ်တပ်အားပေး အနုပညာရှင်အမည်ခံများကို ထိရောက်စွာ စတင်အရေးယူမည်ဟု ရန်ကုန် UG များ ကြေညာ

အာဏာသိမ်း အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ထောက်ခံအားပေးကူညီတဲ့ အနုပညာရှင်အမည်ခံ စစ်ကော်မရှင် လက်ကိုင်တုတ်တွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ရန်ကုန်မြို့ပြပြောက်ကျား UG အဖွဲ့တွေက ဒီညမှာ ကြေညာလိုက်ပါတယ်။