မြန်မာ့အရေးမှာ  ဒေသတွင်းနိုင်ငံတွေရဲ့ ဝင်ရောက်ပါဝင်လာမှုဟာ ပိုပြီး ထဲထဲဝင်ဝင်ဖြစ်လာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။

ယာယီသမ္မတက  အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၇/၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးမှာ ထည့်သွင်းပြောကြားလိုက်တာပါ။

ကျွန်တော်တိုအားလုံး သိထားပြီးဖြစ်တဲ့အတိုင်း လက်ရှိ ပြည်တွင်းရေးကိစ္စ အပေါ်မှာ ဒေသတွင်း နိုင်ငံတွေရဲ့ ဝင်ရောက်စွက်ဖက်မှုက ထင်ထားတာထက် ပိုပြီး ထဲထဲဝင်ဝင် ဖြစ်လာတာ တွေ့ရတယ်။ ဒေသတွင်းနိုင်ငံတွေဟာ လောလောဆယ်အားဖြင့် ပြည်တွင်းက လတ်တလောဖြစ်ရပ်တွေကို ကြည့်ပြီး ဒေသတွင်း တည်ငြိမ်ရေးကို ရနိုင်သလောက် ထိန်းဖို ကြိုးစားတယ်လို ကျွန်တော် မြင်ပါတယ်။ တကယ်တော့ လက်ရှိ ဖြစ်ရပ်တွေဟာ ကျွန်တော်တို နိုင်ငံအတွင်းမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အမြစ်တွယ်ပြီး ပံ့ပိုးလာတဲ့ စစ်အာဏာရှင် စရိုက်တွေရဲ့ စုပြုံအကျိုးပေးမှုကြောင့် ဖြစ်တယ်လို ပြောနိုင်ပါတယ်။ အတိတ်က အမြစ်စွဲနေတဲ့ စနစ်ဆိုး၊ စရိုက်ဆိုးကြောင့် ဖြစ်တဲ့ အခြေအနေတွေကို ကုစားရာမှာ နိုင်ငံရေးဆေးမြီးတိုတွေနဲ့ ဖြေရှင်းလို မရဘူးဆိုတာ ကျွန်တော်တို့ ပြောဖိုလိုပါတယ်ဟု ယာယီသမ္မတက ဆိုပါတယ်။

ယာယီသမ္မတကပြည်တွင်းရေးကိစ္စမှာထဲထဲဝင်ဝင်ပါဝင်လာတဲ့နိုင်ငံရဲ့အမည်ကိုတော့ထည့်သွင်းပြောကြားခြင်းမရှိခဲ့ပါဘူး။

တစ်ဖက်မှာလည်းစစ်ကောင်စီက သန်းခေါင်စာရင်းကောက်ပြီး ရွေးကောက်ပွဲအတွက် ပြင်ဆင်လာခြင်းကိုလည်းယာယီသမ္မတက ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်။

စစ်အာဏာသိမ်းမှုကို တရားဝင်အာဏာအဖြစ် အသွင်ပြောင်းဖိုအတွက် ရွေးကောက်ပွဲကို လက်နက်တစ်ခုလို အသုံးချတဲ့ ကိစ္စသာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို အားလုံးက အတုအယောင်ရွေးကောက်ပွဲလို နာမည်တပ်ရတာဖြစ်ပါတယ်။ နိုင်ငံတကာ လေ့လာဆန်းစစ်ချက် တွေမှာလည်း ဒီလို ဖြစ်စဉ်တွေ အမြောက်အမြား ရှိခဲ့ပြီးဖြစ်တာတွေ့ရပါတယ်။ အာဏာရှင်တွေဟာ ရွေးကောက်ပွဲကို အသုံးချပြီး သူတိုရဲ့ အာဏာတည်မြဲရေးအတွက် တရားဝင်ဖြစ်မှု ဆိုတာကို တည်ဆောက်တာတွေ့ရပါတယ်။ တစ်ဖက်မှာလည်း ဒီမိုကရေစီမည်ကာမတ္တလို ပြောရလောက်မယ့်ရွေးကောက်ပွဲဒီမိုကရေစီလောက်နဲ့ လူထုကို ရောင့်ရဲတင်းတိမ်ခိုင်းတာတွေ့ရပါတယ်သမ္မတက ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက တရုတ်သံအမတ်နဲ့ UWSA အပါအဝင် လက်နက်ကိုင်အချို့နဲ့ တွေ့ဆုံခဲ့မှု လျှို့ဝှက်အစည်းအဝေး မှတ်တမ်းပေါက်ကြားခဲ့‌ပြီး တရုတ်ရဲ့ ဖိအားပေးမှုအချို့ ထွက်ပေါ်လာခဲ့အပြီး မြန်မာ့အရေးလေ့လာသူတွေက ဝေဖန်ထောက်ပြခဲ့ကြပါတယ်။

(ဓာတ်ပုံ Office of the President – NUG)
0 Shares:
You May Also Like
Read More

ဖားကန့်တွင် စစ်ကောင်စီကား တိုက်ခိုက်ခံရပြီး အမှိုက်ပုံကျေးရွာ ဥက္ကဋ္ဌဟောင်းနှင့် လမ်းသွားလမ်းလာ အမျိုးသားတစ်ဦး သေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ယူမာကျေးရွာရှိ အဲဗားဝင်းနားကုမ္ပဏီ‌ ရွှေမျောခြံအတွင်း စခန်းချနေတဲ့ စစ်အုပ်စုဟာ ဇူလိုင်လ ၁၂ ရက် ညနေပိုင်းမှာ ကားနဲ့ လှည့်ပတ်လာစဥ် KIA/KPDF တပ်ဖွဲ့တွေက ပစ်ခတ်ခဲ့တယ်လို့ ဖားကန့်နယ်ခံတွေဆီက သိရပါတယ်။
Read More

ရန်ကုန်မှာ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် “မတရားမှုဒဏ် ပြည်သူ့အသံ မိုးထက်ညံ” ပိုစတာချိတ်ဆွဲ

အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေး အထူးတင်းကျပ်ထားတဲ့ ရန်ကုန်မြို့ တစ်နေရာမှာ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် "မတရားမှုဒဏ် ပြည်သူ့အသံ မိုးထက်ညံ" ပိုစတာကို ဒီနေ့ မနက်ပိုင်းက ချိတ်ဆွဲပြီး ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ YOA အဖွဲ့ဆီက သိရပါတယ်။
Read More

ထိတွေ့ပစ်မှုမရှိဘဲ ရှရော်ခရွာကို စစ်ကော်မရှင်တပ် ဒရုန်းဖြင့် ဗုံးကြဲ၊ ဒေသခံ ၅ ဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ရှရော်ခရွာထဲကို စစ်ကော်မရှင်တပ်က ထိတွေ့ပစ်ခတ်မှုတွေမရှိဘဲ ဒရုန်းနဲ့ ဗုံးသီးကြဲချခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ထားဝယ်တွင် စစ်ကြောင်းထိုး စစ်အုပ်စုအပါအဝင် စစ်ကူတပ်နှင့် PDF များ ထိတွေ့တိုက်ပွဲ ၆ နာရီကြာ ဖြစ်ပွါးခဲ့

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ ကျေးရွာတွေဆီစစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းအပါအဝင် စစ်ကူတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ ၆ နာရီကြာဖြစ်ပွားခဲ့ကြောင်း Launglone Peninsula Force - L P F သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ကျောတိုက်နယ်အတွင်း ရွှေပင်ရွာ စစ်တပ်ဂိတ် တိုက်ခိုက်ခံရပြီး ၁ ပွင့်ဗိုလ် သေ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ကျောတိုက်နယ်အ‌တွင်းရှိ စစ်အုပ်စုဂိတ်စခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေ သွားရောက်တိုက်ခိုက်ရာ အပြန်အလှန်ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ယောကာကွယ်ရေးတပ် စစ်ဒေသရုံး ဦးဆောင်ကော်မတီ (YDF) တပ်ဖွဲ့ထံက သိရပါတယ်။
Read More

ABSDF အမှတ် ၃ စစ်ကြောင်းနှင့် ရေစကြို ပ.က.ဖ တို့ ပူးပေါင်းပြုလုပ်သည့် အပတ်စဉ် ၁ အခြေခံစစ်ပညာသင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး -ABSDF (ကျောင်းသားတပ်မတော်)၊ အမှတ် ၃ စစ်ကြောင်းနဲ့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းပြုလုပ်တဲ့ ၁/၂၀၂၅ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို မတ်လ ၂ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ ABSDF က ထုတ်ပြန်ပါတယ်။