ရခိုင်ပြည်နယ်၊ အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အနီး စစ်စခန်းအားလုံးကို အာရက္ခတပ်တော် AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း အသိပေး ထုတ်ပြန်ပါတယ်။

ကာလရှည်ထိုးစစ်ဆင်နေတဲ့ အမ်းမြို့က စစ်စခန်းတွေကို AA က ရရှိလိုက်ခြင်းဖြစ်ပြီး အမ်းဒေသတစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်ပြီး စစ်ကောင်စီ ကင်းစင်တဲ့နယ်မြေဖြစ်ဖို့ ထိုးစစ်ဆင်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့  ၉ မိုင်နီးပါးသာ ကွာဝေးတဲ့ မဲတောင်ဗျူဟာစခန်း အနီးရှိ စစ်စခန်းအားလုံးကို AA က တိုက်ခိုက်သိမ်းပိုက်၊ ရခိုင်ရှိ စစ်တပ်စခန်းများအားလုံး သိမ်းယူရေး ဆက်လက် ထိုးစစ်ဆင်သွားမယ်လို့လည်း ဆိုပါတယ်။

AA သိမ်းပိုက်လိုက်တဲ့  မဲတောင်ဗျူဟာကုန်းတွင်စစ်ကိုင်းတိုင်း၊ကလေး၊မော်လိုက်၊ဟုမ္မလင်းအခြေစိုက်စကခ၁၀လက်အောက်ခံတပ်ရင်းများဖြစ်ကြတဲ့ခမရ၃၆၂၊ခမရ၃၆၅၊ခမရ၃၆၉တပ်ရင်းများ၊အမ်း၊နပခဌာနချုပ်လက်အောက်ခံတပ်ရင်းအချို့နဲ့စကခ၅လက်အောက်ခံခမရ၃၄၆၊၃၇၃၊၃၇၂တပ်ရင်းများစုပေါင်းထားသောတပ်ရင်းများပါဝင်တယ်လို့သိရပါတယ်။

မဲတောင်ဗျုဟာကုန်းသိမ်းတိုက်ပွဲအတွင်းစစ်ကောင်စီ၏လက်နက်ခဲယမ်း၊စစ်အသုံးအဆောင်ပစ္စည်းများကိုသိမ်းဆည်းရမိခဲ့တယ်လို့လည်းဆိုပါတယ်။

(ဓာတ်ပုံ AA Info Desk)

အမ်းမြိုနယ်၊ ကျောက်စကွဲကျေးရွာအနီး စက်တင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်း စတင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မဲဟာဗျူဟာကုန်း၏ စခန်းများအား တစ်ခုပြီးတစ်ခု သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရရှိမိခဲ့ကြောင်း သိရပါတယ်။

တစ်ဆက်တည်းမှာပဲ  မောင်တော၊ ကျိန္တလီ နှင့် အမ်းစတဲ့ဒေသများအတွင်း တိုက်ပွဲများမှာ ဆက်လက်ဖြစ်ပွား နေတယ်လို့ အသိပေးပါတယ်။

မောင်တော စစ်ကောင်စီ၏ နခခ ၅ စခန်းကို အပြီးသတ်သိမ်းပိုက်ရယူရေး ဆက်လက်ထိုးစစ်ဆင်နေသလို တောင်ကုတ်၊ စကခ ၅ လက်အောက်ခံတပ်ရင်းတွေ အပါအဝင် စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ကို အရှိန်မြှင့်နေတယ်လို့ ဖော်ပြထားပါတယ်။

(ဓာတ်ပုံ AA Info Desk)

0 Shares:
You May Also Like
Read More

မင်းအောင်လှိုင် ထားဝယ်လာမည်ဟု သတင်းထွက်နေပြီး ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာများအား အကြမ်းဖက်စစ်တပ် တရစပ် လေကြောင်းတိုက်ခိုက်နေ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်း မြို့နယ်တွေမှာ အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေရာ အရပ်သား ထိခိုက်သေဆုံးမှုတွေလည်းရှိကြောင်း စစ်ရေးသတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။
Read More

မြို့သာ-မန္တလေးလမ်းပိုင်း နှင့် မြို့သာ-ငါန်းဇွန်လမ်းပိုင်းတို့တွင် အရပ်သားကားများ မှန်ချမောင်းနှင်ရန်၊ တိုက်ပွဲဖြစ်ပွားချိန် နောက်ပြန်လှည့်ရန် PDF သတိပေး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်-မြို့သာလမ်းပိုင်းမှာ စစ်အုပ်စုကို အချိန်မရွေး ဝင်ရောက်တိုက်ခိုက်တာတွေ ရှိလာနိုင်တာကြောင့် အရပ်သားကားတွေ မှန်ချမောင်းနှင်တာမျိုးနဲ့ တိုက်ပွဲဖြစ်ပွားချိန်အတွင်း နောက်ပြန်ဆုတ်ပေးကြဖို့ တိုက်နယ်(၃) နဂါးနီပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထုတ်ပြန်ထားပါတယ်။
Read More

နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အောက်တိုဘာလအတွင်း ၁၈ နှစ်အောက် ပြည်သူ (၂၈) ဦး သေဆုံးခဲ့ဟု AAPP ထုတ်ပြန်

မြန်မာနိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုကြောင့် အောက်တိုဘာလအတွင်း အသက် (၁၈) နှစ်အောက် အရပ်သားပြည်သူ (၂၈) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

တပ်သားသစ် စုဆောင်းခံခဲ့ရသည့် စစ်မှုထမ်းတပ်သား ၃ ဦး လက်နက်နှင့် အလင်းဝင်

ထိုင်း-မြန်မာနယ်စပ် မောတောင်ကုန်သွယ်ရေးလမ်းပိုင်းမှာ ရှေ့တန်းရောက်ရှိနေတဲ့ စစ်ကောင်စီတပ်သား ၃ယောက် လက်နက်နဲ့တကွ KNU တပ်မဟာ ၄၊ တပ်ရင်း ၁၁ ထံ အလင်းဝင်ရောက်လာတယ်လို့ KNU - Mergui - Tavoy District က သတင်းထုတ်ပြန်ပါတယ်။
Read More

မန္တလေးအိုးဘိုအကျဉ်းထောင်တွင်း အကျဉ်းချခံနေရသည့် NLD ပါတီဝင် နိုင်ငံရေးအကျဉ်းသား ဦးမြင့်ဝေ အူအတက်ပေါက် ဝေဒနာနှင့် ကျဆုံးခဲ့

မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်မှာ အကျဥ်းချခံနေရတဲ့ NLD ပါတီဝင် နိုင်ငံရေးအကျဥ်းသား ဦးမြင့်ဝေဟာ အလွယ်တကူ ခွဲစိတ်တဲ့ကုသနိုင်တဲ့ အူအတက်ပေါက်တဲ့ ရောဂါဝေဒနာနဲ့ ကျဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်းအမှတ်(၅) ကို စစ်ရေးချုပ်ခူးရီးဒူ လာရောက်တွေ့ဆုံ

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်းအမှတ်(၅) ကို KNDF တပ်ဖွဲ့ရဲ့ စစ်ရေးချုပ် ခူးရီးဒူ လာရောက်တွေ့ဆုံခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။