တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ အရှေ့ဘန်လောရွာနဲ့ အနောက်ဘန်လောရွာတို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားအမျိုးသမီး ၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း () က ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်က အရှေ့ဘန်လောရွာနဲ့ အနောက်ဘန်လောရွာတို့ကို အောက်တိုဘာ ၈ ရက် မနေ့က မနက်ပိုင်းမှာ ဒရုန်းနဲ့ အကြိမ်ကြိမ် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

အကြမ်းဖက်စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အနောက်ဘန်လောရွာက အသက် ၅၀ အရွယ်ခန့်ရှိ ဒေသခံအမျိုးသမီးတစ်ယောက် ထိခိုက်ဒါဏ်ရာ အနည်းငယ်ရရှိခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ အခုလိုမျိုး ပြည်သူတွေ နေထိုင်ရာကျေးရွာတွေကို အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာကြောင့် ကျေးရွာနေ ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေတယ်လို့ မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း () က ထုတ်ပြန်ထားပါတယ်။

(ဓာတ်ပုံ မြိတ်ခရိုင်၊ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း_၁)
0 Shares:
You May Also Like
Read More

အဖိုးတန် ဂီတတွေ ချန်ရစ်ကာ နိုင်မြန်မာ နှုတ်ဆက်ခဲ့ပြီ

'ကမ္ဘာမကြေဘူး' သီချင်း ဖန်တီးရေးသားသူ တေးရေးနိုင်မြန်မာရဲ့ စျာပနကို ဒီနေ့ ဖေဖော်ဝါရီ ၉ရက်၊ ရေဝေးသုသာန်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ၁၆ နှစ်အရွယ် မိန်းကလေးငယ်အပါ ၄ ဦး ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်းရှိ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့နယ်ရှိ လိပ်ကျကျေးရွာနဲ့ ဇရပ်ကွင်းကျေးရွာတို့မှာ စစ်ကောင်စီရဲ့ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၆ နှစ်အရွယ် မိန်းကလေးငယ်အပါအဝင် အရပ်သားပြည်သူ ၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

အကြမ်းဖက် စစ်ခေါင်းဆောင် မန္တလေးမြို့ကို ရောက်နေချိန် အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် မန္တလေးမြို့ကို ရောက်ရှိနေချိန် တော်လှန်ပြည်သူတွေက အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ မန္တလေးသပိတ်အင်အားစုက ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ပြည်တွင်း အမြန်ချောပို့လုပ်ငန်းများ ကုန်အမျိုးအစား၊ အလေးချိန်နှင့် ပို့ဆောင်ရမည့်နေရာများ ကန့်သတ်ခံထားရ

စစ်ကော်မရှင်က ပြည်ပပို့ကုန်တွေကို ကုန်သွယ်ခွင့် ကန့်သတ်လိုက်ပြီးတဲ့နောက် ပြည်တွင်းမှာပါ Delivery service (အမြန်ချောပို့) လုပ်ငန်းတချို့ရဲ့ ကုန်ပစ္စည်းအမျိုးအစား၊ ကုန်အလေးချိန်နဲ့ ကုန်ပို့ရမယ့် နေရာတွေကို ကန့်သတ်လာတယ်လို့ Online ဈေးရောင်းသူတွေထံက သိရပါတယ်။
Read More

ကာဘိုးပျူစောထီးစခန်းကို တပ်ပြန်ခေါက်သည့်စစ်ကြောင်း ကြားဖြတ်တိုက်ခံရပြီး စစ်သားနှင့် ပျူ ၁၁ ဦး သေ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ တပ်အချိန်းအပြောင်းလုပ်ဖို့ ပြန်လာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၁၁ ယောက် ပွဲချင်းပြီးသေဆုံးကာ ဆုတ်ခွာသွားတယ်လို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဆီဆိုင်မြို့နယ်၊ နောင်ထော်ရွာသစ်နှင့် တပူးထိုကျေးရွာကို စစ်ကော်မရှင်လက်အောက်ခံ ခရိုနီနေဝင်းထွန်းဦးဆောင်သည့် PNOပြည်သူ့စစ် ဆက်လက်မီးရှို့နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ရှိ နောင်ထော်ရွာသစ်နဲ့ တပူးထို ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်မရှင်လက်အောက်ခံ ခရိုနီနေဝင်းထွန်းဦးဆောင်တဲ့ PNOပြည်သူ့စစ်က မီးဆက်လက်ရှို့နေတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။