အာရက္ခတပ်တော် AA နဲ့ ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့နယ်တို့အတွင်း ရိုဟင်ဂျာတပ်ဖွဲ့တွေဖြစ်တဲ့ ARSA နဲ့ RSO တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး AA က လက်နက်ခဲယမ်းတချို့သိမ်းဆည်းရရှိခဲ့တယ်လို့ အသိပေးထုတ်ပြန်ပါတယ်။

ဘူးသီးတောင်မြို့နယ် ရွှေထား(မွတ်စလင်)ရွာအနီး  ARSA တပ်ဖွဲ့တွေစခန်းကို အောက်တိုဘာ ၆ ရက်မှာ တိုက်ခိုက်ကာ မီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတချို့သိမ်းဆည်းရရှိခဲ့သလို စခန်းကနေ ထွက်ပြေးသွားသူတချို့ကိုလည်း လိုက်လံရှင်းလင်းလျက်ရှိကြောင်း AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ (AA Info Desk)

တဆက်တည်းမှာပဲ မောင်တောမြို့နယ်ထဲက လိပ်ရစခန်းအနီးမှာ အောက်တိုဘာ ၆ ရက်က လုံခြုံရေးကင်း လှည့်နေတဲ့ AA တပ်ဖွဲ့ဝင်တွေနဲ့  RSO တပ်ဖွဲ့တို့ မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး MA-2 သေနတ်တလက်၊ G3 နှစ်လက်၊ ကျောပိုးအိတ် ၁၂ လုံးနဲ့ စစ်အသုံးအဆောင်ပစ္စည်းအချို့ သိမ်းဆည်ရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဘူးသီးတောင်မောင်တောဒေသမှာ ARSA RSO လက်နက်ကိုင်အဖွဲ့တွေ အခုရက်ပိုင်းအတွင်း အကြမ်းဖက်မှု ခပ်စိပ်စိပ် ပြုလုပ်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ လုံခြုံရေး သတိအပြည့်နဲ့ နေထိုင်ကြဖို့လည်း AA က အသိပေးနှိုးဆော်ထားပါတယ်။

ARSA နဲ့ RSO တပ်ဖွဲ့တွေဟာ အာရက္ခတပ်တော် AA နဲ့ ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ကူညီတိုက်ခိုက်မှုတွေ ရှိနေသလို စစ်ကောင်စီက လက်နက်ခဲယမ်းထောက်ပံ့ပေးမှုတွေ ရှိနေတယ်လို့ AA က မကြာခဏပြောဆိုလေ့ရှိပါတယ်။

 

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်နေ့တွင် အာရက္ခပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များ စီးလာသော ဆိုင်ကယ်ကို ARSA လက်နက်ကိုင်တပ်ဖွဲ့ဝင်များမှ မီးရှို့ဖျက်ဆီးခဲ့သည့် မှတ်တမ်း (ဓာတ်ပုံ AA Info Desk ၏ ရုပ်သံမှတ်တမ်းမှ)

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်နေ့တွင် အာရက္ခပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များ စီးလာသော ဆိုင်ကယ်ကို ARSA လက်နက်ကိုင်တပ်ဖွဲ့ဝင်များမှ မီးရှို့ဖျက်ဆီးခဲ့သည့် မှတ်တမ်း (ဓာတ်ပုံ AA Info Desk ၏ ရုပ်သံမှတ်တမ်းမှ)

0 Shares:
You May Also Like
Read More

စစ်ကောင်စီကို ICC ထံပို့ပြီး ပြတ်သားထိရောက်တဲ့ အရေးယူမှုတွေလုပ်ဆောင်မှသာ မြန်မာပြည်သူတွေ ဆင်းရဲဒုက္ခက ကင်းလွတ်မယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလကိုတောင်းဆို

စစ်ကောင်စီကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ထံ ကုလက လွှဲပြောင်းပေးပြီး ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေအတွက် စစ်ကောင်စီက အမြန်ဆုံး ပြစ်ဒဏ်ကျခံဖို့ အချိန်တန်ပြီဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ် စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။
Read More

တီးတိန်မှာ စစ်ကောင်စီကင်းစင်အောင် လုပ်ပြီးရင် ဆက်စပ်နယ်မြေများကိုပါ ကူညီသွားမည်ဟု ချင်းညီနောင် ပြော

အာဏာသိမ်းစစ်ကောင်စီဟာ ချင်းပြည်နယ်မြောက်ပိုင်းက တီးတိန်မြို့ကို လက်မလွှတ်ရရေးအတွက် အသည်းအသန် ခုခံကာ စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားနေတယ်လို့ ချင်းညီနောင်အဖွဲ့ (CB) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ဒီနေ့ ဇွန်လ ၁၈ရက်နေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
Read More

၂၀၂၄ ခုနှစ်အတွင်း Fight Delta Fight ရုပ်ရှင်ကနေ ရရှိတဲ့ ငွေကျပ် သိန်း ၄၀၀ ခန့်ကို ဧရာဝတီ စစ်ရေးအတွက် လှူဒါန်း

၂၀၂၄ ခုနှစ်အတွင်း Fight Delta Fight တော်လှန်ရေး ရုပ်ရှင်ဇာတ်ကား ပြသလို့ ရရှိတဲ့ ငွေကျပ် သိန်း ၄၀၀ ခန့်ကို ဧရာဝတီတိုင်း စစ်ရေးလှုပ်ရှားမှုတွေအတွက် ပေးအပ်ခဲ့ကြောင်း ရုပ်ရှင်ထုတ်လုပ်သူတွေထံက သိရပါတယ်။
Read More

ရှမ်းပြည်နယ်တောင်ပိုင်း တော်လှန်ရေးလူငယ် အင်အားစု (SSRY) တည်ထောင်ခြင်း (၃) နှစ်ပြည့် အခမ်းအနား (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁၀၀၈) တပ်ရင်း - ရှမ်းပြည်နယ်တောင်ပိုင်း တော်လှန်ရေးလူငယ် အင်အားစု (SSRY) တည်ထောင်ခြင်း (၃) နှစ်ပြည့် အခမ်းအနားကို ဒီနေ့မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ရင်းက ထုတ်ပြန်ထားပါတယ်။
Read More

ဖက်ဆစ်အသွင်ကူးပြောင်းသွားသည့် စစ်တပ်ကို တော်လှန်နေသည့် လက်ရှိကာလသည် ခေတ်သစ်ဖက်ဆစ်တော်လှန်ရေးကာလဟု NUG ပြော

ပြည်သူကို ကာကွယ်ရမယ့် ​စစ်တပ်အဖြစ်ကနေ ဖက်ဆစ်အသွင်ကူးပြောင်းသွားတဲ့ စစ်တပ်ကို တော်လှန်နေတဲ့ လက်ရှိကာလဟာ ခေတ်သစ်ဖက်ဆစ်တော်လှန်ရေးကာလဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နှစ် (၈၀) ပြည့် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
Read More

KNDF ဗျူဟာ (၆) စစ်သင်တန်းဆင်းပွဲ

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)  ဗျူဟာ အမှတ် (၆) ရဲ့ အပတ်စဥ် (၄) အခြေခံစစ်သင်တန်းဆင်းပွဲကို ဒီဇင်ဘာလ ၁၃ ရက်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။