မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်နဲ့ မြိုင်မြို့နယ်အစပ်မှာရှိတဲ့ ရွာသစ်စုကျေးရွာကို အကြမ်းဖက်စစ်တပ်က ပေါင် ၅၀၀ ဗုံးတွေ ကြဲချတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား၂ ယောက် ထိခိုက်ဒဏ်ရာရပြီး နေအိမ်တွေနဲ့ ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

အောက်တိုဘာ ၉ရက်၊ ဒီနေ့ နေ့လယ် ၁နာရီလောက်မှာ ပေါက်မြို့နယ်၊ ရွာသစ်စုကျေးရွာက ဘုန်းကြီးကျောင်းနဲ့ အရပ်သားနေအိမ်တွေရှိရာကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး၂လုံးကြဲချသွားတာလို့ သိရပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ရွာသစ်စုရွာ ဘုန်းကြီးကျောင်းနဲ့ နေအိမ်၄လုံး ပျက်စီးခဲ့ရပြီး အရပ်သားတွေလည်း ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

ဒါဟာ စစ်ကောင်စီက ရွာသစ်စုကျေးရွာကို ဒုတိယအကြိမ်မြောက်လေကြောင်းတိုက်ခိုက်တာဖြစ်ပြီး တိုက်ပွဲအခြေအနေလုံးဝမရှိဘဲ အကြောင်းမဲ့ လုပ်ဆောင်ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်း စကစ၏ လေကြောင်းတိုက်ခိုက်ခဲ့မှုကို ပေါက်မြို့နယ်၊ ရွာသစ်စုရွာက ပထမအကြိမ် ခံခဲ့ရစဉ် ပျက်စီးခဲ့ရသည့် ဘုန်းတော်ကြီးကျောင်း (ဓာတ်ပုံ CJ)

ဘုန်းကြီးကျောင်းကို ဦးတည်တိုက်ခိုက်တာပါပဲ။ ဘာကို သတင်းအမှားရသလဲတော့မသိဘူး။ တိုက်ပွဲလည်းမရှိဘူး။ PDF လည်း လုံးဝမရှိတဲ့ရွာ။ အခုနဲ့ဆို ကြဲခံရတာ ၂ ခါ ရှိပါပြီ။ သက်သက်မဲ့ကိုပစ်တာပါ။ ပထမတစ်ခေါက် (သြဂုတ်လ)တုန်းကလည်း ပေါင်၅၀၀ တွေ လာချသွားလို့ ရဟန်းတစ်ပါး ပျံလွန်တော်မှုပြီး အရပ်သား ၁၆ ယောက်ထိခဲ့ပါတယ်။လို့ ဒေသခံတစ်ယောက်က မောင်းကိုပြောပါတယ်။

စစ်ကောင်စီရဲ့ပေါင်၅၀၀ဗုံးကြောင့် အသက် ၃၀ ကျော်နဲ့ ၄၀ အရွယ်အမျိုးသား၂ယောက်ထိခိုက်ခဲ့တာဖြစ်ပြီး လက်ရှိမှာ စိုးရိမ်စရာမရှိတော့ဘူးလို့လည်းသိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ ဗုဒ္ဓဘာသာကို အသုံးချပြီး အစွန်းရောက်ဘုန်းကြီးတွေနဲ့အတူ ဘာသာသာသနာအမည်ခံကာ ဝါဒဖြန့်နေပေမယ့် လက်ရှိမှာတော့ ဘာသာရေးအဆောက်အအုံတွေပါမချန် ပစ်မှတ်ထားတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

အရင်တစ်ခေါက်ထိထားတဲ့ ဘုန်းကြီးကျောင်းတောင် ဘာမှပြင်မဆောက်ရသေးပါဘူး။ သိမ်တွေပါထိခဲ့တာလေ။ အခုတော့ အိမ်တွေပိုထိတယ်။ နောက်ပြီး အခုချိန်က မြေပဲဖော်ချိန်ဆိုတော့ ဒေသခံတွေအဖို့ စားဝတ်နေရေးအတွက် လုံးပန်းနေကြရတာ လေယာဥ်ကိုလည်း သတိမထားနိုင်ကြဘူးလို့ လည်းဒေသခံတစ်ယောက်ကမောင်းကိုပြောပါတယ်။

၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်း စကစ၏ လေကြောင်းတိုက်ခိုက်ခဲ့မှုကို ပေါက်မြို့နယ်၊ ရွာသစ်စုရွာက ပထမအကြိမ် ခံခဲ့ရစဉ် ပျက်စီးခဲ့ရသည့် ဘုန်းတော်ကြီးကျောင်း (ဓာတ်ပုံ CJ)
0 Shares:
You May Also Like
Read More

ဈေးချိုမှာ ဆန္ဒပြ၍ အကြမ်းဖက်စစ်တပ် ဆုငွေထုတ် အမှုဖွင့်ခံထားရသူ ၁၀ ဦးအနက် ကျောင်းသားခေါင်းဆောင် ကိုထက်မြတ်အောင် ဖမ်းဆီးခံထားရဟု ဆို

မန္တလေးမြို့ ဈေးချိုအနီး ဆန္ဒပြခဲ့တယ်ဆိုပြီး အကြမ်းဖက်စစ်တပ်က ရွေးကောက်ပွဲနှောင့်ယှက်တဲ့ ပုဒ်မနဲ့ အမှုဖွင့် ဆုငွေထုတ်ထားသူတွေထဲက တစ်ယောက်ဖြစ်တဲ့ ကိုထက်မြတ်အောင်ကို စစ်တပ်က ဖမ်းဆီးထားပြီး အသက်အန္တရာယ် အထူးစိုးရိမ်ရတဲ့ အခြေအနေရှိနေတယ်လို့ သပိတ်အင်အားစုတွေက ဒီနေ့ ပူးတွဲထုတ်ပြန်ပါတယ်။
Read More

ရသေ့တောင်မှာ စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါ အရပ်သား အလောင်း ၁၃ လောင်း ရရှိထား၊ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ…

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ထွန်းရဝေကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သားအလောင်း ၁၃ လောင်း ရရှိထားပြီး ဒဏ်ရာရသူ အယောက် ၂၀ ထက်မနည်း ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသမှာ စစ်ကောင်စီက တစ်ပတ်အတွင်း ဗုံးအလုံး ၁၀၀ ကျော် ကြဲချပြီး ပြည်သူ ၈ယောက် သေဆုံးစေခဲ့

စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး ဗုံးသီးအလုံးရေ (၁၀၀)ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက အသိပေးထုတ်ပြန်ပါတယ်။
Read More

ကရင်အမျိုးသားအစည်းအရုံး (ဗဟို) မှာ ၇၇ ကြိမ်မြောက် ကရင်အမျိုးသားနေ့ ကျင်းပ

ဒီနေ့မှာ ကျရောက်တဲ့ (၇၇) ကြိမ်မြောက် ကရင်အမျိုးသားနေ့အထိမ်းအမှတ် အခမ်းအနားကို ကရင်အမျိုးသားအစည်အရုံး - KNU ဗဟိုမှာ KNU ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့အတူ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

ထားဝယ်တွင် တန်ဆောင်တိုင် မီးထွန်းပွဲနှင့် နှစ်ကျိပ်ရှစ်ဆူပူဇော်ပွဲ စစ်ကော်မရှင် ကျင်းပမည်၊ ပွဲတော်နှင့်ယှဥ်တွဲလျက် အကြမ်းဖက်တတ်သည့်အတွက် သတိထားရန် လိုအပ်

အကြမ်းဖက်စစ်ကော်မရှင်ဟာ ပြည်သူတွေကို အကြောင်းပြပြီး လာမယ့် နိုဝင်ဘာ ၃ ရက် (တန်ဆောင်မုန်းလဆန်း ၁၄ ရက်) မှာ တန်ဆောင်တိုင်မီးထွန်းပွဲနဲ့ နှစ်ကျိပ်ရှစ်ဆူပူဇော်ပွဲကို ထားဝယ်မြို့မှာ ကျင်းပပြုလုပ်ဖို့ရှိနေတယ်လို့ နယ်ခံတွေဆီက သိရပါတယ်။
Read More

ကလေးမှာ စစ်မှုထမ်းဖို့ လူငယ် ၁၈၀ ကျော် ဖမ်းဆီးခံရ

ကလေးမြို့နယ်မှာ စစ်မှုထမ်းဥပဒေဖြင့် မတရားဖမ်းဆီးခံရသူ လူငယ် ၁၈၅ ဦးရှိပြီး တိုက်ပွဲဖြစ်ပွားရာ ရှေ့တန်းစစ်မြေပြင်များသို့ ပို့ဆောင်ခံနေရတယ်လို့  ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်ပါတယ်။