မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ရွာမှာ စခန်းချထားတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေကို အောက်တိုဘာ ၆ ရက် ညနေပိုင်းက Shar Htoo WOW နည်းပညာသုံး Fixed Wing Drone တွေနဲ့ ဗုံးသီး ၁၀ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်၈ တပ်ရင်းထံက သိရပါတယ်။

စစ်ဆင်ရေးအတွင်း စစ်သား ၁ ယောက်နဲ့ ပျူ ၁ ယောက်သေပြီး ၂ ယောက် အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် () တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် ()တပ်ရင်း၊ နွားထိုးကြီးမြို့နယ် ပကဖနဲ့  မလှိုင်မြို့နယ် ပကဖတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

အမ်းမြို့သိမ်းစစ်ဆင်ရေးနဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)စစ်ဆင်ရေးတွေမှာ ပါဝင်တိုက်ခိုက်ပြီး ပြန်လာတဲ့ စလင်းပကဖရဲဘော်တွေကို ပြည်သူများ ကြိုဆိုဂုဏ်ပြု (ရုပ်/သံ)

ရခိုင်ပြည်နယ် အမ်းမြို့သိမ်းစစ်ဆင်ရေးနဲ့ အနောက်ပိုင်းစစ်ဌာနချုပ် (နပခ)စစ်ဆင်ရေးတွေမှာ ပါဝင်တိုက်ခိူက်ပြီး ပြန်လာတဲ့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲဘော်တွေကို ပြည်သူ တွေက ကြိုဆိုဂုဏ်ပြုခဲ့တယ်လို့ စလင်းပကဖမှ ထုတ်ပြန်ထားပါတယ်။
Read More

မြင်းခြံတွင် ဆက်ကြေးကောက်ဖို့ ထွက်လာသည့် စစ်ကောင်စီတပ်သားများကို ပစ်ခတ်တိုက်ခိုက်၊ ၃ ဦး သေပြီး သေနတ် ၂ လက် ရရှိ(ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့နယ်အတွင်း ခရီးသွားပြည်သူတွေကို ဆက်ကြေးကောက်ဖို့ ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၃ ယောက် သေကာ သေနတ် ၂ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့ မြင်းခြံမြို့နယ်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ညောင်ကုန်းရဲစခန်းအနီး ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီဂိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက် အရာခံဗိုလ်အပါအဝင် စစ်သား ၄ ယောက်သေ (ရုပ်/သံ)

မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ် ညောင်းကုန်းရဲစခန်းအနီး ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီ ဂိတ်ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာခံဗိုလ်အပါအဝင် စစ်သား ၄ ယောက်သေဆုံးခဲ့တယ်လို့ Aung San's Land Natmaukမှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

မန္တလေးမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ပြုလုပ် (ရုပ်/သံ)

''မန္တလေးမြို့တော်ကြီးနဲ့တကွ တနိုင်ငံလုံး လွတ်မြောက်ဖို့ ကျနော်တို့ ပြည်သူအားလုံးမှာ တာဝန်ရှိကြပါတယ်။ ပြည်သူအားလုံး ကျရာကဏ္ဍ၊ နိုင်ရာ တာဝန် တိုက်ပွဲမျက်နှာစာအသီးသီးကနေ တော်လှန်ရေးမှာ အစွမ်းကုန် ဆက်လက် ပါဝင်ကြဖို့ နှိုးဆော်လိုက်ပါတယ်ဗျို့''လို့ ဒေါက်တာ တေဇာဆန်းက ဆိုပါတယ်။
Read More

အကြမ်းဖက်စစ်တပ်၏ ခမရ ၅၉၁ ခြေမြန်တပ်ရင်းကို တိုက်ခိုက်မှုအတွင်း စစ်သား ၁ ဦး သေ (ရုပ်/သံ)

သြဂုတ် ၂၃ ရက် မနက်အ‌စောပိုင်းက အကြမ်းဖက်စစ်တပ်ရဲ့ ခမရ ၅၉၁ ခြေမြန်တပ်ရင်းကို ၄၀ မမ ဗုံးပစ်လောင်ချာ ၃ လုံး ပစ်ခတ်ပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဘုတလင်မြို့နယ် စိုင်ပြင်လေးကျေးရွာထဲက အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စိုင်ပြင်လေးကျေးရွာအတွင်းမှာရှိတဲ့ အကြမ်းဖက်စစ်သားတွေကို ၄၀ မမ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Monywa Inventor အဖွဲ့က ထုတ်ပြန်ထားပါတယ်။