စစ်ကိုင်းတိုင်း၊ ရွှေဘိုအကျဉ်းထောင်မှာ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုဝင်တွေက ထောင်ဝင်စာဧည့်တွေ့ခွင့်မရတာ ၄ လကျော်အထိ ကြာနေပြီလို့  မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) ကနေထုတ်ပြန်ထားပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို သူတို့ရဲ့ မိသားစုဝင်တွေနဲ့ ပြီးခဲ့တဲ့ ဇွန်လ အစကတည်းက ထောင်ဝင်စာ ဧည့်တွေ့ခွင့် မပေးတော့ကြောင်းကို PPNM ကနေ စိစစ်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အကျဉ်းထောင်တွေအတွင်းမှာ ထောင်ဝင်စာ ဧည့်တွေ့ခွင့်ကို ၂၀၂၃ခုနှစ် အောက်တိုဘာလမှာ  အကြမ်းဖက်စစ်အုပ်စုက ခွင့်ပြုခဲ့တယ်လို့ ဆိုပေမယ့် ယနေ့အချိန်ထိ ရွှေဘိုအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတွေဟာ မိသားစုဝင်တွေနဲ့  တွေ့ခွင့်မရကြဘူးလို့ သိရပါတယ်။

ဧည့်တွေ့ခွင့်ပိတ်ပင်မှုကို ပြုလုပ်ဖို့ ညွှန်ကြားသူဟာ ရွှေဘိုမြို့က တပ်နယ်မှူးဗိုလ်မှူးကြီးအောင်အောင်ဆိုသူ ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားတွေရဲ့မိသားစုဝင်တွေကထောင်ဝင်စာဧည့်တွေ့ခွင့်ရဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့တာကြောင့် အကျဉ်းဦးစီးဌာနက စာရွက်စာတမ်းတောင်းဆိုမှုများ ပြုလုပ်ခဲ့ပေမယ့်အချက်အလက် မပြည့်စုံတဲ့ မိသားစုဝင်များစွာက ဒီနေ့ချိန်ထိ ဧည့်တွေ့ခွင့် မရရှိသေးဘူးလို့ သိရပါတယ်။

မနေ့က အောက်တိုဘာ () ရက်နေ့မှာ တခြားရာဇဝတ်မှုအကျဉ်းသားတွေကို မိသားစုဝင်တွေနဲ့  ဧည့်တွေ့ခွင့်ပြုခဲ့ပေမယ့် နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေကတော့ ဧည့်တွေ့ခွင့် မရကြသေးဘဲ အကျဉ်းထောင်တွင်းမှာ ခွဲခြားဆက်ဆံခံနေကြရတယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

၂၀၂၀ ပြည့်နှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့် ရရှိသူများ၏ မိသားစုဝင်များနှင့် ထောင်ဝန်ထမ်းများကို ရွှေဘိုအကျဉ်းထောင် အပြင်ဘက်တွင် တွေ့ရစဉ် (ဓာတ်ပုံ Myanmar Digital News)
0 Shares:
You May Also Like
Read More

နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့များ ငလျင်ဘေးဒဏ်သင့် ပြည်သူ ၆၅၀ ကျော်ကို အသက်ရှင်လျက် ရှာဖွေကယ်ဆယ်နိုင်ခဲ့

ငလျင်ဒဏ်သင့် ဒေသတွေမှာ နိုင်ငံတကာက လာရောက်တဲ့ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ကြိုးပမ်းမှုကြောင့် လူပေါင်း ၆၅၃ ယောက်ကို ရှာဖွေကယ်ဆယ်နိုင်ခဲ့ပြီး ရုပ်အလောင်း ၇၀၀ ကျော်ကို ရှာဖွေ တွေ့ရှိခဲ့တယ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ဒုခေါင်းဆောင် စိုးဝင်းက ပြောကြားလိုက်ပါတယ်။
Read More

စစ်တပ်လေယာဥ်ကွင်းအတွက် သုံးမည့် ကျွန်းသစ်တင် ဆယ်ဘီးကားကို Southern Yesagyo တပ်ပေါင်းစု ဖမ်းဆီးထား၊ ကျောတိုက်နယ်ပအဖထံမှ လေလံအောင်ထားသော ကျွန်းသစ်များဟု သိရ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လေယာဥ်ကွင်းတည်ဆောက်ရေးအတွက် အသုံးပြုဖို့ ကျွန်းသစ်တွေသယ်ဆောင်လာတဲ့ ဆယ်ဘီးကား ၁ စီးကို ဖမ်းဆီးရမိခဲ့တယ်လို့ Southern YSO PDF က အောက်တိုဘာ ၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။
Read More

ခင်ဦးမှာ ကိုယ်ဝန်ဆောင်မိခင်နဲ့ အသက်(၁)နှစ်အောက် ကလေးငယ်တွေကို ထောက်ပံ့ငွေပေးအပ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်း ကျေးရွာ (၁၀) ရွာက ကိုယ်ဝန်ဆောင် မိခင်နဲ့ အသက် (၁) နှစ်အောက် ကလေးသူငယ် စုစုပေါင်း (၈၅) ယောက်ကို ထောက်ပံ့ငွေပေးအပ်ခဲ့တယ်လို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။
Read More

အိုးတိန်တွင်းကျေးရွာ လေကြောင်းတိုက်ခိုက်မှု ကျူးလွန်သူများကို အရေးယူရာတွင် ပူးပေါင်းသွားမည်ဟု KNDF ထုတ်ပြန်

အဆိုပါ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့သူတွေရဲ့ လုပ်ရပ်တွေကို KNDF အနေနဲ့ ဖြစ်ရပ်၊ သက်သေတွေကို သိမ်းဆည်းထားပြီး ကျူးလွန်သူတွေအားလုံးကို ပြင်းထန်စွာ အပြစ်ပေး အရေးယူနိုင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ KNDF က ဆိုပါတယ်။
Read More

ကရင်နီဒေသက တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့နေရာတွေကို ပြန်လည်ရယူဖို့ စစ်ကောင်စီ ကြိုးပမ်းလာနေ

ကရင်နီဒေသမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာတွေကို စစ်ကောင်စီက ပြန်လည်ရယူနိုင်ဖို့ အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်လာနေပြီး စစ်ကြောင်းထိုးဝင်ရောက်လာမှုတွေရှိနေကြောင်း ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
Read More

အလွမ်းကဖီးရဲ့ ဒေါင့်လေးမှာ ဂျေညီညီ မရှိတော့ပါ

၁၉၈၀ ခုနှစ် ရေဒီယိုခေတ်တွေမှာ တချိန်ကနာမည်ကြီးခဲ့တဲ့ တေးသံရှင် ဂျေညီညီဟာ ဒီနေ့ မတ်လ ၃၁ ရက် မနက်အစောပိုင်းမှာ ကွယ်လွန်သွားခဲ့ပြီလို့ သိရပါတယ်။