တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ ဖားကန့်၊ ဆိုင်းတောင်ရွာက ဟိုတယ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ကြောင်းကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်လိုက်ပြီ ဖြစ်ကြောင်း ကချင်စစ်ရေး သတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ရွာက Lucky Man ဟိုတယ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ KPDF ပူးပေါင်းတပ်ဖွဲ့တွေက အောက်တိုဘာ ၈  ရက် ဒီနေ့မနက်ပိုင်းက အပြီးသတ် တိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

ရက်သတ္တပတ် ၂ပတ်နီးပါး တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ဆိုင်းတောင်ရွာကိုလည်း KIA တပ်ပေါင်းစုက အပြီးသတ်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ ကျော်ဖမ်းဆီးမိကာ လက်နက်ခဲယမ်းများပါ သိမ်းဆည်းရရှိမိကြောင်း KIA ရဲ့ ရှေ့တန်းသတင်းအရင်းအမြစ်အချို့က ဖော်ပြလာပါတယ်။

ဆိုင်းတောင်ရွာဟာ ဖားကန့်မြို့နဲ့ ခြောက်မိုင်အကွာမှာရှိပြီး စစ်ကောင်စီနဲ့ KIA နှစ်ဖက်စလုံးအတွက် စစ်ရေး၊ စီပွားရေးအတွက် အရေးပါသလို ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းရှင်တွေလည်း အခြေချနေထိုင်တဲ့ ရွာပဲ ဖြစ်ပါတယ်။

စက်တင်ဘာလပထမပတ်က စတင်ကာ KIA နဲ့တပ်ပေါင်းစုက ဆိုင်းတောင်ကို ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး ရဲကင်းနဲ့ စစ်ကောင်စီတပ်စခန်းအချို့ကိုလည်း သိမ်းပိုက်ရရှိထားပြီး ဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဖားကန့်မြို့နယ် ဆိုင်းတောင် Lucky Man ဟိုတယ်မြင်ကွင်း (ဓာတ်ပုံ CJ)
0 Shares:
You May Also Like
Read More

မော်လမြိုင်ကမ်းနားတွင် ရပ်နားထားသည့် အပျော်စီးသင်္ဘာ ရုတ်တရက် နစ်မြုပ်ခဲ့

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကမ်းနားလမ်းရှိ ထားဝယ်တံတားဆိပ်ကမ်းမှာ ရပ်နားထားတဲ့ Harmony River Cruise (ထီးလှိုင်) အပျော်စီးသင်္ဘောဟာ မနေ့က ဇူလိုင်လ ၂၁ ရက် မနက်ပိုင်းမှာ နစ်မြုပ်သွားခဲ့တယ်လို့ မော်လမြိုင်မြို့ခံတွေထံက သိရပါတယ်။ 
Read More

ပြည်သူကြောင့် တော်လှန်ရေးအောင်မြင်နေတာဖြစ်ပြီး ပြည်သူတွေ ဒုက္ခကို ကြံ့ကြံ့ခိုင် ကျော်လွှားတောင့်ခံနေကြတာကို ဂုဏ်ယူတယ်လို့ KNU အထွေထွေအတွင်းရေးမှူးချုပ် ပြော

နွေဦးတော်လှန်ရေး အောင်မြင်နေတာဟာ ပြည်သူကြောင့် ဖြစ်ပြီး ပြည်သူတွေအနေနဲ့ ဒုက္ခကို ကြံ့ကြံ့ခိုင်ကာ ကျော်လွှားတောင့်ခံနေကြတာကို ဂုဏ်ယူတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက ပြောပါတယ်။
Read More

သာကေတရဲစခန်း ဖောက်ခွဲတိုက်ခိုက်ခံရပြီး ရဲ ၃ ဦး ဒဏ်ရာရ၊ ၁ ဦး ဒဏ်ရာ ပြင်းထန်

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်က အကြမ်းဖက်စစ်အုပ်စုရဲ့ သာကေတနယ်မြေ ရဲစခန်းကို သွားရောက်ဖောက်ခွဲတိုက်ခိုက်မှုမှာ စခန်းအတွင်းရှိနေတဲ့ ရဲ ၁ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ပြကြွက်ကွန်ယက် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စက်တင်ဘာလအတွင်း စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား အဆောက်အဦးတွေကို မြို့ပြတော်လှန်ရေးအဖွဲ့တွေ ဆက်တိုက်ဆိုသလို တိုက်ခိုက်လာ

အကြမ်းဖက်စစ်ကောင်စီရဲ့ အဓိကအာဏာတည်မြဲရာ ရန်ကုန်မြို့ပြမှာ မြို့ပြတော်လှန်ရေးအဖွဲ့တွေရဲ့လှုပ်ရှားမှုတွေ စက်တင်ဘာလထဲ ဆက်တိုက်ဆိုသလို တွေ့လာရပါတယ်။
Read More

ပုသိမ်-မုံရွာလမ်းမကြီးဘေး တိုက်နယ်ဆေးရုံအတွင်းရှိ စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်က စစ်ကောင်စီတပ်တွေတပ်စွဲထားရာ ကျောက်တိုင်ကျေးရွာ၊ တိုက်နယ်ဆေးရုံဝန်းအတွင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ စစ်အုပ်စုဘက်က အရာရှိအပါအဝင် ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့ကြောင်း သရက်ခရိုင် အမှတ် (၄) တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းကို ပြောပါတယ်။
Read More

ကလေးမြို့နယ်တောင်ပိုင်းက ဆေးရုံ ၂ ရုံကို စစ်တပ် ၂ ရက်အတွင်း ဗုံးကြဲတိုက်ခိုက်၊ ကျန်းမာရေးစေတနာ့ဝန်ထမ်း ၅ ဦး ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းမှာရှိတဲ့ ဆေးရုံ ၂ ရုံကို အကြမ်းဖက် စစ်တပ်က လေယာဉ်နဲ့ နှစ်ရက်အတွင်း ဗုံးကြဲတိုက်ခိုက်ရာ ကျန်းမာရေးစေတနာ့ ဝန်ထမ်း ၅ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ People's Healthcare Network (Kalay) က ထုတ်ပြန်ထားပါတယ်။