ပဲခူးတိုင်း၊ ဇရစ်စမ်းကျေးရွာနားက ချောင်းမကျည်းဆည်အနီး တစ်နေရာမှာ PDF ရဲဘော်၂ယောက် အသတ်ခံရပြီး ၃ ယောက်ကတော့ စစ်ကောင်စီရဲ့ဖမ်းဆီးခြင်းခံလိုက်ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၅ ရက်၊ နေ့လယ်ပိုင်းမှာ PDF ရဲဘော် ၈ ယောက် ပဲခူးအနောက်ခြမ်းဘက်ကိုအသွား လမ်းမှာ ၃ ယောက်က ဖမ်းဆီးခံလိုက်ရတာ ဖြစ်တယ်လို့ သိရပါတယ်။

နောက်တစ်ရက်မှာ ကျန်တဲ့ ရဲဘော် ၅ ယောက်ကို ချောင်းမကျည်းဆည်အနီးမှာ စစ်ကောင်စီတပ်တွေ လာရောက်ဖမ်းဆီးစဉ် ရဲဘော် ၃ ယောက်ထွက်ပြေး လွတ်မြောက်သွားပြီး ၂ ယောက်ကတော့ ပစ်ခတ်မှုကြောင့် သေဆုံးသွားတယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်မှာ PDF ရဲဘော်တွေထံက လက်နက်၊ လက်ပစ်ဗုံး၊ ကျည်ဆန်နဲ့ စစ်အသုံးအဆောင်ပစ္စည်း အများအပြားကို တပြိုင်တည်း သိမ်းဆည်းခံလိုက်ရကြောင်း စစ်ကောင်စီရဲ့ လော်ဘီချန်နယ်တွေမှာ ဖော်ပြထားကြပါတယ်။

စစ်ကောင်စီရဲ့ လော်ဘီချန်နယ်တွေမှာတော့ PDF အဖွဲ့တွေကို ပစ်ခတ်ဖမ်းဆီးရာမှာ ၂ ယောက် သေဆုံးပြီး ၃ ယောက် ဖမ်းဆီးရမိထားသလိုသေနတ်မျိုးစုံ ၁၀ လက်၊ ကျည်မျိုးစုံ ၄၀၀၀ ကျော်၊ လက်ပစ်ဗုံး ၇ လုံး၊ ကျည်အိမ် ၃ ခု၊ အိုင်ကွန် ၄ လုံး၊ ဒရုန်းနဲ့ ဆက်စပ်ပစ္စည်းတွေ၊ ဆိုင်ကယ်တွေပါ ဖမ်းဆီးရမိထားတယ်လို့ ဓာတ်ပုံတွေနဲ့ ဖော်ပြထားကြပါတယ်။

(ဓာတ်ပုံ စစ်ကောင်စီ လော်ဘီချန်နယ်)

0 Shares:
You May Also Like
Read More

တနင်္သာရီတိုင်းမှာ ၂၀၂၄ ခုနှစ်အတွင်း PDF ၊ ပကဖ နဲ့ တော်လှန်ရေးတပ်တွေ စစ်ကောင်စီတပ်စခန်း ၁၁ ခု သိမ်းပိုက်နိုင်ခဲ့

တနင်္သာရီတိုင်းမှာ ၂၀၂၄ ခုနှစ်အတွင်း မောထစခန်း၊ ပဲဒတ်စခန်းနဲ့ သိန္တောရွာစခန်းတို့အပါအဝင် အကြမ်းဖက်စစ်ကောင်စီတပ်စခန်း ၁၁ ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် - PDF ၊ ပကဖ နဲ့ တော်လှန်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပကဖ အသံက သတင်းဖော်ပြထားပါတယ်။
Read More

စစ်တပ်က ဖမ်းဆီးထားတဲ့ ပြည်သူတစ်ယောက် သေနတ် ၂ လက် ခိုးယူထွက်ပြေးလွတ်မြောက်ခဲ့ရာက သိန်း ၁၀၀ ချီးမြှင့်ငွေ ရရှိခဲ့

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရတဲ့ ပြည်သူတစ်ယောက်ဟာ စစ်သားတွေရဲ့ သေနတ် ၂ လက်နဲ့ ခဲယမ်းတွေကို ခိုးယူကာ ထွက်ပြေးလွတ်မြောက်လာတယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - CHU PDF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မန္တလေး ဂရိတ်ဝေါဟိုတယ်အတွင်း ပိတ်မိနေသူများကို ကယ်ဆယ်ထုတ်ယူခွင့်မပြုသည့်အပေါ် ဝေဖန်တောင်းဆိုမှုများ မြင့်တက်နေ

ငလျင်ဒဏ်အပြီး တစ်ပတ်နီးပါးရှိလာချိန် ဟိုတယ်အတွင်း ကျန်ရစ်တဲ့ ပိတ်မိနေသူတွေကို  ကယ်ဆယ်ရှာဖွေခွင့် ကန့်သတ်ပိတ်ပင်ထားတဲ့ မန္တလေး ဂရိတ်ဝေါဟိုတယ်အပေါ်  ကျန်ရစ်တဲ့ မိသားစုဝင်တွေက ငိုယိုအကူညီတောင်းခံနေကြကြောင်း သိရပါတယ်။ 
Read More

မြိုင်တွင် ဘုန်းကြီးကျောင်းနှင့်နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး လေကြောင်းအဆက်မပြတ်သုံးခဲ့သည့် စစ်ကောင်စီတပ်များ ပခုက္ကူသို့ ပြန်ဆုတ်ခွာ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်ရှိ ကျေးရွာတွေကို စစ်ကြောင်းဝင်ရောက်ခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ဘုန်းကြီးကျောင်းနဲ့ အရပ်သားနေအိမ် အလုံး ၄၀ နီးပါးကို မီးရှို့ဖျက်ဆီးရင်း ပခုက္ကူတပ်မ ၁၀၁ ပြန်လည်ဝင်ရောက်သွားပြီဖြစ်တယ်လို့ မြိုင်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ရွှေပြည်သာမြို့နယ်ရှိ ခလရ ၆ တပ်ရင်းကို ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၆ တပ်ရင်းစခန်းကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ညောင်ကျိုးစခန်း ကို သိမ်းပိုက်ခဲ့အပြီး ကပစ စက်ရုံတွေကို အနီးကပ်ခြိမ်းခြောက်လာပြီဖြစ်တဲ့ AA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ထိုးစစ်

အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်နဲ့ ပဲခူးရိုးမအစပ်ကြားက ပန်းတောင်းမြို့နယ်၊ ညောင်ကျိုး စစ်တပ်စခန်းကို ပြီးခဲတဲ့ မတ်လ ၁၄ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ပြီလို့ သိရပါတယ်။