သြစတေးလျနိုင်ငံ ကင်ဘရာမြို့မှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Mr. Tom Andrews က အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး ခွန်းဗဟန်းထန်၊ သြစတေးလျနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေ၊ CRPH /NUG Support Group Ausrialia National Team တို့နဲ့ အောက်တိုဘာလ ၁၀ ရက် မနေ့က တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

တွေ့ဆုံပွဲမှာ ကုလသမဂ္ဂအထူးစုံစမ်းရေးမှူး  Mr. Tom Andrews က အကြမ်းဖက်စစ်အုပ်စုကို လက်နက်ခဲယမ်း တင်ပို့ရောင်းချမှုတစ်ချို့ကိုတားဆီးလျော့ချနိုင်ခဲ့ပြီး ဆက်လက်ပြီးလည်း လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

(ဓာတ်ပုံ Ministry of Human Rights-NUG)

စင်္ကာပူနိုင်ငံအနေနဲ့ စစ်ကောင်စီကို ပံ့ပိုးနေမှုကို ၉၀ % ခန့်အထိ လျော့ချနိုင်ခဲ့သလို လေယာဉ်ဆီ တင်ပို့ရောင်းချမှုကို ဗီယက်နမ်ကနေ အဓိကတင်ပို့ရောင်းချနေတာကြောင့် ဗီယက်နမ်အနေနဲ့ ပိတ်ဆို့အရေးယူဖို့ တိုက်တွန်းပြောကြားသွားမှာဖြစ်တယ်လို့ Mr. Tom Andrews က ဆိုပါတယ်။

ဩစတေးလျအစိုးရကိုလည်း အကြမ်းဖက်စစ်အုပ်စုကို ပိတ်ဆို့အရေးယူဖို့ တိုက်တွန်းပြောကြားခဲ့ပြီး တချိန်တည်းမှာပဲ သြစတေးလျနိုင်ငံအနေနဲ့လည်း အကြမ်းဖက်စစ်အုပ်စုကို Universal Jurisdiction ကတဆင့် အရေးယူဆောင်ရွက်ပေးဖို့ တိုက်တွန်းပြောကြားခဲ့တယ်လို့ Mr. Tom Andrews က ဆိုပါတယ်။

ဒါ့အပြင် Mr. Tom Andrews က မြန်မာနိုင်ငံအပေါ် လူသားချင်းစာနာမှုအကူအညီပေးရာမှာလည်း အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မဟာမိတ်တိုင်းရင်းသားအဖွဲ့အစည်းတွေဆီ ချိတ်ဆက်ကူညီဆောင်ရွက်ပေးမှသာ အမှန်တကယ်လိုအပ်တဲ့နေရာတွေဆီ ရောက်ရှိနိုင်မှာဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။

(ဓာတ်ပုံ Ministry of Human Rights-NUG)

အကြမ်းဖက်စစ်အုပ်စုပြုလုပ်မယ့် ရွေးကောက်ပွဲဟာ အတုအယောင်သာဖြစ်ပြီး စစ်အာဏာရှင်အာဏာ တည်မြဲရေးအတွက် ပြုလုပ်နေတာဖြစ်တဲ့အတွက် နိုင်ငံတကာက အစိုးရတွေအနေနဲ့ ကန့်ကွက်ဖို့ လုပ်ဆောင်ဖို့ လိုတယ်လို့ Mr. Tom Andrews က ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုဆီ လေယာဉ်ဆီတင်ပို့နေတဲ့ ကုမ္ပဏီ အဖွဲ့အစည်းတွေကိုလည်း အသေးစိတ်စုံစမ်းစစ်ဆေးကာ ဖိအားပေးအရေးယူမှုတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ Mr. Tom Andrews က ဆိုပါတယ်။

မြန်မာ့အရေးအပေါ် တရုတ်အစိုးရရဲ့ စွက်ဖက်မှုကိုလည်း နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာအာဏာကို အခြားနိုင်ငံတာ စွက်ဖက်နေတာဖြစ်လို့ ကန့်ကွက်ကြောင်းနဲ့ ဂျပန်နိုင်ငံအနေနဲ့ အကြမ်းဖက်စစ်အုပ်စုအပေါ် သံတမန်ဆက်ဆံရေးလျော့ချမှုတွေ ပြုလုပ်လာနိုင်အောင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာလည်း တိုက်တွန်းနိုင်ခဲ့ကြောင်း စသဖြင့် မြန်မာ့အရေး ဆောင်ရွက်ခဲ့မှုနဲ့ တိုးတက်မှုအခြေအနေတွေကို Mr. Tom Andrews က ရှင်းလင်းပြောကြားခဲ့ပါတယ်။

(ဓာတ်ပုံ Ministry of Human Rights-NUG)
0 Shares:
You May Also Like
Read More

ဒီပဲယင်း စာသင်ကျောင်း တိုက်ခိုက်ခံရမှုအပါ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အချက်အလက်များ IIMM တောင်းခံ 

ကျောင်းသားကျောင်းသူ ၂၂ ယောက်နဲ့ ဆရာမ ၂ ယောက် သေဆုံးခဲ့တဲ့ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းရွာ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုအပါအဝင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှု ယန္တရား IIMM က တောင်းခံထားပါတယ်။ 
Read More

ထိုင်းအစိုးရအဖွဲ့သစ် ကျမ်းကျိန်ပွဲကို ရာထူးဆိုင်းငံ့ခံထားရသည့် ဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ် ယဥ်ကျေးမှုဝန်ကြီးအဖြစ် တက်ရောက် 

ရာထူးတာဝန်ကနေ ဆိုင်းငံ့ခံထားရတဲ့ ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်ဟာ အသစ်ဖွဲ့စည်းထားတဲ့  ထိုင်းအစိုးရအဖွဲ့သစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို ယဉ်ကျေးမှုဝန်ကြီးအဖြစ် တက်ရောက်လာခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြပါတယ်။ 
Read More

တိုကျို ဆန္ဒပြပွဲ ကိုထိန်လင်း ပူးပေါင်းပါဝင်

လတ်တလော နိုင်ငံအတော်များများမှာ ပြုလုပ်နေတဲ့ All in One Piece Movement ကို ဂျပန်နိုင်ငံ တိုကျိုမြို့မှာလည်း ဒီနေ့ ဒီဇင်ဘာ ၁၄ ရက်မှာ ပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းလည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်။
Read More

သတ္တုလုပ်ငန်းကြောင့် ညစ်ညမ်းလာသည့် မြစ်ရေကို သန့်စင်ရန် ထိုင်းအစိုးရဆည်ဆောက်ဖို့ပြင်

ရှမ်းပြည်နယ် အရှေ့ပိုင်းက သတ္တုတူးဖော်ရေးလုပ်ငန်းတွေကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်းက မြစ်တွေထဲ ပျော်ဝင်နေတဲ့ အန္တရာယ်ရှိပစ္စည်းတွေကို စစ်ထုတ်ဖို့အတွက် ထိုင်းအစိုးရအနေနဲ့ ရေတားဆည်တွေ တည်ဆောက်ဖို့ ပြင်ဆင်နေကြောင်း ထိုင်းဒုဝန်ကြီးချုပ် Phumtham Wechayachai က မေလ ၂၁ ရက်မှာ ပြောပါတယ်။
Read More

စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင် BIMSTEC ထိပ်သီးဆွေးနွေးပွဲ တက်ရောက်ခွင့်ရရှိလာနိုင်မည့်အပေါ် Justice For Myanmar ကန့်ကွက်

ထိုင်းနိုင်ငံမှာ ကျင်းပမယ့် ဘင်းမ်စတက် (BIMSTEC) ထိပ်သီးဆွေးနွေးပွဲကို အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်မယ့် အစီအစဉ်ဟာ မြန်မာပြည်သူတွေ မျှော်လင့်နေတဲ့ ဒီမိုကရေစီ မျှော်မှန်းချက်ကို စော်ကားလိုက်တာလို့ Justice For Myanmar က ထုတ်ပြန်ကန့်ကွက်လိုက်ပါတယ်။
Read More

စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့် မြန်မာစစ်အုပ်စုနှင့် ဆက်လက်ထိတွေ့ဆက်ဆံရန် အာဆီယံ စီစဉ်လုပ်ဆောင်နေမှုအား Defend Myanmar Democracy ရှုတ်ချ၊ “အာဆီယံရဲ့ သိက္ခာက သူတို့ရဲ့ အပြောတမျိုးအလုပ်တမျိုး ကြောင်သူတော်လုပ်ရပ်တွေ အောက်မှာပဲ တစစီပြိုလဲပျက်စီးနေပါပြီ”

မလေးရှားနိုင်ငံက ဥက္ကဌအဖြစ် ဦးဆောင်ကျင်းပမယ့် ၄၆ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးအတွက် အာဆီယံက ပြင်ဆင်နေရာ မြန်မာစစ်အုပ်စုနဲ့ ဆက်လက်ထိတွေ့ဆက်ဆံဖို့ စီစဉ်လုပ်ဆောင်နေတဲ့အပေါ် ရှုတ်ချကြောင်း Defend Myanmar Democracy (DMD) က ထုတ်ပြန်ပါတယ်။