စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ် ဆေးရုံမှာ အထိုင်ချ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိတယ်လို့ FUTURE HERO အဖွဲ့က ထုတ်ပြန်ပါတယ်။

ခင်ဦးမြို့ဆေးရုံမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေကို ဆေးရုံ ခြံစည်းရိုးနား အထိ တော်လှန်ရေးတပ်ဖွဲ့တွေက အောက်တိုဘာလ ၆ ရက်မှာ ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။

အဲ့ဒီတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေ ထိခိုက်သေဆုံးမှုရှိပေမယ့် အရေအတွက် အတိအကျကို အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို FUTURE HERO အဖွဲ့နဲ့ မြို့ပေါ် UG တပ်ပေါင်းစုတွေ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ခင်ဦးမြို့ပေါ် ဆေးရုံမှာ အထိုင်ချ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို Future Hero အဖွဲ့သား တစ်ဦး ပစ်ခတ်တိုက်ခိုက်နေစဉ်၊ ၆၊ ၁၀၊ ၂၀၂၄။ (ဓာတ်ပုံ Future Hero)
0 Shares:
You May Also Like
Read More

ပြည်ပသွင်းကုန်များ လျှော့ချကာ စိုက်ပျိုးရေးဖြင့် ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြော

ပြည်ပကနေ တင်သွင်းနေသမျှ ကုန်ပစ္စည်းတွေကို တတ်နိုင်သမျှလျှော့ချပြီး စိုက်ပျိုးရေးနဲ့ တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ရမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောကြားလိုက်ပါတယ်။
Read More

မုံရွာ-မန္တလေး လမ်းပိုင်းပေါ်က စစ်ကောင်စီရဲ့ မြပုလဲစစ်ဆေးရေးဂိတ်ကို နှစ်ရက်ဆက်တိုက် ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေး လမ်းပိုင်းပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ မြပုလဲစစ်ဆေးရေးဂိတ်ကို နှစ်ရက်ဆက်တိုက် ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်း (၄) တပ်ခွဲ (၂) - 5/ Commando Force က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

ဆစ်ဒနီမှာ တော်လှန်အနုပညာရှင် ဖြူဖြူ တစ်ကိုယ်တော်ဖျော်ဖြေပွဲ ကျင်းပမည်

ဩစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ တော်လှန်အနုပညာရှင် တစ်ယောက်ဖြစ်သူ ဖြူဖြူကျော်သိန်းက တစ်ကိုယ်တော်ဖျော်ဖြေပွဲ ကျင်းပသွားမယ်လို့ သိရပါတယ်။
Read More

ထိုင်း-မြန်မာနယ်စပ်ရှိ မောတောင်မြို့ကို KNLA ပူးပေါင်းတပ်များ သိမ်းပိုက်

တနင်္သာရီတိုင်းထဲက ထိုင်း-မြန်မာ နယ်စပ်မြို့ မောတောင်မြို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ရရှိထားတယ်လို့ KNU မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက မောင်းကို ပြောပါတယ်။
Read More

ဒါရိုက်တာ မိုက်တီး၊ ဇာတ်ပို့ ကျော်ဝင်းထွဋ်နှင့် ဟာသ သရုပ်ဆောင် အုန်းဒိုင်းတို့ကို အာဏာသိမ်းစစ်တပ် ထောင်ဒဏ် ၇ စီ ချမှတ်

စစ်ကော်မရှင်က မတရားသဖြင့် ပြဌာန်းထားတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေနဲ့ အရေးယူခံထားရတဲ့ ဒါရိုက်တာ မိုက်တီး၊ ဟာသ သရုပ်ဆောင် အုန်းဒိုင်းနဲ့ ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်တို့ကို ထောင်ဒဏ် ၇ စီ ချမှတ်လိုက်တယ်လို့ အနုပညာအသိုင်းအဝိုင်းနဲ့ နီးစပ်သူက မောင်းကို ပြောပါတယ်။
Read More

ဖယ်ခုံမှာ စစ်ကောင်စီက စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတာကြောင့် သောင်းနဲ့ ချီတဲ့ ဒေသခံတွေ တိမ်းရှောင်နေရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံအနီးတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ သူ့အပေါင်းအပါ ပအိုဝ်း ပြည်သူ့စစ် (PNO) တပ်တွေက စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတာကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။