ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာရဲစခန်းနဲ့ ရွာမဘုန်းကြီးကျောင်းတွေမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ၆ ယောက် သေဆုံးပြီး ၂ ယောက် ပြင်းထန်ဒဏ်ရာရသွားတယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။

ဖြူးမြို့နယ်၊ ညောင်ပင်သာရဲစခန်းနဲ့ ရွာမဘုန်းကြီးကျောင်းတွေမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေကို ဖြူးမြို့နယ်ပကဖနဲ့ သာယာဝတီခရိုင်ပကဖ ရဲ့ ဒရုန်းတပ်ဖွဲ့တွေက ဒရုန်းဗုံးတွေနဲ့ အောက်တိုဘာ ၉ ရက် မနက်အစောပိုင်းမှာ တိုက်ခိုက်ခဲ့တာပါ။

ပကဖ ဒရုန်းပူးပေါင်းအဖွဲ့တွေက ဒရုန်းသီးပေါင်း ၁၀ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ယောက် သေဆုံးပြီး ၂ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဖြူးမြို့နယ် ပကဖ ဆီက သိရပါတယ်။

0 Shares:
You May Also Like
Read More

အုတ်ဖိုမှာ စစ်မှုထမ်းဟောင်း ပျူစောထီး ဒလန်ဖြစ်သူကို ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ သဖန်းပင်ကျေးရွာမှာနေထိုင်တဲ့ စစ်မှုထမ်းဟောင်း ပျူစောထီးဒလန်ဖြစ်သူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို က သတင်းထုတ်ပြန်လာပါတယ်။
Read More

နေပြည်တော်ဗျူဟာ အမှတ် ၁၈ အခြေခံ စစ်ပညာသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

နေပြည်တော်တိုင်းစစ်ဌာန ဗျူဟာအမှတ် ၁၈ တပ်ရင်းအမှတ် ၈၀၃ ရဲ့ အမှတ်စဉ် ၃ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေတစ်နေရာမှာကျင်းပပြုလုပ်ခဲ့ပါတယ်။
Read More

ကျပ်ဘီလီယံနှင့်ချီ မူးယစ်ဆေးဝါးအမှုတွင် ပါဝင်သက်ဆိုင်ခြင်းမရှိဟု AA ထုတ်ပြန်၊ စစ်ရှုံးကောင်စီ၏ ရှက်ရမ်းရမ်းကာ အငြိုးအတေးကြီးစွာ စွပ်စွဲချက်သာဖြစ်သည်ဟု ဆို

စစ်ကောင်စီက အာရက္ခတပ်တော် (AA) ကို ရန်ကုန်မြို့မှာ ဖမ်းမိတဲ့ မူးယစ်ဆေးဝါးအမှုမှာ ပါဝင်ပတ်သက်တယ်လို့ စွပ်စွဲထားမှုဟာ စစ်အစိုးရအဆက်ဆက် လုပ်လေ့လုပ်ထရှိတဲ့ နိုင်ငံရေးယုတ်မာမှုသာ ဖြစ်တယ်လို့ AA က ထုတ်ပြန်လိုက်ပါတယ်။
Read More

ပင်လယ်ဘူးမြို့ကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်နိုင်ပြီလို့ KIA တရားဝင်ထုတ်ပြန်

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့ကို အောက်တိုဘာ ၈ရက် မနက််ပိုင်းမှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သတင်းပြန်ကြားရေးဌာနက ဒီနေ့ အောက်တိုဘာ ၉ ရက်နေ့မှာ အသိပေး ထုတ်ပြန်ပါတယ်။
Read More

အရပ်သားများကို ဗုံးကြဲပြီးပြန်သည့် စစ်တပ် Gyrocopter တစ်စီး ပျက်ကျပြီး အကြမ်းဖက်စစ်သား ၂ ဦး သေ

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ မန်ကျည်းကုန်းတောင်ရွာကို ဗုံးကြဲပြီးပြန်တဲ့ စစ်တပ် Gyrocopter တစ်စီး ပျက်ကျပြီး စစ်သား ၂ယောက် သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာနနဲ့ PDF တပ်ရင်း-၃ အာဠာဝကစစ်ကြောင်းတို့က အသီးသီး ထုတ်ပြန်ထားပါတယ်။
Read More

စစ်အာဏာရှင်လက်အောက်ကနေ ရုန်းမထွက်နိုင်လို့ အသုံးတော်ခံဘဝ ရောက်ကြရတဲ့ အနုပညာရှင်များ

စစ်ကော်မရှင်ကို ထောက်ခံသည်ဖြစ်စေ၊ မထောက်ခံသည်ဖြစ်စေ၊ အတုအယောင် ‌ရွေးကောက်ပွဲကို လက်ခံချင်သည်ဖြစ်စေ၊ လက်မခံချင်သည်ဖြစ်စေ ပြည်တွင်းမှာရှိတဲ့ နာမည်ကြီး အနုပညာရှင်အားလုံး အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲကြော်ငြာဆိုင်းဘုတ်ရှေ့ကို ရောက်ရှိလာခဲ့ပါပြီ။