စစ်ကိုင်းတိုင်းအတွင်းက အကြမ်းဖက်စစ်တပ် တပ်မ ၃၃ ကနေ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို အောက်တိုဘာ ၁၀ ရက်က ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်သံပြာကာ ယာဉ် ၄ စီးကို တိုက်ခိုက်ခဲ့တယ်လို့ Brave Heart Army – BHA အဖွဲ့ထံက သိရပါတယ်။

အကြမ်းဖက်စစ်တပ်သံပြာကာ ယာဉ် ၄ စီးကို မုံရွာချောင်းဦးလမ်းပိုင်းတစ်နေရာမှာ တော်လှန်ရေးတပ်တွေက အသင့်စောင့်ဆိုင်းပြီး ပြောက်ကျားပစ်ခတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအနီး ၁ စီး ထိုးရပ်သွားပြီး အကြမ်းဖက်စစ်သား ၁ ယောက်သေသွားတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်သားကင်းပုန်းတွေနဲ့ ယာဉ်ပေါ်မှာရှိတဲ့ စစ်သားတွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ပြည်သူ့ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို BRAVE HEART ARMY-BHA က ဦးဆောင်ပြီး CHINDWIN FIGHTER GROUP-CFG နဲ့ လက်တွဲညီညီပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် တပ်မ(၅၅) လက်အောက်ခံ ခမရ(၁၁၂) တပ်သား- နေလင်း၏ ပြောကြားချက် (ရုပ်/သံ)

အာဏာရှင်ပြုတ်ကျရေးအတွက် ရဲဘော်တွေကို ကယ်တင်ပေးနေတဲ့ ဆေးမှူး (ရုပ်/သံ)
Read More

“မြေပြင်အရောက် ရိက္ခာခြောက်” (ရုပ်/သံ)

ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် - PRF ကနေ ထောက်ပို့တပ်သားတွေရဲ့ တာဝန်ထမ်းဆောင်ငွေတွေကို PDF ရဲဘော်တွေရဲ့ စားနပ်ရိက္ခာနဲ့ အထွေထွေ အသုံးစရိတ်အတွက် အဓိက အသုံးပြုပြီး အကြိမ်အရေအတွက်အလိုက် ပို့ဆောင်ပေးလျက်ရှိကြောင်း ဖော်ပြထားခဲ့ပြီး ဖြစ်ပါတယ်။ PDF ရဲဘော်တွေဆီကနေလည်း လက်ခံရရှိကြောင်းကို ရုပ်သံနဲ့ဖြစ်စေ ၊ စာနဲ့ဖြစ်စေ ပြန်လည်ပေးပို့တာကြောင့် ပြည်သူများ သိရှိစေဖို့ လူမှုကွန်ရက်မှာ ပြန်လည်ဖော်ပြခဲ့၊ ဖော်ပြလျက် ရှိပါတယ်။ မကြာခင်မှာလည်း စာရင်းဇယားနဲ့ ထပ်မံဖော်ပြပေးဦးမှာ ဖြစ်ပါတယ်။
Read More

အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်ကာကင်းစခန်းကို KIA တပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက် (ရုပ်/သံ)

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးနဲ့ ကန်ပိုက်တီလမ်း စင်ကြိုင်ကျေးရွာအနီးက အမှတ် ၁၀၀၃ နယ်ခြားစောင့်ကာကင်းစခန်းကို ဒီနေ့ စက်တင်ဘာ ၁၈ ရက်မှာ KIA တပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။
Read More

ပုလောမြို့နယ်အတွင်းက အကြမ်းဖက်စစ်တပ်စခန်းတွေကို ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက် (ရုပ်/သံ)

တနင်္သာရီတိုင်း ပုလောမြို့နယ်အတွင်းက ခလရ ၁၇ တပ်ရင်း၊ ပလရဲစခန်းနဲ့ တာဝါတိုင်စခန်းတွေကို ၄ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပုလော ပကဖထံက သိရပါတယ်။
Read More

စစ်စခန်းကုန်းများကို အမှုန့်ကြိတ်မည့် လူလိုက်ပါနိုင်သည့် ဒရုန်းစွမ်းဆောင်ရည် (ရုပ်/သံ)

လူကိုယ်တိုင် လိုက်ပါနိုင်တဲ့ဒရုန်း မှတ်တမ်းရုပ်သံကို Federal Wings က ထုတ်ပြန်လိုက်ပါတယ်။
Read More

အင်အား ၅၀ ခန့်ရှိ စစ်အုပ်စုနဲ့ ၇နာရီကျော်ကြာ တိုက်ပွဲဖြစ်၊ စစ်သား ၆ ယောက်သေကာ ပျူ ၃ ယောက် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း အရာတော်မြို့ လေ့ကျင့်ရေး အမှတ် (၁၀) က ထွက်လာတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး အင်အား ၅၀ ခန့်ကို ဇန်နဝါရီ ၄ ရက် ညနေပိုင်းက တော်လှန်ရေးပူးပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် အမှတ်(၂၁) တပ်ရင်းထံက သိရပါတယ်။