ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) ဟာ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ မြန်မာ့အရေး တံခါးပိတ်အစည်းအဝေးမှာ တက်ရောက်ခဲ့ကြောင်း RCSS က ဒီနေ့ အောက်တိုဘာ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ ထိပ်တန်းသံတမန်တွေရဲ့  မြန်မာ့အရေးဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ အဖွဲ့တွေထဲကနေ RCSS က ပထမဆုံး ထုတ်ပြန်ပြောဆိုတဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။

စစ်ကောင်စီနဲ့  NCA မှာ လက်မှတ်ရေးထိုးထားတဲ့ RCSS အဖွဲ့က အစည်းအဝေးမှာ ဆွေးနွေးခဲ့တဲ့ အချက်တွေကိုတော့ ထုတ်ပြန်ပြောဆိုခြင်းမရှိပါဘူး။

RCSS အဖွဲ့ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲ မရှိသလောက် နည်းပါးတဲ့ ရှမ်းတော်လှန်ရေးအင်အားစု အဖွဲ့အစည်းတစ်ခုပဲ ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ အောက်တိုဘာ ၃ ရက်ကနေ  ၅ ရက်အထိ ပြုလုပ်ခဲ့တဲ့ မြန်မာ့အရေးဆွေးနွေးပွဲကို တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအစုအဖွဲ့တွေ အများစု တက်ရောက်ခဲ့တယ်လို့လည်း RCSS ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆွေးနွေးပွဲကို NUG နဲ့ လက်ရှိစစ်ကောင်စီကို တော်လှန်နေတဲ့ အဖွဲ့အစည်းတချို့ တက်ရောက်ခဲ့ပေမယ့် လက်ရှိအချိန်အထိတော့ အတည်မပြုနိုင်သေးပါဘူး။ အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် တခြားသောတော်လှန်ရေးအင်အားစုတွေကလည်း တရားဝင် ထုတ်ပြန်လာခြင်း မရှိသေးပါဘူး။

အင်ဒိုနီးရှားက မြန်မာ့အရေးဆွေးနွေးပွဲဟာ အာဆီယံအစည်းအဝေးမကျင်းပမီ ရက်ပိုင်းအလိုမှာ ရုတ်တရက်ကျင်းပခဲ့တာဖြစ်ပြီး နိုင်ငံတကာက ထိပ်သီးသံတမန်တချို့ တံခါးပိတ်အစည်းအဝေးမှာ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပခဲ့သည့် နိုင်ငံတကာ ထိပ်တန်းသံတမန်တွေ၏ မြန်မာ့အရေး ဆွေးနွေးပွဲအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့က တွေ့ရစဉ်။ (Tai Freedom – Shan Version Facebook စာမျက်နှာမှ ဓာတ်ပုံ)
0 Shares:
You May Also Like
Read More

တရုတ်ရာဇဝတ်ဂိုဏ်းသား အယောက် ၂၀ ကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး၊ ထိုင်းမှာ တရားမဝင်နေထိုင်တဲ့ မြန်မာ ၇ ယောက်လည်း စံခလဘူရီမှာ ဖမ်းဆီးခံရ

ဘုရားသုံးဆူမြို့အနီး ထိုင်းနယ်စပ်မြို့ စံခလဘူရီမှာ တရုတ်ရာဇဝတ်ဂိုဏ်းသား အယောက် ၂၀ ကို နိုဝင်ဘာ ၁၁ ရက်မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း ဘန်ကောက်ပို့စ်မှာ ဖော်ပြထားပါတယ်။
Read More

နယူးယောက်တွင် ရောင်နီ မဖျော်ဖြေခင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအတွက် ငြိမ်သက်ဆုတောင်းခဲ့

အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်နေ့က ရောင်နီ ဖျော်ဖြေပွဲ ကျင်းပခဲ့ပြီး ပွဲမစတင်ခင်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစေဖို့ တစ်မိနစ် ငြိမ်သက် ဆုတောင်းခဲ့ကြတယ်လို့ သိရပါတယ်။
Read More

မြန်မာ့အရေး အကြမ်းဖက်မှုတွေရပ်ပြီး တွေ့ဆုံဆွေးနွေးဖို့ ပုပ်ရဟန်းမင်းကြီးတောင်းဆို

မြန်မာ့အရေး ငြိမ်းချမ်းရေးရရှိဖို့ တွေ့ဆုံဆွေးနွေးရေးနဲ့ အားလုံးအကျုံးဝင်ပါဝင်ရေးတို့ လိုအပ်ကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က နိုဝင်ဘာ ၂၄ ရက်မှာ ပြောလိုက်ပါတယ်။
Read More

ထိုင်းမှာ ခရီးသည်တင် ဘတ်(စ်)ကားတစ်စီး တိမ်းမှောက်၊ ၁၇ ဦး သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရ

ထိုင်းနိုင်ငံအရှေ့ပိုင်း၊ ပရာကျင်းဘူးရီးခရိုင်မှာ ခရီးသည်တင် ဘတ်(စ်)ကားတစ်စီး တိမ်းမှောက်သွားပြီး လူ (၁၇) ယောက်သေဆုံးကာ အယောက် (၄၀) ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြလာပါတယ်။  
Read More

အမေရိကန်ပြည်ထောင်စု တဝန်းမှာ သမ္မတ ထရမ့်ကို ကန့်ကွက်ဆန္ဒပြ (ဓာတ်ပုံသတင်း)

အမေရိကန်ပြည်ထောင်စု တဝန်းမှာ သမ္မတ ထရမ့်ကို ကန့်ကွက် ရှုတ်ချ ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်ပါ်လျက်ရှိနေပါတယ်။
Read More

မြန်မာဘက်မှ ထွက်ပြေးလာသည့် နယ်ခြားစောင့်တပ်နဲ့ စစ်ကော်မရှင်တပ်က တပ်သား ၅ ဦး ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် အဖမ်းခံရ

မြန်မာဘက်ကနေ ထွက်ပြေးလာတဲ့ စစ်ကော်မရှင် တပ်သား ၁ ယောက်နဲ့ နယ်ခြားစောင့်တပ်သား ၄ ယောက်ကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က ဖမ်းဆီးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းမှာ ဖော်ပြထားပါတယ်။