မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာကျေးရွာ ၆ ရွာက အရပ်သားပြည်သူတွေအတွက် ဆန်အိတ် (၃၀၀)နဲ့ အတူ ငွေကျပ်သိန်း(၅၀၀)ကို မတည်လှူဒါန်းခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) MDY-PDF က ထုတ်ပြန်ပါတယ်။

သပိတ်ကျဉ်းမြို့နယ်အတွင်းက ဝက်သေ ၊ ဖက်ရှည် ၊ ကွင်း(၃၀)၊ ရေထွက် ၊ လိပ်ကျနဲ့ လက်ပံပြန့်ကျေးရွာတွေက အခြေခံပြည်သူတွေကို အိမ်ထောင်စုတစ်စုစာ ဆန်() ပြည်နဲ့ ငွေ၅သောင်းကျပ်နှုန်းဆီ ပေးအပ်လှူဒါန်းသွားမယ်လို့ MDY-PDF က ပြောပါတယ်။

MDY- PDF အနေနဲ့ လက်ရှိမတည်လှူဒါန်းထားတဲ့ရွာတွေအပြင် သပိတ်ကျင်းမြို့နယ်၊ တခြားကျေးရွာတွေက အခြေခံလိုအပ်ချက်ရှိနေတဲ့ အိမ်ထောင်စုတွေအတွက်လည်း ဆက်ပြီးလှူဒါန်းနိုင်ဖို့ ကြိုးစားသွားမယ်လို့ဆိုပါတယ်။

(ဓာတ်ပုံ ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေး Facebook စာမျက်နှာ)

0 Shares:
You May Also Like
Read More

လောင်းလုံးမြို့ပေါ်က ရဲစခန်း၊ ထွေအုပ်ရုံးနှင့် စရဖရုံးတို့ကို ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး ထက်မနည်း သေပြီး အများအပြား ဒဏ်ရာရဟု ဆို

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့ပေါ်ရှိ စစ်ကောင်စီတပ်တွေရှိရာ တပ်စခန်း ၃ နေရာကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်ထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရသွားတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။ 
Read More

၄ နှစ်ပြည့် PIO/PIA တပ်ပေါင်းစုအင်အားဖြင့် စစ်အုပ်စုကို ချေမှုန်းရန် စိတ်အားထက်သန်နေ

အကြမ်းဖက်စစ်အုပ်စုကို တပ်ပေါင်းစုအင်အားနဲ့သာ ဖြိုချနိုင်မယ်လို့ ယုံကြည်တဲ့အတွက် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) မှာ အဖွဲ့ဝင်တပ်အဖြစ် ပါဝင်ခဲ့ကြောင်းနဲ့ ကပစစက်ရုံတွေရှိရာ နိုင်ငံအလယ်ပိုင်းကို ထိုးဖောက်နိုင်ဖို့ ရည်ရွယ်ထားကြောင်း ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO/PIA) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကန့်ဘလူမှာ စစ်အုပ်စု ဒရုန်းနဲဲဗုံးကြဲပြီး မီးရှို့လို နေအိမ် အလုံး ၇၀၀ ကျော် ပျက်စီးဆုံးရှုံးကာ စစ်ရှောင်ဒေသခံတချို့ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြိုနယ်မှာ အကြမ်းဖက်စစ်အုပ်စုက ကျေးရွာ၂ရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရင်း မီးရှိခဲ့တဲ့အတွက် ပညာရေး၊ ဘာသာရေးအဆောက်အအုံတွေနဲ့ အရပ်သားနေအိမ် ၇၀၀ နီးပါး ပျက်စီးဆုံးရှုးခဲ့ရတယ်လို ကန့်ဘလူ- ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲက ပြောပါတယ်။
Read More

ကြို့ပင်ကောက် စစ်ဆေးရေးဂိတ် တိုက်ပွဲအတွင်း စစ်အုပ်စုဘက်မှ ဒုရဲအုပ်အပါ ၅ ဦး သေ၊ တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်က စစ်တပ် စစ်ဆေးရေးဂိတ်တစ်ခုကို ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ရာမှာ ဒုရဲအုပ် အပါအဝင် ၅ ယောက် သေဆုံးကာ တော်လှန်ရေးရဲဘော် ၁ ယောက်လည်း ကျဆုံးခဲ့ကြောင်း သာယာ၀တီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုထံက သိရပါတယ်။
Read More

ဝေါနှင့်ရွှေကျင်တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ ထိတွေ့တိုက်ပွဲ နေ့စဥ်ရှိနေပြီး နှစ်ဖက်ထိခိုက်များမှုရှိ

ပဲခူးတိုင်း၊ ဝေါမြို့နယ်နဲ့ ရွှေကျင်မြို့နယ်တို့မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေရဲ့ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ရှိနေပြီး စစ်ကောင်စီဘက်က ၁၀ယောက်ထက်မနည်း ထိခိုက်သေဆုံးကာ တော်လှန်ရေးဘက်ကလည်း ကျဆုံးမှုတွေရှိကြောင်း တောင်ညိုစစ်ကြောင်းက ထုတ်ပြန်ပါတယ်။
Read More

ဝက်လက် အရှေ့မြောက်ဘက်ရှိ ထုံးဘိုရွာကို စစ်တပ်မီးဝင်ရှို့၊ မြို့နယ်တစ်ခုလုံး စစ်ကြောင်းတွေလှုပ်နေလို့ အရပ်သားများ ထိတ်လန့်နေကြရ

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်မှာ ထုံးဘိုရွာကို အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်မီးရှို့ခဲ့သလို စစ်ကြောင်းတွေဆက်တိုက်ထိုးနေလို့ ဒေသခံတွေ ဘေးဒုက္ခရောက်နေရကြောင်း ဝက်လက်မြို့နယ် ရွာဇော်ကြီးများအဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။