မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ရွာမှာ စခန်းချထားတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို အောက်တိုဘာ ၆ ရက် ညနေပိုင်းက Shar Htoo WOW နည်းပညာသုံး Fixed Wing Drone တွေနဲ့ ဗုံးသီး ၁၀ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်၈ တပ်ရင်းထံက သိရပါတယ်။

စစ်ဆင်ရေးအတွင်း စစ်သား ၁ ယောက်နဲ့ ပျူ ၁ ယောက်သေပြီး ၂ ယောက် အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် () တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် ()တပ်ရင်း၊ နွားထိုးကြီးမြို့နယ် ပကဖနဲ့  မလှိုင်မြို့နယ် ပကဖတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းလမ်းမပေါ် တော်လှန်ရေးပူးပေါင်းတပ်နဲ့ အကြမ်းဖက်စစ်တပ် တိုက်ပွဲဖြစ် (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းလမ်းမပေါ်မှာ တော်လှန်‌ရေး ပူးပေါင်းတပ်နဲ့ အကြမ်းဖက်စစ်တပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်သားအများအပြား သေဆုံးခဲ့တယ်လို့ ဝေဟင်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Read More

လမ်းသွားပြည်သူတွေထံက ဆက်ကြေးကောက်နေတဲ့ အလက္ကပ္ပကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဂိတ်စခန်းကို တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ပြီး ဘန်ကာတွေကို ရှင်းလင်း (ရုပ်/သံ)

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် အလက္ကပ္ပကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ လမ်းသွားပြည်သူတွေထံ ဆက်ကြေးကောက်နေတဲ့အတွက် တော်လှန်ရေးတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့ တယ်လို့ မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ထံက သိရပါတယ်။
Read More

အနောက်ဘုန်းကံပျူရွာရှိ စစ်ကော်မရှင်တပ်သားတွေကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း ပခုက္ကူမြို့နယ် အနောက်ဘုန်းကံပျူရွာရှိ စစ်ကော်မရှင်တပ်သားတွေကို ရော့ကတ် ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Cobra One တပ်ဖွဲ့သတင်းပြန်ကြားရေး ဗိုလ်မြွေဟောက် က မောင်းကို ပြောပါတယ်။
Read More

ကသာမှ အင်းတော်ဘက်သို့ အင်အား ၁၅၀ ခန့်ဖြင့် စစ်ကူလာသည့် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး အယောက် ၄၀ ခန့် သေကာ ၃၀ ကျော် ဖမ်းမိ (ရုပ်/သံ)

စစ်ကိုင်းတိုင်း ကသာမြို့ကနေ အင်းတော်မြို့ဘက်သို့ စစ်ကူလာတဲ့ တပ်မ ၇၇ က အင်အား ၁၅၀ ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ အယောက် ၄၀ ခန့် သေပြီး ၃၀ ကျော် ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

Lion Battalion စစ်ကြောင်းက စစ်‌ဘေးရှောင်ပြည်သူတွေကို စားနပ်ရိက္ခာများ လှူဒါန်းပေး (ရုပ်/သံ)

စစ်ဘေးရှောင်အရေးအတွက် အလှူရှင်တွေထံက ရရှိလာတဲ့ စားနပ်ရိက္ခာတွေကို စစ်ရှောင်ပြည်သူတွေဆီ ဆက်လက်လှူဒါန်းပေးခဲ့တယ်လို့ Lion Battalion စစ်ကြောင်းထံက သိရပါတယ်။
Read More

ချောင်းဦး-မြင်းမူလမ်းပိုင်းမှာ ကြေးနီသယ်ယာဉ်တွေကို အစောင့်လိုက်ပါလာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ်တွေကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်းရှိ တပ်မ ၃၃ မှ မုံရွာမြို့ဘက်သို့ ကြေးနီသယ်လာတဲ့ တွဲယာဉ် ၅၀ ခန့်ကို လုံခြုံရေးပေးဖို့ လိုက်ပါလာတဲ့ အကြမ်းဖက်စစ်တပ်ယာဉ် ၈ စီးကို ဇန်နဝါရီ ၂၂ ရက်က ချောင်းဦး-မြင်းမူ လမ်းပိုင်းတစ်နေရာမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ လျှပ်စီးတပ်ခွဲထံက သိရပါတယ်။