တစ်နိုင်ငံလုံးကို လျှပ်စစ်မီးအပြည့်အ၀ မပေးနိုင်သော်လည်း လျှပ်စစ်ရထားတွေ ပြေးဆွဲဖို့ ကအရေးကြီးဆုံးဖြစ်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောပါတယ်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ရထားများပြေးဆွဲနိုင်ရေးကသာ မလွဲမသွေပြောင်းလဲရမယ့် လုပ်ငန်းရပ်တစ်ခုဖြစ်တယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်က မှာယူခဲ့တဲ့ မီးရထားများပြည်ပမှရောက်ရှိလာစဉ်  အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က မြန်နှုန်းမြှင့်ပြီး မောင်းနိုင်ဖို့ လုပ်ဆောင်သင့်ကြောင်း လည်းပြောကြားလိုက်ပါတယ်။

(ဓာတ်ပုံ စကစ ပြန်ကြားရေးဝန်ကြီးဌာန ဝက်ဆိုက်)

မင်းအောင်လှိုင်က မြန်မာ့မီးရထား၊ မြို့ပတ်ဒီဇယ်စက်ခေါင်းရုံ (အင်းစိန်)မှာ ပြည်ပက ဝယ်ယူထားတဲ့ ရထားတွဲဆိုင်းသစ်တွေကိုလာရောက်ကြည့်ရှုစဉ်မှာ ပြောကြားလိုက်တာပါ။

အဆိုပါ ရထားတွဲဆိုင်းတွေဟာ ဂျပန်ချေးငွေနဲ့ အရပ်သားအစိုးရလက်ထက်ကမှာယူခဲ့တာဖြစ်ပြီး အခု ၂၀၂၄ စက်တင်ဘာ အစောပိုင်းမှာ မြန်မာပြည်ကို ရောက်ရှိလာခြင်းဖြစ်ပါတယ်။

ရန်ကုန်မန္တလေးရထားလမ်းပိုင်း အဆင့်မြှင့်တင်ပြီးပါက ပြေးဆွဲရန် စပိန်နိုင်ငံထုတ် DEMU ရထားစင်းရေ ၃၀ ရောက်ရှိနေတာဖြစ်ပါတယ်။

စပိန်နိုင်ငံထုတ် DEMU ရထားစင်း‌ရေ ၃၀ အနက် ၁၁ စင်းကို မြို့ပတ်အဖြစ်ပြေးဆွဲရန် လျာထားပြီး၊ ၁၉ စင်းကို အမြန်လမ်းပိုင်း၌ ပြေးဆွဲရန် စီစဉ်ထားတာပါ။

ဒါ့အပြင် ရန်ကုန်မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းအတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA မှ ချေးငွေ အမေရိကန် ဒေါ်လာ၂ ဒသမ ၇ ဘီလီယံသုံးစွဲ၍ ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ငါးနှစ်စီမံ ကိန်းအဖြစ် သတ်မှတ်လုပ်ဆောင်သွားရန် ကနဦးလျာထားပေမယ့် ချေးငွေတွေ ဆက်လက် မရရှိလို့ စီမံကိန်းဟာလည်း ရပ်နားထားရပြီ ဖြစ်ပါတယ်။

(ဓာတ်ပုံ RFA)
0 Shares:
You May Also Like
Read More

ကော့ကရိတ်မြို့နယ်တွင်းက စစ်ကောင်စီ၏ တပ်စခန်းငယ်တစ်ခုကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်…

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းက စစ်ကောင်စီရဲ့ တပ်စခန်းငယ်တစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA) ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ကရင်ပြည်နယ်တွင်းက ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
Read More

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင် ကဗျာရွတ်ဆို ဂုဏ်ပြုခဲ့သည့် နိုင်ငံ‌ရေးအကျဉ်းသားများ ရိုက်နှက်တိုက်ပိတ်ခံထားရ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ကို ဂုဏ်ပြု ကဗျာရွတ်ဖတ်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မြင်းခြံ‌ထောင်ရှိ ဝန်ထမ်းတွေက နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်ပြီး ခြေချင်းခတ် တိုက်ပိတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Read More

ရန်ကုန်မှာ YUPA မြို့ပြပြောက်ကျား တပ်ဖွဲ့က အာဏာရှင်အမြစ်ပြတ်ချေမှုန်းဖို့ အရှေ့ပိုင်းဒဂုန်မှာ အခြေစိုက်ပြီး ဆက်လက်လုပ်ဆောင်ဖို့ ထုတ်ပြန်ကြေငြာ

ရန်ကုန်မြို့ Yango Ug People Army မြို့ပြတော်လှန်ရေးတပ်ဖွဲ့အနေနဲ့ မြို့ပြပြောက်ကျားစစ်ဆင်ရေးတွေ ပြုလုပ်ရာမှာ ရန်ကုန်အရှေ့ပိုင်း ဒဂုန်မြို့နယ်အတွင်း အခြေစိုက်ကာ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်ကြောင်း အသိပေး ကြေငြာချက်ကို နိုဝင်ဘာလ ၁ ရက်မှာ ထုတ်ပြန်ခဲ့တယ်လို့ YUPA မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိ​သူတွေဆီက သိရပါတယ်။
Read More

အာဏာရှင်သန်းရွှေ တည်ဆောက်ခဲ့သည့် နေပြည်တော်ကို အာဏာရှင် မင်းအောင်လှိုင်က အကွက်ချပြီး မြို့သစ်ပြန်တည်မည်…

စစ်ကိုင်းငလျင်ကြောင့် ပြိုကျပျက်စီးမှုတွေ ရှိခဲ့တဲ့ နေပြည်တော်ကို အကြမ်းဖက် မင်းအောင်လှိုင်က အကွက်ချပြီး မြို့သစ်ပြန်တည်မယ်လို့ မနေ့က ပြုလုပ်ခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးမှာ ပြောဆိုလိုက်ပါတယ်။
Read More

မြန်မာနိုင်ငံမှာ လူဦးရေ ၅၁ သန်းကျော်သာရှိတော့ဟုဆို၊ လူဦးရေ သန်း ၂၀ ကျော်အတွက် သန််းခေါင်စာရင်း မကောက််ရသေးပေမယ့် ရွေးကောက််ပွဲ ကျင်းပမယ်ဆိုတဲ့ မင်းအောင်လှိုင်

မြန်မာနိုင်ငံမှာ လက်တလောဖြစ်ပွားနေတဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် လူဦးရေ ၅၁ သန်းကျော်သာရှိပြီး၊ ဒီနှစ် ၂၀၂၅ အတွင်းမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ကို ဖိဖိစီးစီးလုပ်ဆောင်သွားမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ရဲ့ အာဏာသိမ်းအစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။
Read More

မင်းအောင်လှိုင်ကို ICC ဖမ်း၀ရမ်းထုတ်ရေး ပြည်တွင်းလှုပ်ရှားမှု (ဓာတ်ပုံသတင်း)

အင်းလေး အမျိုးသမီးသမဂ္ဂက ဦးဆောင်ကာ ပြည်သူတွေနဲ့အတူ အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ICC က ဖမ်းဝရမ်းထုတ်နိုင်ရေး လှုံ့ဆော်လှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။