နိုင်ငံရေးမှာ ရိုးသားဖို့ လိုအပ်ပြီး ရိုးသားမှုမရှိခြင်းရဲ့ အကျိုးဆက်ကို လက်ရှိမိမိတို့နိုင်ငံမှာ မြင်တွေ့နေရပြီလို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

တဆက်တည်းမှာပဲ တိုင်းပြည်လုံခြုံရေးမှာ ပြည်သူတွေကိုယ်တိုင်လည်း ပါဝင် ကူညီပေးကြဖို့အတွက် ပြည်သူကို အကြမ်းဖက်တိုက်ခိုက်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မေတ္တာရပ်ခံ တိုက်တွန်းတောင်းဆိုလိုက်ပါသေးတယ်။

အပြစ်မဲ့ အရပ်သားပြည်သူတွေကို နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်ပြီး၊ ထောင်နဲ့ချီတဲ့ ပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးနေတဲ့ စစ်ကောင်စီက ပြည်သူတွေကို လုံခြုံရေးမှာ ပါဝင်ပေးဖို့ အောက်တိုဘာလ ၈ ရက်နေ့က ရန်ကုန်မြို့မှာကျင်းပတဲ့ ရန်ကုန်တိုင်း လုံခြုံရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးမှာ ပြောခဲ့တာပါ။

ပြည်သူတွေက လုံခြုံရေးဆိုင်ရာတွေနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် လုံခြုံရေးဆိုင်ရာကျိုးပေါက်မှုတွေ လျော့နည်းသွားမှာပါ။ ပြည်သူ့ဝန်ထမ်းတွေအနေနဲ့လည်း လုံခြုံရေးအသိ၊ လုံခြုံရေးအမြင်နဲ့ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် လုံခြုံရေးဆိုင်ရာ ကျိုးပေါက်မှုတွေကို တားဆီးနိုင်မယ်။ လျော့ကျစေနိုင်မှာပါလို့ မင်းအောင်လှိုင်ကပြောပါတယ်။

လက်ရှိမှာ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့တွေ ဖွဲ့စည်းထားပြီး အဲဒီအဖွဲ့ဝင်တွေဟာ လုံခြုံရေးအသိအမြင်တွေ အမြဲမပြတ်ရှိနေရမှာဖြစ်သလို အကြမ်းဖက်သမားတွေ မိမိတို့ရပ်ကွက်/ကျေးရွာတွေထဲ စိမ့်ဝင်ရောက်မှုမရှိစေရေး၊ အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်နိုင်မှုမရှိစေရေးတို့အတွက် ပြည်သူလူထုနဲ့အတူ ပူးပေါင်းစောင့်ကြည့်နေရမယ်လို့ မင်းအောင်လှိုင်က ပြောခဲ့ပါတယ်။

ပြည်သူတွေကို တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေး ဝန်ဆောင်မှုပေးရမယ့် မင်အောင်လှိုင်နဲ့ စစ်ကောင်စီဟာ ပြည်သူတွေထံကနေ မျက်နှာပြောင်တိုက် အကူအညီတောင်းခံနေရခြင်း ဖြစ်ပြီး မြို့ပေါ်တွေမှာ စစ်ကောင်စီဟာ လုံခြုံရေးအရ မဖြန့်ကျက်နိုင်တော့တာကို အခုပြောစကားက သက်သေပြနေတာလည်း ဖြစ်ပါတယ်။

မင်းအောင်လှိုင်က ဆက်လက်ပြီး ရွေးကောက်ပွဲပြန်လည်ကျင်းပကာ အနိုင်ရတဲ့အစိုးရကို အာဏာပြန်အပ်မယ်လို့လည်း ပြောခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ရာမညမွန်တပ်တော်၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၄) သင်တန်းသားများကို ဆေးတပ်ဖွဲ့က လက်တွေ့သင်တန်းပို့ချခဲ့ (ဓာတ်ပုံသတင်း)

ရာမညမွန်‌တပ်တော် (NMSP(AD)/ RMA) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၄) သင်တန်းသားတွေကို ရာမညမွန်တပ်တော်နဲ့ Ye Guerrilla Force ဆေးတပ်ဖွဲ့က လက်တွေ့သွားရောက်ပြသသင်တန်းပေးခဲ့တယ်လို့ Ye Guerrilla Force က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

“လဲ့ဇင်ဘုန်းကြီးကျောင်းက ကားကိုယူပြီး သူတို့က ဆင်ပေါင်ဝဲမြို့​ပေါ်မှာ လချုပ်ချုပ်ဖို့သွားကြတာပါ။ အဲ့ဒါစခန်းကိုအပြန်မှာ ကျနော်တို့က ကြားထဲကဖြတ်တိုက်တာပေါ့။ စခန်းမှူးကတော့ ပစ္စတိုကအစ သိမ်းမိ​ပေမယ့် လူကတော့လွတ်မြောက်သွားပါတယ်”

မကွေးတိုင်း၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်မှာ ဘုန်းကြီးကားကို အသုံးပြု စီးနင်းပြီး ပြန်လာတဲ့ ရဲတွေ ကြားဖြတ်တိုက်ခိုက်ခံရကာ ၃ ယောက် သေဆုံး၊ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ဆော ပြည်သူ့ကာကွယ်ရေးတပ်မတော်က ကျဆုံးရဲဘော် ၂ ယောက်ရဲ့ ၃ နှစ်ပြည့် ဆွမ်းကျွေးအမျှဝေအလှူ… (ဓာတ်ပုံသတင်း)

မကွေးတိုင်းအခြေစိုက်၊ ဆော ပြည်သူ့ကာကွယ်ရေးတပ်မတော်က ကျဆုံး ရဲ‌‌‌ဘော် ၂ ယောက်ရဲ့ (၃) နှစ်ပြည့် ဆွမ်းကျွေး အမျှပေးဝေအလှူ ပြုလုပ်ခဲ့တယ်လို့ Khut Daung Company Saw PDF က မနေ့က ထုတ်ပြန်ပါတယ်။
Read More

တောင်ငူ-လိပ်သို လမ်းပိုင်းတွင် အကြမ်းဖက်စစ်ကြောင်းနှင့် ကမ်းနီကြားဒေသကာကွယ်ရေးတပ်တို့ အနီးကပ်တိုက်ပွဲဖြစ်၊ စစ်အုပ်စုဘက် ၉ ဦး သေပြီး ၁၀ ဦး ဒဏ်ရာရကာ ပြန်ဆုတ်သွား

ပဲခူးနဲ့ ကရင်ပြည်နယ်အစပ် တောင်ငူ-လိပ်သိုလမ်းပိုင်းမှာ အင်အားဖြည့်စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ အနီးကပ်တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုဘက် ၉ ယောက် သေကာ အများအပြားထိခိုက်သွားကြောင်း ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မိုးဗြဲမြို့တွင် စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၂၀ ကျော်အရွယ် အရပ်သားတစ်ဦး သေဆုံး

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့မှာ စစ်ကောင်စီတပ် လက်နက်ကြီး ​ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ယောက် ထိမှန်သေဆုံးခဲ့တယ်လို့ Mobye Local PDF က မနေ့က ထုတ်ပြန်ပါတယ်။
Read More

မိုးဗြဲတွင် တိုက်ပွဲပြင်းထန်ကာ စစ်ကောင်စီတပ် ထိခိုက်မှုများပြား၊ PDF ကာကင်းစခန်းတစ်ခု လက်လွှတ်ခဲ့ရကာ PDF ရဲဘော် ၁ ဦး ကျဆုံး

ရှမ်း-ကရင်နီ နယ်စပ် မိုးဗြဲမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ထိန်းချုပ်နိုင်ရေးအတွက် အင် အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားလျက်ရှိတယ်လို့ ရှမ်းတောင်စစ်ဒေသခွဲ၊ PDF ဗျူဟာအမှတ် (၁) ထံက သိရပါတယ်။