တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာဖမ်းဆီးထိန်းသိမ်းထားတဲ့ သန်းခေါင်စာရင်းကောက်ခံသူ စစ်ကောင်စီဝန်ထမ်း ၉ယောက်ကို ဥပဒေအတိုင်းဆက်လက်လုပ်ဆောင်နိုင်ဖို့ လောင်းလုံးမြို့နယ်၊ ပြည်သူအုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ထံ လွှဲပြောင်းအပ်နှံထားကြောင်း သိရပါတယ်။

အောက်တိုဘာလ ၆ ရက်နေ့က လောင်းလုံးမြို့နယ်ကနေ ထားဝယ်မြို့ကိုသွားတဲ့လမ်းပိုင်းနဲ့နေအိမ်တွေမှာ သန်းခေါင်စာရင်းကောက်ယူဖို့ကြိုးစားနေတဲ့ စစ်ကောင်စီလက်အောက်ခံ ထွေအုပ်စာရေး၁ယောက်နဲ့ Non CDM ဆရာမ ၈ယောက်ကို သက်သေခံပစ္စည်းတွေနဲ့အတူ လောင်းလုံးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးရမိသူတွေကို သက်သေအထောက်အထားတွေနဲ့တကွ ဗီဒီယိုမှတ်တမ်း၊ ဓာတ်ပုံမှတ်တမ်းတွေ ရယူခဲ့ပြီး ၂၄နာရီအတွင်း ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်းဆောင်ရွက်နိုင်ဖို့ လောင်းလုံးမြို့နယ် ပအဖထံ အပ်နှံခဲ့တာလို့ သိရပါတယ်။

ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေရဲ့သက်သေခံပစ္စည်းများ (ဓာတ်ပုံ LLPDF)

ဟုတ် အခုတော့ သူတို့နဲ့အတူ သက်သေခံပစ္စည်းတွေ၊ ဖုန်းတွေ၊ စာရွက်စာတမ်းတွေကနေတဆင့် ဆက်လက်စစ်ဆေးတာတွေကို လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကနေ ဆက်လက်ဆောင်ရွက်မှာပါ။ သိရှိရတဲ့အချက်အလက်တွေကိုတော့ အသေးစိပ်ပြောလို့မရသေးပါဘူးလို့ လောင်းလုံးမြို့နယ် ပကဖ ပြန်ကြားရေးတာ၀န်ခံ ကိုရှဲဒိုးက မောင်းကိုပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီက ထွက်ပေါက်တစ်ခုအနေနဲ့ လုပ်ဆောင်သွားမယ့် ရွေးကောက်ပွဲအတွက် သန်ခေါင်းစာရင်းကောက်ယူပေးနေကြတဲ့ Non CDM ဝန်ထမ်းတွေထဲ စစ်ကောင်စီရဲ့ ဖိအားပေးခိုင်းစေခံရသူတွေအပြင် ကိုယ်တိုင်ကိုယ်ကျ စိတ်ရောကိုယ်ပါ ပါဝင်နေသူတွေလည်းရှိတယ်လို့ လောင်းလုံး ပကဖ က ပြောပါတယ်။

မတရား ဖိအားပေးခံရတာကတော့ အားလုံးလိုလိုပါပဲ။ ဒီထဲကမှ တချို့ကျတော့လည်း လွန်ဆန်ပြီး မပါ၀င်ကြဘူး။ တချို့ကျတော့လည်း စိတ်ရောကိုယ်ပါ ပါ၀င်နေတာတွေ့ရပါတယ်။  လောင်းလုံးမြို့နယ်မှာဆို သန်းခေါင်စာရင်းကောက်ဖို့ သင်တန်းဆင်းထားတာ ၉၆ယောက်ရှိတယ်။ အားလုံးနီးပါးကတော့ မပတ်သက်ချင်ကြတော့တဲ့ သဘောတွေ့ရပါတယ်။ အကြပ်အတည်းကြားက ရှောင်ထွက်လိုကြတဲ့ပုံစံ တွေ့ရတယ်။ ကျနော်တို့ ဒီလိုဖမ်းဆီးပြလိုက်တော့ လောင်းလုံးမြို့ပေါ်မှာ သန်းခေါင်စာရင်းကောက်ယူဖို့ တွန့်ဆုတ်သွားတဲ့သဘောတွေ့ရပါတယ်လို့ လောင်းလုံးမြို့နယ် ပကဖ ပြန်ကြားရေးတာ၀န်ခံ ကိုရှဲဒိုးက ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတဝန်း သန်းခေါင်စာရင်းကောက်ယူမှုကို အောက်တိုဘာလ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ကောက်ယူသွားမယ်လို့ ကြေညာထားတာ ဖြစ်ပါတယ်။

ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေရဲ့သက်သေခံပစ္စည်းများ (ဓာတ်ပုံ LLPDF)
0 Shares:
You May Also Like
Read More

အညာမြေတပ်ပေါင်းစုမှ ရဲဘော်တစ်ဦး ဦးခေါင်းလက်နက်ကြီး ထိမှန်ကာ နောက်တစ်ဦး လည်ပင်း ကျည်ဖောက်ဝင်ခဲ့

မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်း အကြမ်းဖက်စစ်အုပ်စုနဲ့ ဖြစ်ပွားခဲ့တဲ့ ထိတွေ့တိုက်ပွဲတွေမှာ အညာမြေတပ်ပေါင်းစုရဲ့ တပ်ဖွဲ့ဝင်၂ယောက် အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အရေးပေါ်ဆေးကုသမှု ခံယူနေရကြောင်း အညာမြေတပ်ပေါင်းစု သတင်းတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က မောင်းကိုပြောပါတယ်။
Read More

ကျားဖြန့်ငွေလိမ်ဂိုဏ်းများကို ထိုင်းနှင့်ပေါင်းပြီး နှိမ်နင်းမည်ဟု အဆိုပါ ကျားဖြန့်များရဲ့ မြေရှင် စောချစ်သူ ကတိပေး

ထိုင်း-မြန်မာနယ်စပ်က ငွေလိမ်ဂိုဏ်းတွေကို ဖြိုခွင်းရာမှာ ထိုင်းအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီမဟာမိတ် ကရင်နယ်ခြားစောင့်ခေါင်းဆောင် စောချစ်သူက ကတိပေးလိုက်ပါတယ်။
Read More

ရွှေဘိုခရိုင် PDF အမှတ် (၉) တပ်ရင်း၏ (၄) နှစ်ပြည့် အခမ်းအနား

အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ အမှတ် (၁) စစ်ဒေသ ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ရွှေဘိုခရိုင်အမှတ် (၉) တပ်ရင်းရဲ့ တပ်တည်ထောင်ခြင်း (၄) နှစ်ပြည့် အခမ်းအနားကို သြဂုတ် ၈ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အမေရိကန်၏ ဗင်နီဇွဲလားနိုင်ငံအား ကျူးကျော်မှုကို မြန်မာနိုင်ငံ ကျောင်းသားသမဂ္ဂနှင့် မဟာမိတ်အဖွဲ့များ ပြင်းထန်စွာ ရှုတ်ချ

အမေရိကန်ရဲ့ စစ်ရေးကျူးကျော်မှုနဲ့ ဗင်နီဇွဲလားသမ္မတကို ဖမ်းဆီးခဲ့မှုအပေါ် မြန်မာနိုင်ငံ ကျောင်းသားသမဂ္ဂနဲ့ မဟာမိတ်အဖွဲ့တွေက ပြင်းထန်စွာ ရှုတ်ချကြောင်း ဇန်နဝါရီ ၄ ရက်နေ့က ထုတ်​ပြန်ကြေညာခဲ့ပါတယ်။
Read More

စစ်ကောင်စီ၏ မီးလောင်ဗုံးများကြောင့် လင်မယားနှစ်ယောက် ရှေ့ဆင့်နောက်ဆင့် သေဆုံး၊ ဒဏ်ရာပြင်းထန်တဲ့ ၁၀ တန်းကျောင်းသားလည်း ထပ်မံသေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက ကန်ကျေးရွာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုမှာ အရပ်သား ၃ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာ အပြင်းအထန်နဲ့ ဆေးကုသနေရသူ ၃ ယောက်ရှိကြောင်း ယောအလင်းတန်းအဖွဲ့ဝင် ကိုဘကောင်းက မောင်းကို​ ပြောပါတယ်။
Read More

စလင်းမြို့နယ်ဘက် တင့်ကား ၄ စီးဖြင့် စစ်ကြောင်းထိုးလာသည့် စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး ၃ ဦး သေ၊ ၇ ဦး ဒဏ်ရာရ၊ ၂ ဦး အရှင်ဖမ်းမိ

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်ဘက်ကို တင့်ကား ၄ စီး နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ယာဉ်တန်းကို ဇွန်လ ၁၄ ရက်နေ့မှာ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်မှာ ထိခိုက်သေဆုံးသူတွေရှိသလို အရှင်ဖမ်းဆီးရမိတာတွေလည်း ရှိခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် − ၅ တပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။