မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ရဲ့ နာရေးစျာပနကို ဒီနေ့မနက်က မန္တလေး မြို့သူမြို့သားတွေ ထောင်နဲ့ချီကာ လိုက်ပါပို့ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။
Smart City ရဲ့ ပဲ့ကိုင်ရှင်၊ မန္တလေးမြို့ကို အသန့်ရှင်းဆုံးဖြစ်အောင် လုပ်ဆောင်ခဲ့သူ ဒေါက်တာ ဇော်မြင့်မောင်ဟာ အောက်တိုဘာ ၃ ရက် မနက် ၃ နာရီအချိန်မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် (၇၃) နှစ်ရှိပြီဖြစ်ပါတယ်။
၂၀၂၁ စစ်ကောင်စီအာဏာသိမ်းပြီးချိန်ကစလို့ ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ်ချမှတ်ခဲ့ပြီး အိုးဘိုအကျဥ်းထောင်ထဲ သွေးကင်ဆာရောဂါကို ခံစားနေရပေမယ့် လုံလောက်တဲ့ဆေးဝါးစောင့်ရှောက်မှုတွေမပေးခဲ့ပါဘူး။
စစ်ကောင်စီက သူမသေဆုံးခင်အချိန်ပိုင်းအလိုမှ အောက်တိုဘာ ၆ရက်နေ့စွဲနဲ့ လွတ်​ငြိမ်းချမ်းသာခွင့်ပေးခဲ့တာလည်း ဖြစ်ပါတယ်။
Video – Soe Moe
0 Shares:
You May Also Like
Read More

မြင်းခြံ-တောင်သာလမ်းပေါ်မှာ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး အယောက် ၂၀ သေကာ လက်နက်တွေ သိမ်းဆည်းရရှိ (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံ-တောင်သာလမ်းပေါ်မှာ အင်အား ၁၀၀ ခန့်ရှိ ခမရ ၁၅၊ ရဲနဲ့ ပျူစောထီး ပူးပေါင်းတပ်တွေ စီးနင်းလာတဲ့ ယာဉ်တန်းကို ဇန်နဝါရီ ၁၂ ရက် မနက်ပိုင်းက တိုက်ခိုက်ခဲ့ရာ အယောက် ၂၀ ခန့်သေပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ချောင်းဦးမြို့နယ် ကံကြီးကုန်းပျူစခန်းကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းပျူစခန်းကို ဖေဖော်ဝါရီ ၁၀ ရက် မနက်ပိုင်းက ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင်၊အမှတ်-၁ တပ်ရင်း Special Guerrilla Force တပ်ခွဲထံက သိရပါတယ်။
Read More

ဖလမ်းမြို့ရှိ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရှင်းလင်းခဲ့သည့် မှတ်တမ်း (ရုပ်/သံ)

ချင်းပြည်နယ် ဖလမ်းမြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရှင်းလင်းခဲ့တဲ့ ရုပ်သံမှတ်တမ်းဖိုင်ကို ကလေးဒေသတော်လှန်ရေးတပ် (KRF) က ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

ကြို့ပင်ကောက်မှာ ပေါ်တာဆွဲဖို့ ကြိုးစားတဲ့ စစ်ကောင်စီတပ်သားတွေကို ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်အတွင်း ပေါ်တာဆွဲဖို့ ကြိုးစားတဲ့ စစ်ကောင်စီတပ်သားတွေကို ဖေဖော်ဝါရီ ၂ ရက် မနက်ပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးရိုးမအခြေပြု BTZM GBK PDF ထံက သိရပါတယ်။
Read More

မန္တလေး ဂေါ်ဝန်ဆိပ်ကမ်းမှ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ရေယာဉ်အုပ်စုကို ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့သို့ လာတဲ့ စစ်ရေယာဉ်အုပ်စုကို ချင်းတွင်းမြစ်ကြောင်းတစ်နေရာမှာ ကြား ဖြတ်တိုက်ခိုက်ခဲ့တယ်လို့ One Star Task Force - OSTF အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေ ကင်းယူမယ့်အဆောက်အအုံမှာ မိုင်းထောင်ပြီး တိုက်ခိုက်မှု ၃ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်အတွင်းရှိ အဆောက်အအုံမှာ ကြိုတင်မိုင်းထောင်ပြီး အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးကင်းယူဖို့ ရောက်ရှိလာချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။