အာရက္ခတပ်တော် AA နဲ့ ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့နယ်တို့အတွင်း ရိုဟင်ဂျာတပ်ဖွဲ့တွေဖြစ်တဲ့ ARSA နဲ့ RSO တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး AA က လက်နက်ခဲယမ်းတချို့သိမ်းဆည်းရရှိခဲ့တယ်လို့ အသိပေးထုတ်ပြန်ပါတယ်။

ဘူးသီးတောင်မြို့နယ် ရွှေထား(မွတ်စလင်)ရွာအနီး  ARSA တပ်ဖွဲ့တွေစခန်းကို အောက်တိုဘာ ၆ ရက်မှာ တိုက်ခိုက်ကာ မီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတချို့သိမ်းဆည်းရရှိခဲ့သလို စခန်းကနေ ထွက်ပြေးသွားသူတချို့ကိုလည်း လိုက်လံရှင်းလင်းလျက်ရှိကြောင်း AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ (AA Info Desk)

တဆက်တည်းမှာပဲ မောင်တောမြို့နယ်ထဲက လိပ်ရစခန်းအနီးမှာ အောက်တိုဘာ ၆ ရက်က လုံခြုံရေးကင်း လှည့်နေတဲ့ AA တပ်ဖွဲ့ဝင်တွေနဲ့  RSO တပ်ဖွဲ့တို့ မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး MA-2 သေနတ်တလက်၊ G3 နှစ်လက်၊ ကျောပိုးအိတ် ၁၂ လုံးနဲ့ စစ်အသုံးအဆောင်ပစ္စည်းအချို့ သိမ်းဆည်ရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဘူးသီးတောင်မောင်တောဒေသမှာ ARSA RSO လက်နက်ကိုင်အဖွဲ့တွေ အခုရက်ပိုင်းအတွင်း အကြမ်းဖက်မှု ခပ်စိပ်စိပ် ပြုလုပ်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ လုံခြုံရေး သတိအပြည့်နဲ့ နေထိုင်ကြဖို့လည်း AA က အသိပေးနှိုးဆော်ထားပါတယ်။

ARSA နဲ့ RSO တပ်ဖွဲ့တွေဟာ အာရက္ခတပ်တော် AA နဲ့ ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ကူညီတိုက်ခိုက်မှုတွေ ရှိနေသလို စစ်ကောင်စီက လက်နက်ခဲယမ်းထောက်ပံ့ပေးမှုတွေ ရှိနေတယ်လို့ AA က မကြာခဏပြောဆိုလေ့ရှိပါတယ်။

 

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်နေ့တွင် အာရက္ခပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များ စီးလာသော ဆိုင်ကယ်ကို ARSA လက်နက်ကိုင်တပ်ဖွဲ့ဝင်များမှ မီးရှို့ဖျက်ဆီးခဲ့သည့် မှတ်တမ်း (ဓာတ်ပုံ AA Info Desk ၏ ရုပ်သံမှတ်တမ်းမှ)

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်နေ့တွင် အာရက္ခပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များ စီးလာသော ဆိုင်ကယ်ကို ARSA လက်နက်ကိုင်တပ်ဖွဲ့ဝင်များမှ မီးရှို့ဖျက်ဆီးခဲ့သည့် မှတ်တမ်း (ဓာတ်ပုံ AA Info Desk ၏ ရုပ်သံမှတ်တမ်းမှ)

0 Shares:
You May Also Like
Read More

ညောင်ဦးနယ် ကျေးရွာများတွင် စစ်ကြောင်းရော ပေါ်တာဆွဲမှုပါ ဆိုးရွားနေသည့်အတွက် ဒေသခံများထွက်ပြေးတိမ်းရှောင်နေရ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေက ကျေးရွာတွေထဲ အင်အားအလုံးရင်းသုံး စစ်​ကြောင်းဝင်ရောက်​နေသလို ပေါ်တာဆွဲဖမ်းဆီးတာတွေလည်း ဆက်တိုက်လုပ်ဆောင်နေကြောင်း Yan Gyi Aung People's Defense Force တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

ပြည်ပသာမက ပြည်တွင်း delivery လုပ်ငန်းအချို့ပါ ခတ္တရပ်နားထားရ

အာဏာသိမ်း စစ်ကော်မရှင်က ပြည်ပပို့ကုန်တွေကို ကုန်သွယ်ခွင့် ကန့်သတ်လိုက်ပြီးတဲ့နောက် ပြည်တွင်းထဲမှာပါ delivery service (အမြန်ချောပို့) လုပ်ငန်းတွေကိုလည်း သယ်ယူပို့ဆောင်ခွင့် ကန့်သတ်ထားတယ်လို့ Online ဈေးရောင်းသူတွေထံက သိရပါတယ်။
Read More

အရပ်သားနေအိမ်များနှင့် ဘုန်းကြီးကျောင်းအတွင်းရှိ စစ်ကောင်စီတပ်သားများ ပစ်ခတ်တိုက်ခိုက်ခံရ၊ ၅ ဦး သေပြီး ၃ ဦး ထိခိုက်ဒဏ်ရာ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်မှာ အရပ်သားနေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်တိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်သား ၅ ယောက် သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေါင်းညီနောင်စစ်ကြောင်း တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီက အကျဉ်းသားများကို လက်နက်တပ်ဆင်ပေးပြီး တိုက်ပွဲဖြစ်ပွါးရာ နေရာများတွင် ခံစစ်အတွက် ပြင်ဆင်နေ

အာဏာသိမ်း စစ်ကောင်စီက တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဒေသတွေမှာ အကျဉ်းသားတွေကို လက်နက်တပ်ဆင်ပေးပြီး ခံစစ်အတွက် အသုံးပြုနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက်(PPNM) က မတ်လ ၁၄ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

၉ နှစ်အရွယ် ကလေးငယ်အပါ ၁၂ ယောက်သေဆုံးခဲ့တဲ့ ငါန်းမြာကြီးရွာကို စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်ကို NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန်

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်လာပါတယ်။
Read More

KNLA ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်နေတဲ့ အနန်းကွင်း ဗျူဟာကုန်းအနီးကို အကြမ်းဖက်စစ်တပ် လေယာဉ်နဲ့ ဗုံးအလုံးရေ ၂၀ ထက်မနည်း ကြဲချ

ကရင်ပြည်နယ် တပ်မဟာ ၆နယ်မြေက အကြမ်းဖက်စစ်တပ်ရဲ့ အနန်းကွင်းဗျူဟာကုန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိုးစစ်ဆင်နေပြီး အကြမ်းဖက်စစ်တပ်က ဒီဇင်ဘာလ ၄ရက် ညပိုင်းမှာ လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။