ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ် ရေဖြူကန်ကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ်စခန်းကို စက်တင်ဘာ ၂၇ ရက် ညပိုင်းက တော်လှန်ရေးတပ်တွေ တိုက်ခိုက်ရင်း တောကျီးကန်း ၇ ကောင် တပ်ရင်းက ရဲဘော် ၂ ယောက်ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

တောကျီးကန်း ၇ ကောင်တပ်ရင်းဟာ ညောင်လေးပင်မြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်ကာ  အကြမ်းဖက်စစ်တပ်ကိုတိုက်ခိုက်နေတာဖြစ်ပြီးအခုကျဆုံးခဲ့ရတဲ့ရဲဘော်၂ယောက်ဟာတပ်ရင်းမှာပထမဆုံးကျဆုံးခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။

ပေးအပ်တဲ့ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ရင်း စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်ကာ ရဲရင့်စွာ ကျဆုံးခဲ့ရတဲ့ ရဲဘော်ကိုရှည်ကြီး နှင့် ရဲဘော်ရဲမာန်တို့ကို အာဇာနည်သူရဲကောင်းတွေအဖြစ် သတ်မှတ်ပြီး ရဲဘော်တို့ရဲ့ သတ္တိနဲ့ ပေးဆပ်စွန့်လွှတ်မှုတွေကို အစဉ်လေးစားဂုဏ်ပြုအပ်ပါကြောင်း တောကျီးကန်းစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ပုလဲမြို့နယ် ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲ မှတ်တမ်းရုပ်သံဖိုင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ထုတ်ပြန်

ကန့်ဒေါင့်ရွာနဲ့ ၃ မိုင်ကွာဝေးတဲ့ အင်မထီးရွာကို စစ်ကောင်စီက Mi17 ရဟတ် ယာဉ်နဲ့ အကြိမ်ကြိမ် စစ်ကူပေးပို့ခဲ့ပေးမယ့် PLA နဲ့ မဟာမိတ်တပ်ပေါင်းစုတွေက စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက် ဟန့်တားခဲ့တယ်လို့ သိရပါတယ်။
Read More

ဝေါမြို့နယ် သူရဲသူမိန် ရဲစခန်းနှင့် လက်နက်ကြီး တာဝါတိုင်ကို ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း ဝေါမြို့နယ် သူရဲသူမိန်ရဲစခန်းနဲ့ လက်နက်ကြီးတပ်ဆင်ထားတဲ့ တာဝါတိုင်ကို ရော့ကတ် တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင်ပကဖက ထုတ်ပြန် ထားပါတယ်။
Read More

မွန်ပြည်တော်လှန်ရေးတပ် (MSRF) ရဲ့ ရှေးဦးသူနာပြုနဲ့ အသက်ကယ်ဆယ်ရေးသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ (ရုပ်/သံ)

မွန်ပြည်တော်လှန်ရေးတပ် (MSRF) ရဲ့ရှေးဦးသူနာပြုနဲ့ အသက်ကယ်ဆယ်ရေး သင်တန်းဆင်းပွဲ အခမ်းအနားကို ၄င်းတို့ရဲ့တပ်စခန်းမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ MSRF  က ယမန်နေ့ ဩဂုတ်လ ၁၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
Read More

မြင်းခြံခရိုင်အတွင်း စစ်ဘေးရှောင်မိသားစု ကျန်ရစ်ခဲ့တဲ့ အဘွားအိုကို PDF ရဲဘော်များ ကယ်တင် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်း အကြမ်းဖက်စစ်အုပ်စု စစ်ကြောင်းဝင်လာတဲ့အတွက် စစ်ဘေးရှောင် မိသားစုကျန်ရစ်ခဲ့တဲ့ အဘွားအိုကို ကယ်တင်ခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း ၃ ရဲဘော်တစ်ယောက်က လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။
Read More

မန္တလေးမြို့ရှိ ရွှေဇာမဏီရွှေဆိုင်ကို သေနတ်ကိုင်လူ တစ်စုက ဓားပြမှုဖြစ်ပွား (ရုပ်/သံ)

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရပ်ကွက် ၁၀၃x၁၀၄ လမ်းကြား ၅၅ လမ်းပေါ်ရှိ ရွှေဇာမဏီရွှေဆိုင်ကို ဧပြီ ၂၈ ရက် မနေ့နေ့လယ်ပိုင်းမှာ သေနတ်ကိုင်လူတစ်စုက ဝင်ရောက် ဓား ပြတိုက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

ပခုက္ကူမြို့နယ် အောင်သာဘဲရွာသစ်ပျူစခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်၊ ရဲဘော် ၁ ဦး ဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အောင်သာဘဲရွာသစ်မှာ အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်ပျူစခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ရဲဘော် ၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ Ayar Daung တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။