မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ကျောက်ကန်ပျူရွာကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။

အောက်တိုဘာ ၇ရက်နေ့ မနက်ပိုင်းက ကျောက်ကန်ရွာ ပျူစောထီးစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်နေချိန်အတွင်း စစ်ကူလာတဲ့ ခြေလျင်စစ်ကြောင်းနဲ့ လက်နက်ကြီးပစ်ကူပေးတဲ့ ကျောက်ပြုတ် ကျေးရွာမြောက်ဘက် ဘုရားကုန်းက စစ်တပ်စခန်းတွေကိုလည်း ပြည်သူ့လွတ်မြောက် ရေးတပ်မတော် (အနောက်မြောက်စစ်‌ဒေသ)နဲ့မဟာမိတ်အင်အားစုတွေကဒရုန်းတွေနဲ့ရောစစ်ကြောင်းဖြတ်တောက်မှုတွေနဲ့ပါပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်တွေအနေနဲ့ ကျောက်ကန်ရွာကို အပြီးသတ်တိုက်ခိုက်နိုင်ခဲ့ပေမယ့် စစ်ကောင်စီရဲ့ လေကြောင်းပစ်ကူနဲ့ လက်နက်ကြီးပစ်ကူတွေကြောင့် ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။

ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် စစ်ကောင်စီဘက်က လေကြောင်းပစ်ကူနဲ့ လက်နက်ကြီးပစ်ကူတွေ တောက်လျှောက် လာနေအတွက် ထိန်းချုပ်မထားနိုင်ခဲ့ပါဘူး။ အဲ့ရွာမှာ ပျူ ၊ စစ်သား အားလုံးပေါင်း ၅၀ ကျော်ရှိတာကို သေတာကပဲ ၁၀ ကောင်ကျော်လောက် ရှိတယ်။ ပွဲအပြီး ရှင်းလင်းရေးမဝင်နိုင်ခဲ့တော့ အလောင်းမရဘူးပေါ့။ လက်နက်ကတော့ ၁လက်ရခဲ့ပါတယ်။ ခဲယမ်းအချို့နဲ့ပေါ့လို့ အမှတ် ၈၁၅ တပ်ဖွဲ့၊ အနောက်မြောက်စစ်‌ဒေသ (ပြည်သူ့လွတ်မြောက် ရေးတပ်မတော်) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းကနေ ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ယောက်သေဆုံးခဲ့ရတယ်လို့လည်း သိရပါတယ်။

ကျောက်ကန်ရွာတိုက်ပွဲကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်အနောက်မြောက်စစ်ဒေသ(အမှတ် ၈၁၅ တပ်ဖွဲ့)၊ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့(PLA) Myingyan Black Tiger တပ်ရင်း၊​​ ရွှေခြံသားတပ်ဖွဲ့၊ မြင်းခြံခရိုင်အမှတ်(၁၊၂၊၃၊၄၊၇)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း ရှေ့တန်းတနေရာမှ PLA ရဲဘော်များ၊ စက်တင်ဘာ ၂၀၂၄ ခုနှစ်။ (ဓာတ်ပုံ PLA Facebook Page)
0 Shares:
You May Also Like
Read More

တွံတေး ပကဖ က အခြေခံစစ်သင်တန်း အပတ်စဉ် (၄) အတွက် သင်တန်းသားအသစ်ခေါ်ယူနေ

ရန်ကုန်တိုင်း ၊ တွံတေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ က စစ်သင်တန်း အပတ်စဉ် (၄) အတွက် သင်တန်းသားအသစ် တွေခေါ်ယူ‌နေတယ်လို့ သိရပါတယ်။
Read More

စဉ့်ကူးတွင် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁ ဦး ရုပ်အလောင်း မကျန်ရှိဘဲ သေဆုံးခဲ့

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် လက်ပန်လှကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသမီး ၁ ယောက် ရုပ်အလောင်း မကျန်ရှိဘဲ သေဆုံးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က နေ့က ထုတ်ပြန်ပါတယ်။
Read More

တရုတ်နဲ့ ထိုင်း ကြားခံဝင်ရောက်လာတဲ့ မြန်မာနယ်စပ်ကုန်သွယ်ရေးက စစ်ကောင်စီအတွက် အသက်ရှူပေါက်ဖြစ်နေ

တရုတ်နဲ့ထိုင်းဟာ မြန်မာနိုင်ငံက နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြန်လည်ဖွင့်လှစ်နိုင်ဖို့ တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီအကြား ဝင်ရောက်ညှိုနှိုင်းစေ့စပ် ဆွေးနွေးပေးနေတယ်လို့ ISP Myanmar ရဲ့ အစီရင်ခံစာတစ်ခုမှာ ဖော်ပြထားပါတယ်။
Read More

မတူပီမြို့နယ်အတွင်းက ပြည်ထောင်စုလမ်းမကြီးများကို CDF မတူပီကဖောက်လုပ်နေ (ဓာတ်ပုံသတင်း)

ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့-မတူပီ(တပ်မဟာ-၁) CDF-MATUPI (Brigade-1)အနေဖြင့် မတူပီမြို့နယ်အတွင်း ပြည်ထောင်စုလမ်းမများ၊ရွာချင်းဆက်လမ်းများကို အကောင်ထည်ဖော်ဖောက်လုပ်/ပြုပြင် လျှက်ရှိတယ်လို့ထုတ်ပြန်ပါတယ်။
Read More

စစ်ကိုင်းတိုင်းအတွင်း NUG စိုးမိုးနယ်မြေများမှာ ငလျင်ဘေး၊ မီးဘေးနဲ့ စစ်ဘေးသင့် ပြည်သူများကို ကုန်ခြောက်ရိက္ခာများ ထောက်ပံ့… (ဓာတ်ပုံသတင်း)

စစ်ကိုင်းတိုင်းအတွင်းရှိ ငလျင်ဘေးသင့်၊ မီးဘေးသင့်နဲ့ စစ်ရှောင်ပြည်သူတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ စစ်ကိုင်းမြို့နယ်အခွန်တော်အရာရှိနဲ့ တာဝန်ရှိသူတွေက ဆန်၊ ဆီနဲ့ ပဲတွေ ပေးပို့ထောက်ပံ့ပေးခဲ့တယ်လို့ NUG အစိုးရက ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဂွမြို့နယ် ကူတို့လေးကျေးရွာကို အကြမ်းဖက်စစ်တပ် လေယာဉ်ဗုံးကြဲလို့ ဒေသခံ ၃ ယောက် သေဆုံး

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကူတို့လေးကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသမီး ၁ ယောက် အပါအဝင် အရပ်သား ၃ ယောက် သေဆုံးခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။