ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မူးမြို့နယ်နဲ့ ကျောက်ကြီးမြို့နယ်တို့အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူတွေကို ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေ ပစ်ခတ်ခြင်း၊ မိုင်းထောင်ခြင်းတို့ကြောင့် ပြည်သူပိုင်နေအိမ် () လုံး ထိခိုက်ပျက်စီးခဲ့ပြီး အရပ်သား ပြည်သူ () ယောက် ထိခိုက်ဒဏ်ရာရှိကာ အရပ်သား () ယောက် ဖမ်းဆီး ညှင်းပန်းနှိပ်စက်ခံခဲ့ရတယ်လို့ ကရင်အမျိုးသားအစည်အရုံး – KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။

မူးမြို့နယ်အတွင်း အောက်တိုဘာ () ရက် မနက်ပိုင်းမှာ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တို့ ရေအိုးစဉ် ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ရေအိုးစဉ်ကျေးရွာက ဒေသခံ () ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ () ရက် ညနေပိုင်းမှာလည်း အကြမ်းဖက်စစ်ကောင်စီတပ်က မအူပင်ကျေးရွာအတွင်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၁ လုံး ထိမှန်ပျက်စီးခဲ့ပြီး ညနေပိုင်းမှာလည်း ခမရ၄၃၉ တပ်ရင်းက ငနုဆန်းကျေးရွာအတွင်း လက်နက်ကြီး () လုံး ပစ်ခတ်ခဲ့ရာ လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲမှုကြောင့် ငနုဆန်း ကျေးရွာမှာ ကျောင်းတက်ရောက်နေတဲ့ ကညင်ဒိုင်း ကျေးရွာက အသက် (၁၃)နှစ်အရွယ် ကလေးငယ် ဝမ်းဗိုက်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ကျောက်ကြီးမြို့နယ်၊ ကျောင်းစိုးကျေး ရွာအနီး အကြမ်းဖက်စစ်ကောင်စီတပ် ခမရ၂၀ နဲ့ ခလရ၂၆၄ ပူးပေါင်းတပ်တို့ စစ်ကြောင်းထိုးဝင်လာချိန်အတွင်း ထောင်ထားတဲ့ မိုင်းကို အောက်တိုဘာ () ရက်  နေ့လယ်ပိုင်းမှာ ကျေးရွာအနီး နွားကျောင်း နေတဲ့ ရွာသား ၁ ယောက် နင်းမိပြီး ဘယ်ဘက်ခြေထောက် ဖြတ်တောက်ခဲ့ရတယ်လို့ သိရပါတယ်။

အောက်တိုဘာ () ရက်နေ့ ညပိုင်းမှာလည်း အကြမ်းဖက်စစ်ကောင်စီတပ် ခလရ၂၆၄ တပ်ရင်းက (၁၂၀) မမ () လုံး ပစ်ခတ်ခဲ့ ရာ အင်းပုရိ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ကျေးရွာနေ (၂၄) နှစ်အရွယ် အမျိုးသား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ဆိုပါတယ်။

အောက်တိုဘာ () ရက်အချိန်မှာ (ဗမာ) ဝက်လာတော ကျေးရွာသားဖြစ်တဲ့ အသက် (၂၅) နှစ်အရွယ် အမျိုးသားကို ကျောက်တံခါးမြို့ပေါ်မှာ ဈေးသွားဝယ်ချိန်အတွင်း စစ်ကောင်စီတပ် လက်အောက်ခံ ကျောက်တံခါး ရဲတပ်ဖွဲ့တွေက ရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်နှိပ်စက်ပြီး အောက်တိုဘာ () ရက်မှာ ငွေ () သိန်း အတင်းအဓမ္မတောင်းခံပြီးနောက် ပြန်လွှတ်ပေးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

 

အကြမ်းဖက်စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ဒရုန်းပစ်ခတ်မှုတွေကြောင့် ထိခိုက်ပျက်စီးဒဏ်ရာရရှိမှုများ (ဓာတ်ပုံ KNU)

0 Shares:
You May Also Like
Read More

ကရင်နီတွင် တော်လှန်ရေးတပ်ဖွဲ့များ၏ စည်းလုံးမှုနှင့် ပြည်သူလူထု တသားတည်းရှိမှုကို ပြသရန် တွေ့ဆုံပွဲပြုလုပ်

တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပြည်သူလူထု တသားတည်းရှိနေကြောင်း ပြသဖို့အတွက် တွေ့ဆုံပွဲ အခမ်းအနားတစ်ခုကို ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်း လွတ်မြောက်နယ်မြေ တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း (၄) က ထုတ်ပြန်ပါတယ်။
Read More

ရေတာရှည်နှင့် တန့်ဆည်တွင် တိုက်ပွဲမရှိဘဲ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ အရပ်သား ၂ဦး သေဆုံးပြီး ဘုရားစေတီ၊ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများ ထိခိုက်ပျက်စီး

ရေတာရှည်နဲ့ တန့်ဆည်မြို့နယ်တို့မှာ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ရာ အရပ်သား ၂ယောက်သေဆုံးပြီး ဘုရားစေတီ၊ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့တော်လှန်ရေးတပ်ဖွဲ့တွေက မောင်းကိုပြောပါတယ်။
Read More

အင်းတော်မြို့ကို တော်လှန်ရေးတပ်တွေ အပြီးသတ် သိမ်းပိုက်

စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ အင်းတော်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ထိုးစစ်ဆင်မှု ၈ လနီးပါး ကြာမြင့်ပြီးနောက် ဧပြီလ ၇ ရက် မနေ့ က ညပိုင်းမှာ အပြီးသတ် သိမ်းပိုက်နိုင်လိုက်ပြီလို့ ရှေ့တန်းသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

မြန်မာ့ပြည်တွင်းရေးစွက်ဖက်နေတဲ့ တရုတ်ကို ဩစတြေးလျရောက်မြန်မာများ ကန့်ကွက်ဆန္ဒပြ (ဓာတ်ပုံသတင်း)

မြန်မာ့ပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်နေသည့် တရုတ်အစိုးရအား ဆန့်ကျင်ရှုတ်ချတဲ့ လှုပ်ရှားမှုအဖြစ် ဩစတြေးရောက် မြန်မာတွေက ပြုလုပ်ခဲ့ကြပါတယ်။
Read More

ကေတုမတီလေတပ်စခန်းကို ရှော့တိုက်ဒုံး ၈လုံး အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်၊ ထိခိုက်မှုများနိုင်

စစ်ကောင်စီရဲ့ တောင်ငူ (ကေတုမတီ) လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ၈လုံးကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။
Read More

ရခိုင်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် စာရင်းပေးထားသူများအနက် ထက်ဝက်ကျော် ပျက်ကွက်၊ မြို့နယ် ၃ ခုတွင်သာ စစ်ကောင်စီ စာမေးပွဲကျင်းပနိုင်

ရခိုင်ပြည်နယ်ရဲ့ မြို့နယ် ၃ ခုမှာသာ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနိုင်ပြီး ဖြေဆိုသူဖို့ရှိတဲ့ လူဦးရေထက် ထက်ဝက်ကျော် ပျက်ကွက်ခဲ့တယ်လို့  အာဏာသိမ်းစစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။