သြစတေးလျနိုင်ငံ ကင်ဘရာမြို့မှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Mr. Tom Andrews က အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး ခွန်းဗဟန်းထန်၊ သြစတေးလျနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေ၊ CRPH /NUG Support Group Ausrialia National Team တို့နဲ့ အောက်တိုဘာလ ၁၀ ရက် မနေ့က တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

တွေ့ဆုံပွဲမှာ ကုလသမဂ္ဂအထူးစုံစမ်းရေးမှူး  Mr. Tom Andrews က အကြမ်းဖက်စစ်အုပ်စုကို လက်နက်ခဲယမ်း တင်ပို့ရောင်းချမှုတစ်ချို့ကိုတားဆီးလျော့ချနိုင်ခဲ့ပြီး ဆက်လက်ပြီးလည်း လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

(ဓာတ်ပုံ Ministry of Human Rights-NUG)

စင်္ကာပူနိုင်ငံအနေနဲ့ စစ်ကောင်စီကို ပံ့ပိုးနေမှုကို ၉၀ % ခန့်အထိ လျော့ချနိုင်ခဲ့သလို လေယာဉ်ဆီ တင်ပို့ရောင်းချမှုကို ဗီယက်နမ်ကနေ အဓိကတင်ပို့ရောင်းချနေတာကြောင့် ဗီယက်နမ်အနေနဲ့ ပိတ်ဆို့အရေးယူဖို့ တိုက်တွန်းပြောကြားသွားမှာဖြစ်တယ်လို့ Mr. Tom Andrews က ဆိုပါတယ်။

ဩစတေးလျအစိုးရကိုလည်း အကြမ်းဖက်စစ်အုပ်စုကို ပိတ်ဆို့အရေးယူဖို့ တိုက်တွန်းပြောကြားခဲ့ပြီး တချိန်တည်းမှာပဲ သြစတေးလျနိုင်ငံအနေနဲ့လည်း အကြမ်းဖက်စစ်အုပ်စုကို Universal Jurisdiction ကတဆင့် အရေးယူဆောင်ရွက်ပေးဖို့ တိုက်တွန်းပြောကြားခဲ့တယ်လို့ Mr. Tom Andrews က ဆိုပါတယ်။

ဒါ့အပြင် Mr. Tom Andrews က မြန်မာနိုင်ငံအပေါ် လူသားချင်းစာနာမှုအကူအညီပေးရာမှာလည်း အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မဟာမိတ်တိုင်းရင်းသားအဖွဲ့အစည်းတွေဆီ ချိတ်ဆက်ကူညီဆောင်ရွက်ပေးမှသာ အမှန်တကယ်လိုအပ်တဲ့နေရာတွေဆီ ရောက်ရှိနိုင်မှာဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။

(ဓာတ်ပုံ Ministry of Human Rights-NUG)

အကြမ်းဖက်စစ်အုပ်စုပြုလုပ်မယ့် ရွေးကောက်ပွဲဟာ အတုအယောင်သာဖြစ်ပြီး စစ်အာဏာရှင်အာဏာ တည်မြဲရေးအတွက် ပြုလုပ်နေတာဖြစ်တဲ့အတွက် နိုင်ငံတကာက အစိုးရတွေအနေနဲ့ ကန့်ကွက်ဖို့ လုပ်ဆောင်ဖို့ လိုတယ်လို့ Mr. Tom Andrews က ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုဆီ လေယာဉ်ဆီတင်ပို့နေတဲ့ ကုမ္ပဏီ အဖွဲ့အစည်းတွေကိုလည်း အသေးစိတ်စုံစမ်းစစ်ဆေးကာ ဖိအားပေးအရေးယူမှုတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ Mr. Tom Andrews က ဆိုပါတယ်။

မြန်မာ့အရေးအပေါ် တရုတ်အစိုးရရဲ့ စွက်ဖက်မှုကိုလည်း နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာအာဏာကို အခြားနိုင်ငံတာ စွက်ဖက်နေတာဖြစ်လို့ ကန့်ကွက်ကြောင်းနဲ့ ဂျပန်နိုင်ငံအနေနဲ့ အကြမ်းဖက်စစ်အုပ်စုအပေါ် သံတမန်ဆက်ဆံရေးလျော့ချမှုတွေ ပြုလုပ်လာနိုင်အောင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာလည်း တိုက်တွန်းနိုင်ခဲ့ကြောင်း စသဖြင့် မြန်မာ့အရေး ဆောင်ရွက်ခဲ့မှုနဲ့ တိုးတက်မှုအခြေအနေတွေကို Mr. Tom Andrews က ရှင်းလင်းပြောကြားခဲ့ပါတယ်။

(ဓာတ်ပုံ Ministry of Human Rights-NUG)
0 Shares:
You May Also Like
Read More

ငလျင်ဒဏ်သင့် ပြည်သူများ ကူညီကယ်ဆယ်ရေးအတွက် ဗီယက်နမ် ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ရောက်ရှိ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ဘေးသင့် မြန်မာပြည်သူတွေ ကူညီကယ်ဆယ်မှု ပြုလုပ်ဖို့အတွက် ဗီယက်နမ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနနဲ့ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေ မြန်မာနိုင်ငံကို ရောက်ရှိနေပြီလို့ ဗီယက်နမ် လေကြောင်းလိုင်း Vietjet က ထုတ်ပြန်ထားပါတယ်။
Read More

ကျားဖြန့်မှ နိုင်ငံခြားသားများကို မိခင်နိုင်ငံများ ပြန်လက်မခံမှာ ထိုင်းအစိုးရ စိုးရိမ်

နိုင်ငံခြားအစိုးရတွေအနေနဲ့ မြန်မာပြည်မှာ ထိန်းသိမ်းခံထားရတဲ့ မိမိနိုင်ငံသားတွေကို အမြန်ဆုံးပြန်ခေါ်အောင် ထိတွေ့ဆက်ဆံဖို့ ထိုင်းဒုဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးက နိုင်ငံခြားရေးဝန်ကြီးကို အမိန့်ပေးလိုက်ပါတယ်။
Read More

ထိုင်းနိုင်ငံရှိ ကားအပိုပစ္စည်းစက်ရုံမှ မြန်မာအလုပ်သမား ၁၈ ဉီး အကြောင်းမဲ့ အလုပ်ထုတ်ပယ်ခံရမှု ကူညီဆောင်ရွက်ပေးခဲ့ဟု NUG အလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်

ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့နယ်ရှိ ကားအပိုပစ္စည်းစက်ရုံက မြန်မာ အလုပ်သမား ၁၈ ယောက်က အကြောင်းမဲ့ အလုပ်ကနေ ထုတ်ပယ်ခံရတာကို ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ အလုပ်သမားဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
Read More

မြန်မာ့အရေးကို သတိကြီးကြီးထား ချဉ်းကပ်နေတယ်လို့ အာဆီယံဥက္ကဋ္ဌ ပြော

မြန်မာပြည်မှာ ငြိမ်းချမ်းရေးရဖို့ အရေးကြီးတာကြောင့် အာဆီယံအနေနဲ့ မြန်မာ့အရေး သတိကြီးကြီးထားပြီး တဖြည်းဖြည်း လုပ်ဆောင်နေကြောင်း အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟန်က ဇန်နဝါရီလ ၂၂ ရက်နေ့က ပြုလုပ်တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ပြောပါတယ်။
Read More

ကန်ချနဘူရီမှ တောအုပ်တခုတွင် တရားမဝင် မြန်မာရွှေ့ပြောင်း ၁၆၂ ဦး ဖမ်းဆီးခံရ

ထိုင်းနဲ့ မလေးရှားမှာ အလုပ်ဖို့အတွက် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်း ၁၆၂ ယောက်ကို ထိုင်းနိုင်ငံ၊ ကန်ချနဘူရီ၊ သောင်းဖဖုံခရိုင်က တောအုပ်တခုအတွင်းမှာ တနင်္ဂနွေနေ့က ဖမ်းဆီးရမိခဲ့တယ်လို့ ဒေသအာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။
Read More

မြန်မာစစ်တပ် ဆုံးရှုံးနယ်မြေတချို့ ပြန်ရယူခဲ့ကြောင်း အစိရင်ခံစာပြော၊ နယ်မြေအများစုကို တော်လှန်ရေးတပ်များက ဆက်လက်ထိန်းချုပ််ထားဆဲဟု သုတေသီဆို

မြန်မာစစ်တပ်ဟာ လွန်ခဲ့တဲ့ငါးနှစ် အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးအဖွဲ့များထံ ဆုံးရှုံးခဲ့ရတဲ့ နယ်မြေအချို့ကို ပြန်လည်ရယူနိုင်ခဲ့ကြောင်း အစီရင်ခံစာတရပ်မှာ ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံရဲ့ နယ်မြေအများစုကတော့ တော်လှန်ရေးအင်အားစုတွေရဲ့ လက်ထဲမှာ ဆက်ရှိနေဆဲဖြစ်တယ်လို့ သုတေသီက ဆိုပါတယ်။