စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ကို တော်လှန်ရေးတပ်တွေ ၂ လနီးပါး ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်က စစ်သုံ့ပန်းတွေနဲ့ အလင်းဝင်သူတွေအပါ လက်နက်မျိုးစုံ ၄၀၀ ကျော် သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီနေ့မှာ တရားဝင်ထုတ်ပြန်ပါတယ်။
ပင်လည်ဘူးမြို့ကို တော်လှန်ရေးတပ်တွေက စက်တင်ဘာ ၁၅ ရက်က ပဥ္စမအကြိမ်စတင်တိုက်ခိုက်ခဲ့ပြီး ၅၃ ရက်အကြာ တိုက်ပွဲတွေ နေ့တိုင်းဆင်နွှဲပြီးနောက် အောက်တိုဘာ ၇ ရက် ညပိုင်းမှာ စစ်ကောင်စီရဲစခန်းနဲ့ ဘဏ်ကုန်းက စစ်ကောင်စီတပ်ဖွဲ့တွေက ဒဏ်ရာရသူတွေနဲ့ မိသားစုဝင်တွေအပါ ရိက္ခာပြတ်လပ်တာကြောင့် လက်နက်ချ ဆုတ်ခွာခွင့်ပြုပါဖို့ ခွင့်တောင်းခံလာပြီး အောက်တိုဘာ ၈ ရက် မနက်ပိုင်းမှာတော့ ပင်လယ်ဘူးမြို့ကို အမှတ် ၁ စစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တွေက အလုံးစုံ ထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
လက်နက်ချတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဝန်းသိုမြို့ဆီ ဆုတ်ခွာခွင့်ပြုခဲ့ပြီး စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေဆီက လက်နက်(၄၀၀) ကျော်နဲ့ စစ်ကောင်စီရဲ့ နောက်ဆုံးအခြေပြုစခန်းဖြစ်တဲ့ ရဲစခန်းကနေ ဘိန်းဖြူခွက်ရေ အမြောက်အမြား (ခန့်မှန်းခွက်ရေ ၈၀ ခန့်)ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ပင်လယ်ဘူးမြို့ဆီလာတဲ့ စစ်ကောင်စီ စစ်ကူစစ်ကြောင်းတစ်ခုလုံးကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သလို သုံ့ပန်းအမြောက်အမြား ဖမ်းဆီးရမိကာ လာရောက်အလင်းဝင်ပူးပေါင်းတဲ့ စကစတပ်ဖွဲ့ဝင်တွေလည်း ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံးကို ကောင်းမွန်စွာ ထားရှိထားတယ်လို့ စစ်ကိုင်းတိုင်း ပကဖ က ဆိုပါတယ်။
ပင်လယ်ဘူးမြို့သိမ်းစစ်ဆင်ရေးကာလအတွင်း
အမှတ် ၁ စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းတွေ၊ အထူးတပ်ရင်းတွေ၊ ကွန်မန်ဒိုတပ်ရင်းတွေ၊ ဗျုဟာထုတ်နှုတ်တပ်ဖွဲ့တွေ၊ ကွပ်ကဲရေးတပ်ဖွဲ့တွေ၊ တိုင်း PDF ဒရုန်းတပ်ဖွဲ့၊ ကချင်လွတ်မြောက်ရေးတပ်မတော် KIA က တပ်ဖွဲ့ဝင်တွေ၊ အမှတ် ၁ စစ်ဒေသ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ ကွပ်ကဲမှုအောက်ရှိ (ပကဖ )လှုပ်ရှားတိုက်ခိုက်ရေးတပ်ဖွဲ့တွေ၊ ကန့်ဘလူခရိုင် (ပကဖ) လှုပ်ရှားတိုက်ခိုက်​ရေး တပ်ဖွဲ့တွေ၊ ရွှေဘိုခရိုင် (ပကဖ )ဒရုန်းတပ်ဖွဲ့နဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့၊ ဒေသခံ ကောလင်းခရိုင် (ပကဖ) လှုပ်ရှားတိုက်ခိုက်ရေး တပ်ဖွဲ့ဝင်တွေ၊ (ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူး မြို့နယ် ပကဖ တပ်ဖွဲ့ဝင်တွေ) ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) တွေ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ပင်လည်ဘူးမြို့အတွင်းရှိ စစ်ကောင်စီ တပ်ရင်းတွေကတော့ ခမရ ၃၀၁ ၊ ခမရ ၁၀၁၊ ခမရ ၁၁၁၊SNA တပ်ရင်း ၆၁၄၊ ရဲတပ်ဖွဲ့တို့ ပါဝင်ပြီး စစ်ကူ ၄ ကြိမ်လာရောက်ခဲ့တဲ့ စစ်ကူတပ်ရင်းတွေက ခမရ ၃၆၃၊ခမရ ၁၆၊ ခမရ ၃၆၈၊ ခမရ ၈၇ စုစုပေါင်းတပ်ရင်း ၁၁ ရင်းခန့်ရှိတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီက စစ်ဆင်ရေးကာလ ၅၃ ရက်အတွင်း လေယာဥ်အမျိုးအစားအမျိုးမျိုး စုစုပေါင်း အကြိမ်ရေ ၁၃၀ ကျော်နဲ့ ဗုံးအရွယ်အစားအမျိုးမျိုး (ပေါင် ၅၀၀၊ ၃၀၀၊ ၂၀၀) စုစုပေါင်းအလုံးရေ ၃၀၀၀ ကျော် ကြဲချပစ်ခတ်တိုက်ခိုက်ခဲ့သလို အခုချိန်အထိလည်း လေကြောင်းကနေ ဆက်လက်ပစ်ခတ်တိုက်ခိုက်ဆဲဖြ​စ်တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ပွဲဝင်ရင်း ရွှေဘိုခရိုင် တပ်ရင်း ၂၆ မှ ရဲဘော် ရန်နိုင်စိုး ကျဆုံး

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင် အမှတ် (၂၆) တပ်ရင်းက ရဲဘော် ရန်နိုင်စိုး (ခ) ဇော်ဖြိုးဝေဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့တဲ့အတွက် အဆိုပါ တပ်ရင်းက နိုဝင်ဘာ ၂ ရက်မှာ အမိန့်ပြန်တမ်း ထုတ်လိုက်ပါတယ်။
Read More

ညောင်လေးပင်မှာ စစ်ကောင်စီဂိတ်စခန်းနဲ့ ပျူခေါင်းဆောင်နေအိမ်တို့ကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီဂိတ်စခန်းနဲ့ ပျူခေါင်းဆောင်နေအိမ်တို့ကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ထားပါတယ်။
Read More

အညာမြေတပ်ပေါင်းစုမှ ဒဏ်ရာရရဲဘော် ပြည်ပတွင် ဆေးကုသမှုခံယူရာမှ မိခင်ဌာနေသို့ ကျန်းမာစွာ ပြန်လည်ရောက်ရှိ

အညာမြေတပ်ပေါင်းစုက ဒဏ်ရာရရဲဘော် ကိုချင်းဟာ ပြည်ပမှာ ဆေးကုသမှု ခံယူနေရာကနေ ကျန်းမာ ချောမွေ့စွာ မိခင်ဌာနေကို ပြန်လည်ရောက်ရှိခဲ့ပြီဖြစ်တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မြောင်လမ်းခွဲတွင် ပိုက်ဆံကောက်ရန် ထွက်လာသည့် စစ်အုပ်စုကား မိုင်းဆွဲတိုက်ခိုက်ခံရ

မကွေးတိုင်း၊ မြောင်လမ်းခွဲ အထိုင်စခန်းမှာ ပိုက်ဆံကောက်ဖို့ ထွက်လာတဲ့ စစ်အုပ်စုကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဆီက သိရပါတယ်။
Read More

အရပ်သားတွေကို ငွေညှစ်နေတဲ့ စစ်ကောင်စီဂိတ် မိုင်းဆွဲခံရပြီး တပ်ကြပ် ၁ ယောက် ပွဲချင်းပြီး သေ

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ ပြည်သူ့စစ်သင်တန်းပြုလုပ်ဖို့ အကြမ်းဖက်စစ်တပ်နဲ့ ရဲက စီစဥ်နေပြီး ပြည်သူ့စစ်ခေါ်ယူဖို့ အစည်းဝေးလုပ်ချိန်မှာ လူမစုံတာနဲ့အစည်းအဝေး ပျက်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ပုလဲမှာ စစ်ဘေးရှောင် နှစ်သောင်းကျော်အထိတိုးမြှင့်လာ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့မှာပြင်းထန်တဲ့ တိုက်ပွဲတွေကြောင့် ပြည်သူ နှစ်သောင်းကျော်လောက်စစ်ဘေးရှောင်နေရ တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ BNRA ၊ GZ နဲ့ YSO တော်လှန်ရေးအဖွဲ့တွေက နိုဝင်ဘာ ၁၁ ရက် မနက်မှာ ပုလဲမြို့ကို စတင်ဝင်ရောက်တိုက်ခိုက်မှုကြောင့်တိုက်ပွဲတွေပြင်းထန်ခဲ့ရပြီး ဒေသခံအများစုက ရုတ်တရက်မြို့ပေါ်ကနေ ဘေးလွတ်ရာကို စစ်ဘေးရှောင်နေရခြင်းဖြစ်ပါတယ်။