ကရင်ပြည်နယ်၊ ဝေါ်လေဗျူဟာကုန်းစခန်းကနေ အကြမ်းဖက်စစ်သားတွေ မြို့ထဲဈေးဆင်းဝယ်တဲ့အချိန်မှာ သေနတ်နဲ့ချောင်းပစ်ခံရပြီး စစ်သားတစ်ယောက် ဒဏ်ရာရရှိသွားတာကြောင့် ဝေါ်လေဗျူဟာစခန်းကုန်းကနေ လတ်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

အောက်တိုဘာလ ၁၀ရက်၊ နေ့လည်ပိုင်းက ဈေးဆင်းဝယ်ချိန် ပစ်ခတ်ခံရတာကြောင့် အကြမ်းဖက်စစ်သားတစ်ယောက် ခြေထောက်ထိမှန် ဒဏ်ရာရသွားပြီး ဒီနေ့ အောက်တိုဘာ ၁၁ ရက် မနက်ပိုင်းမှာ ဗျူဟာကုန်းပေါ်ကနေ ရမ်းသမ်းပစ်ခတ်နေတာဖြစ်တယ်လို့ သိရပါတယ်။

သူတို့ဈေးဆင်းဝယ်တဲ့အချိန်မှာ သေနတ်နဲ့ ချောင်းအပစ်ခံရလို့ ဒီနေ့မနက် လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်နေတာ။ ၁၂၀ မမ လက်နက်ကြီးတွေ၊ ၈၁ မမ လက်နက်ကြီးတွေနဲ့ပစ်နေတာ။ အခုလက်ရှိအချိန်ထိဆိုရင် ၁၅လုံးရှိပြီလို့ Freedom Fighter တော်လှန်ရေးတပ်ဖွဲ့မှ ဗိုလ်ကောင်းထက်က မောင်းကိုပြောပါတယ်။

ဒီဘက်မှာကတော့ လက်နက်ကြီးနဲ့ ပစ်ခတ်တာကတော့ ရိုးနေပါပြီ။ အကြောင်းအမျိုးမျိုးပြပြီး လက်နက်ကြီးထုနေကြတာပါပဲ။ အခုလည်း ဝေါ်လေ လမ်းပိုင်းကို အကြမ်းဖက်စစ်သားတွေ ဒီရက်ထဲစတင်ပြီး စစ်ရေးလှုပ်ရှားမှုတွေ လုပ်နေတာတော့ရှိတယ်။ သူတို့ပေါ်ပေါ်တင်တင်တော့ မထွက်ရဲပါဘူးလို့ ဗိုလ်ကောင်းထက်က ဆက်ပြောပါတယ်။

ကရင်ပြည်နယ်အတွင်း စစ်ရေးထိတွေ့ရှိတဲ့ ဒေသတွေမှာ အကြမ်းဖက်စစ်တပ်က ပေါ်ပေါ်တင်တင် စစ်ရေးလှုပ်ရှားမှုတွေ မလုပ်နိုင်ဘဲ ဒရုန်းနဲ့ ကင်းလှည့်ပြီးမှ ခိုးကြောင်ခိုးဝှက် စစ်ကြောင်းထိုးတာတွေ၊ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ပြီးမှ စစ်ကြောင်းပတ်တာမျိုးတွေသာ မကြာခဏ လုပ်ဆောင်နေတယ်လို့ မြေပြင်တော်လှန်ရေး တပ်ဖွဲ့တွေဆီက သိရပါတယ်။

၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်း မြဝတီမြို့၊ သင်္ကန်းညီနောင်အနီးရှိ ထီးမူးထကျေးရွာသို့ စစ်ကောင်စီ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် (ဓာတ်ပုံ CJ)
0 Shares:
You May Also Like
Read More

နတ်တလင်းတွင် လေဖြတ်ထားသည့် စိတ်ကျန်းမာရေးမကောင်းသူ အမျိုးသားကို ပြောက်ကျားဝတ်စုံ ဝတ်ထားလို့ဆိုပြီး စစ်အုပ်စု ပစ်သတ်

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် စိတ်ရောကိုယ်ပါ ကျန်းမာရေးမကောင်းတဲ့ အမျိုးသားတစ်ယောက်ကို ပြောက်ကျားဝတ်စုံ ဝတ်ထားမှုကြောင့် အကြမ်းဖက်စစ်အုပ်စုက ပစ်သတ်ခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။ ဒီဇင်ဘာ ၂ရက်နေ့က နတ်တလင်းမြို့နယ် ငုတ်တိုရွာထဲကို အကြမ်းဖက်စစ်တပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်လာချိန် ရွာထဲမှာ လေဖြန်းပြီး ကျန်နေခဲ့တဲ့ စိတ်ကျန်းမာရေးမကောင်းသူ အသက် ၄၆ နှစ်အရွယ် ဦးညီညီကို သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
Read More

ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) ၏ အပတ်စဥ် (၅) စစ်သင်တန်းဆင်းပွဲ

ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၅ သင်တန်းဆင်းပွဲနဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို ဒီဇင်ဘာ ၁ ရက်နေ့မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
Read More

ကြို့ပင်ကောက်မှာ စစ်ကောင်စီရဲ့ သတင်းပေးနဲ့ လမ်းပြဒလန်တွေ ဆက်တိုက် ရှင်းလင်းခံနေရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်က ကျေးရွာတွေမှာ စစ်ကောင်စီရဲ့ သတင်းပေးနဲ့ လမ်းပြဒလန်တွေကို ရှင်းလင်းမှုတွေ ဆက်တိုက်လုပ်ဆောင်လုပ်ခဲ့တယ်လို့ Dragon Brothers (GBK-PDF) က ထုတ်ပြန်လာပါတယ်။
Read More

ဘော်စတွန်မှာ ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း မြန်မာမိသားစုများနှင့် တွေ့ဆုံခဲ့

အမေရိကန်ပြည်ထောင်စု၊ ဘော်စတွန်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက အမေရိကန်ရောက် မြန်မာမိသားစုတွေနဲ့ တွေ့ဆုံခဲ့တယ်လို့  ပြည်သူ့ဂုဏ်ရည်အသင်း New England ထံက သိရပါတယ်။
Read More

မင်းလက်ပံ Shunda Park ကျားဖြန့်ခြံဝင်းကို ချိတ်ပိတ်လိုက်ကြောင်း KNU ကြေညာ

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့နယ် မင်းလက်ပံရှိ Shunda Park ကို ကော်သူးလေရဲ့ တရားရေးစနစ်နဲ့အညီ ချိတ်ပိတ်လိုက်ပြီး အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ ဆက်စပ်တဲ့ ခြံဝင်းအတွင်းရှိ သက်သေခံအားလုံးကို ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ကိုင်တွယ်သွားမယ်လို့ KNU ဗဟိုက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

စလင်းတွင် စစ်ကောင်စီဂိတ်စခန်းငယ်တစ်ခု မိုင်းခွဲခံရပြီး ဗိုလ်မှူးအပါ ၆ ဦးသေဆုံး

"သူတို့သေဆုံးမှုကို ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့ ရဲဘော်တွေ မျက်မြင်တွေ့တာပါ။ အဲဒီဂိတ်ဖွင့်ထားတာ ၁ နှစ်လောက်ရှိပြီ။ တစ်ပတ်လောက် ဂိတ်ချလိုက် ပြန်ရုတ်သိမ်းလိုက်နဲ့ (အမြဲမရှိဘူး)" လို့ ပြည်သူ့ညီနောင် - စလင်း တပ်ဖွဲ့ သတင်းတာဝန်ခံ ကိုပြည်သူက ပြောပါတယ်။