မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ နာရေးစျာပနကို လိုက်ပါပို့ဆောင်ကြသူတွေကို စစ်ကောင်စီလက်အောက်ခံ ယာဉ်ထိန်းရဲ၊ ရဲ၊စစ်သားနဲ့ပျူစောထီးတွေ ပူးပေါင်းပြီး တားဆီးပိတ်ပင်မှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ မန္တလေးမြို့ခံတွေထံက သိရပါတယ်။

နာရေးပို့ဆောင်သူတွေကို တားဆီးပိတ်ပင်တာတွေ၊ အပြန်လမ်းမှာ စောင့်ပြီး စစ်ဆေးတာ၊ ဗီဒီယိုဓာတ်ပုံမှတ်တမ်းရိုက်ကူးတာတွေ၊ လက်နက်အပြည့်အစုံနဲ့ ကင်းလှည့်တာတွေ ပြုလုပ်ပြီး ပြည်သူတွေကို ခြိမ်းခြောက်မှုတွေ လုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ မတရားဖမ်းဆီးအကျဉ်းချခံထားရတဲ့ ဒေါက်တာ ဇော်မြင့်မောင်ဟာ အိုးဘိုထောင်အတွင်း ပင်ပန်းဆင်းရဲမှုဒဏ်တွေ ခံစားခဲ့ရပြီး သွေးကင်ဆာရောဂါအတွက် လုံလောက်တဲ့ ဆေးဝါးစောင့်ရှောက်မှု မခံခဲ့ရဘဲ အောက်တိုဘာ ၇ ရက် မနက် ၃ နာရီဝန်းကျင်မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

စစ်အုပ်စုကို ဒရုန်းဗုံးကြဲခဲ့သည့်ရုပ်သံ အမှတ် ၁၀၀၅ တပ်ရင်း ရှမ်းတောင် ထုတ်ပြန်

အကြမ်းဖက် စစ်ကော်မရှင်တပ်နဲ့ သူ့လက်အောက်ခံ PNA တပ်တွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရုပ်သံကို အမှတ် ၁၀၀၅ တပ်ရင်း၊ ရှမ်းတောင်က ထုတ်ပြန်လိုက်ပါတယ်။
Read More

မုဒုံမြို့နယ် အဘစ်ကျေးရွာက စစ်ကောင်စီအမြောက်တပ်ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ အဘစ်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီအမြောက်တပ် ၃၁၈ ကို အောက်တိုဘာ ၈ ရက်မှာ SDDF Missile Team က ထုတ်လုပ်တဲ့ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ PDF Southern Military Region အဖွဲ့ထံကနေ သိရပါတယ်။
Read More

မူဆယ်မြို့ရှိ ဖုန်းဆိုင်တစ်ဆိုင်ကို လက်နက်ကိုင်တစ်စု ဝင်ရောက်ဓားပြတိုက် (ရုပ်/သံ)

ရှမ်းပြည်နယ် မူဆယ်မြို့ရှိ ဖုန်းဆိုင်တစ်ဆိုင်ကို ဖေဖော်ဝါရီ ၇ ရက် မနေ့က လက်နက်ကိုင်အမျိုးသား ၄ ယောက်ဝင်ရောက်လာကာ ဓားပြတိုက်မှု ဖြစ်ပွားသွားခဲ့တယ်လို့ သိရပါတယ်။
Read More

ဖားကန့်မြို့နယ် လုံးခင်းရွာတွင် တိုက်ပွဲများ ပြင်းထန်နေ၊ စစ်ကောင်စီတပ်က ပြည်သူများကို ဓားစာခံအဖြစ် ဖမ်းဆီးထား (ရုပ်/သံ)

မေလ ၂၈ ရက် ဒီနေ့ မနက်ပိုင်းမှာ ဖားကန့်မြို့နယ် လုံးခင်းရွာအတွင်း ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဟာ ပြည်သူတွေကို ရိုက်နှက်ဖမ်းဆီးပြီး ဓားစာခံလုပ်ထားတယ်လို့ သိရပါတယ်။
Read More

PRA-Magway က ကပစ-၁၄ ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်စဉ် ထိခိုက်ပျက်စီးမှုတွေကို စစ်သုံ့ပန်းအဖြစ်ဖမ်းမိထားတဲ့ တပ်ကြပ်ရွှေဥအားမေးမြန်းချက် (ရုပ်/သံ)

စစ်ကောင်စီတပ်ရဲ့ ဝမ်ဗိုက်လို့တင်စားကြတဲ့ ကပစ-၁၄ ကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်စဉ် ထိခိုက်ပျက်စီးမှုတွေကို ကပစ-၁၄ မှ နှစ်ပေါင်း ၂၀ ကျော် တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်ကြပ် ရွှေဥအား မေးမြန်းချက်ကို PRA-Magway မှ ထုတ်ပြန်လိုက်ပါတယ်။
Read More

ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးသီးကြဲချ ချေမှုန်းခဲ့သည့် မှတ်တမ်းရုပ်သံ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချ ချေမှုန်းခဲ့တဲ့ မှတ်တမ်းရုပ်သံကို အမှတ် ၈၁၅ တပ်ဖွဲ့၊ အနောက်မြောက်စစ်ဒေသက ထုတ်ပြန်လိုက်ပါတယ်။